E.T.S

Every Time Story

local new

အလုံးမှန်သမျှကို အကုန်စုပ် တယ်ဆိုတဲ့ ကျော်ကျော်နန္ဒ

kyawkyawnanda663114 1

အလုံးမှန်သမျှကို အကုန်စုပ် တယ်ဆိုတဲ့ ကျော်ကျော်နန္ဒ

kyawkyawnanda663114 1

သင်္ကြန်ကာလရောက်လာရင် ခပ်ဆန်းဆန်း သင်္ကြန်သီချင်းတွေကြောင့် လူသိများလာတဲ့ ကျော်ကျော်နန္ဒကိုတော့ လက်ရှိမှာ လူတော်တော်များများ သိနေကြမယ် ထင်ပါတယ်။ ကျော်ကျော်နန္ဒကတော့ သူများနဲ့ မတူပဲ ဆန်းပြားတဲ့အရာတွေ ဆန်းသစ်လွန်းတဲ့ ဖက်ရှင်တွေကြောင့် လူသိများလာတာလည်း ဖြစ်ပါတယ်။ ထို့နောက် ကျော်ကျော်နန္ဒကတော့ သူ့မှာ ရှိတဲ့ ပစ္စည်းတွေအကြောင်းကို Live လွှင့်ပြီး ပြောတတ်လို့လည်း အမြဲတမ်းလိုလို ဝေဖန်ခံခဲ့ရတာ ဖြစ်ပါတယ်။

kyawkyawnanda663114 3

လက်ရှိမှာလည်း ကျော်ကျော်နန္ဒကတော့ ပရိသတ်တွေ ဝေဖန်ချင်စရာကောင်းအုံးမယ့် ဗီဒီယို တခုကို တင်လိုက်ပြန်တာ ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ ကျော်ကျော်နန္ဒတယောက်ကတော့ တုတ်ထိုးချိုချဉ်လေး တလုံးကိုစုပ်နေပြီး စုပ်လုံးမှန်သမျှ ကျော်ကျော်နန္ဒကြိုက်တယ်ဆိုပြီး ချိုချဉ်ကို အားရပါးရစုပ်ပြနေတာ ဖြစ်ပါတယ်။ သူ့ရဲ့ ဗီဒီယိုလေးကတော့ ရယ်ချင်စရာလည်း ကောင်းသလို ဝေဖန်ချင်စရာလည်း ကောင်းနေပါတယ်။

kyawkyawnanda663114 2

ကျော်ကျော်နန္ဒကတော့ အမြဲတမ်းဝေဖန်ခံရနိုင်တဲ့ ပို့စ်လေးတွေကို တင်လေ့ရှိပြီး သူ့အနေနဲ့လည်း ဒီလိုဝေဖန်မှုရှိမှ လူတယောက်က တိုးတက်တာလို့ ခံယူထားပြီး သူ့ကိုဝေဖန်မှုတွေကိုလည်း တုန့်ပြန်တာတော့ မရှိပါဘူး။ ပျော်ပျော်နေတတ်သလို ပေါက်ကရတွေလည်း လုပ်နေတတ်တဲ့ ကျော်ကျော်နန္ဒကတော့ အမြဲတမ်းဘာတွေ ဆန်းသစ်ရမလဲဆိုတာကို စဉ်းစားနေတတ်တဲ့သူတယောက်ပါ။

kyawkyawnanda663114 3

ကျော်ကျော်နန္ဒရဲ့ စုပ်လုံးစုပ်နေတဲ့ ဗီဒီယိုလေးကိုတော့ E.T.S ပရိသတ်ကြီးလည်း ကြည့်ပြီးခွီလို့ ရအောင် တင်ပေးလိုက်ပါတယ်။ ဗီဒီယိုလေးကို ကြည့်ပြီးတော့လည်း ကျော်ကျော်နန္ဒတယေက်အပေါ်ကို မှတ်ချက်လေး ပေးခဲ့ကြပါဦးနော်။ ကြည့်ကြည့်ပြီးတော့ကို ခွီနေရမှာ အသေချာပါပဲ။

Facebook Comments

Comments are Closed

Powered by M.N.T

702 Shares
Share702
Tweet
Share
Pin