E.T.S

Every Time Story

local new

Line Walker 2 ရုပ်ရှင်ကားမှာ မြန်မာမင်းသားတွေပါတဲ့ အခန်းနည်းလွန်းလို့ Respect မရှိဘူးပြောချလိုက်တဲ့ ယုန်လေး

young663 1

Line Walker 2 ရုပ်ရှင်ကားမှာ မြန်မာမင်းသားတွေပါတဲ့ အခန်းနည်းလွန်းလို့ Respect မရှိဘူးပြောချလိုက်တဲ့ ယုန်လေး

young663 1

မြန်မာနိုင်ငံသားအများစု စိတ်ဝင်တစားရှိကြပြီး မြန်မာနိုင်ငံမှာ လာရောက် ရိုက်ကူးခဲ့ချိန်မှာလဲ ရိုက်ကွင်းကို သွားရောက်ကြည့်ရှု့အားပေးကြတဲ့ သူတွေလဲ ရှိခဲ့ပါတယ်။

နောက်ပြီး မြန်မာနိုင်ငံက မင်းသားတွေလဲ ပါဝင်တဲ့ ကားဖြစ်တာကြောင့် ဒီရုပ်ရှင်ကားတွေ ထွက်လာတဲ့အခါ အားပေးကြဖို့ကို မြန်မာပြည်က ပရိသတ်တွေသာမက အနုပညာရှင်တွေကပါ အရမ်းကို မျှော်လင့်နေခဲ့ကြတာဘဲ ဖြစ်ပါတယ်။

young663 3

ဒါပေမယ့်လဲ တစ်ချို့ ကြည့်ရှု့ပြီးတဲ့ သူတွေရဲ့ ပြောပြချက်အရတော့ မြန်မာမင်းသားတွေပါတဲ့ အခန်းက ၁စက္ကန့် လောက်တောင် မပါဘူးဆိုပြီး ပြောပြနေတာတွေ ရှိခဲ့ပါတယ်။

အဲ့ဒီအထဲမှာမှ ယုန်လေးကတော့ သူ့ရဲ့ အမြင်ကို တည့်ပြောလာပါပြီ။ သူပြောခဲ့တာကတော့ ” ကျွန်တော်တို့ မြန်မာနိုင်ငံ လာပြီး ၁ယောက်ကို ၁စက္ကန့် ကောင်းကောင်းပေးလို့ရပါတယ်။

young663 4

ကိုမင်းရာဇာ လောင်ချာနဲ့ လှမ်းထုတာ ကိုမင်းရာဇာကို ၁စက္ကန့် အကျပ်တစ်ကပ်ပေးတဲ့ အတွက် Tempo ထိခိုက်မူ့မရှိပါဘူး။ လင်းအောင်ခေတ် နဲ့ နောက်တစ်ယောက် ပေါ်နိုင်အောင် ၁စက္ကန့် ၂စက္ကန့် သုံး ကားမထိခိုက်ပါဘူး။ အောင်မြင့်မြတ်က ပါပါသေးတယ် ”

ကျွန်တော်ကတော့ မြန်မာနိုင်ငံသား ကလေးတစ်ယောက်အနေနဲ့ပဲ ကြည့်တော့ ကိုအောင်မိုး အောင်မြင့်မြတ်ပေါ်လာတဲ့ အချိန်ပျော်တယ်။

young663 5

ကျန်တဲ့ လူတွေ ပါပြီး မပေါ်အောင်သုံးတာတော့တင်းတယ်။ ပုဂ္ဂိုလ်ရေးတွေ ခဏဖယ်ထား ကျွန်တော်တို့က မြန်မာ မြန်မာနိုင်ငံလာပြီး မြန်မာ မင်းသားNo 1 တွေ 2 တွေ ဘယ်သူကဘာမို့လို့တွေမပြောနဲ့ မြန်မာက လူတွေကို Respect မရှိဘူးလို့ပဲထင်တယ်”

ကျွန်တော်တို့ သူတို့လို မမှီသေးတာတွေ အများကြီး လုပ်ပိုင်ခွင့်ပေးရင်တော့ ဒီလောက်တော့ လုပ်လို့ရတာပေါ့ တွေလည်း တွေ့တယ် ။လုပ်ခသေးစိတ်တွေလားတက်ကြွတယ် ။ လိုအပ်တဲ့ အချက်တွေလည်း တွေ့တယ်။

young663 6

မထောက်ပြရဲဘူး ကိုယ်ကဘာကောင်မှမှ မဟုတ်တာ ။ ကြိမ်းသေတာတော့ CG အာရှက အကုန်လိုသေးတယ် ။ AVENGER ၊ Fast & Furious တွေနဲ့ သူတိုလည်း အများကြီးလိုသေးတာကိုတွေ့ရပါတယ် ။ အားလုံး Peace ” လို့ ဆိုပြီး သူ့အမြင်ကို ပြောပြလာခဲ့ပါတယ်။

ကယ် Line Walker 2ကို ကြည့်ပြီးတဲ့ သူတွေ လဲ ခံစားချက်တွေ ပြန်လည်မျှဝေပေးလို့ ရတယ်နော် ။ Line Walker 2ရုပ်ရှင် ဇာတ်ကားကြီးကို သြဂုတ်လ (၈)ရက်နေ့က ရုံတင်ပြသနေပြီဖြစ်တယ်လို့ သိရပါတယ်။ ယုန်လေးရဲ့ ခံစားချက်နဲ့ ထက်တူကြရဲ့လားပရိသတ်ကြီး ။ဖတ်ရှု့နေသော ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Facebook Comments

Comments are Closed

Powered by M.N.T

377 Shares
Share377
Tweet
Share
Pin