E.T.S

Every Time Story

local new

နောင်​ချို မှာ ပစ်​ခတ်​မူဖြစ်​ပွားခဲ့တဲ့ အဓိကအ​ကြာင်းပြချက်

fgodfodfodf

မူးယစ်ဆေးဝါးများဖမ်းဆီးခဲ့မှုအပေါ် မကျေနပ်၍ ပြင်ဦးလွင်နှင့် နောင်ချိုကို ဝင်တိုက်ခြင်းဟု တပ်မတော်ထုတ်ပြန်

fgodfodfodf

ပြင်ဦးလွင်မြို့နှင့်နောင်ချိုမြို့နယ်များတွင် AA၊TNLA၊MNDAAလက်နက်ကိုင်အဖွဲ့များ ဝင်ရောက်တိုက်ခိုက် မှုသည် မူးယစ်ဆေးဝါးများ ဖမ်းဆီးခံခဲ့ရမှုအပေါ် မကျေနပ်၍ ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်လိုက်သည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်၊ နောင်ချိုမြို့ သို့အထွက် ပြင်ဦးလွင်တိုးဂိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲစခန်း၊ ကျောက်မဲမြို့သို့အထွက် နောင်ချိုတိုးဂိတ်၊ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နှင့် နယ်မြေခံ တပ်ရင်းဌာနချုပ် တစ်ခုတို့ကို ယနေ့နံနက် ၅ နာရီခွဲခန့်တွင် အဆိုပါလက်နက်ကိုင်အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

dhfoivahoihrgvoihoegdfvodjvpa 7

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့က ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော်ကျေးရွာ အရှေ့တောင်ဘက် ချောင်းဆုံနေရာတစ်ဝိုက် မူးယစ်ဆေးဝါး စုစုပေါင်းတန်ဖိုးငွေကျပ် ၁၆ ဘီလီယံကျော်နှင့် မူးယစ်ဆေးဝါးရိုက်စက်အပါအဝင် ဆက်စပ်ပစ္စည်းများ၊ ဘိန်းချက်စခန်းများကို လည်းကောင်း၊ဩဂုတ်လ ၈ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရက်ခုံတိုင်ကျေးရွာမှ မူးယစ်ဆေးဝါးတန်ဖိုး ကျပ် ၅ ဘီလီယံခန့်၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများကိုလည်းကောင်း တပ်မတော်မှ သိမ်းဆည်းရရှိခဲ့သည့်အပေါ် ကျေနပ်မှုမရှိခြင်း၊ စသည်တို့ကြောင့် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

nawncho553 1

အလားတူ ရခိုင်ပြည်နယ်တွင် AA လက်နက်ကိုင်အဖွဲ့မှာ ထိခိုက်ကျဆုံးမှုများပြားပြီး စစ်ရေးအရ အရေးနိမ့်လာခြင်းတို့ကြောင့် AA၊ TNLA၊ MNDAA တို့ ပူးပေါင်းအဖွဲ့များက တရားဥပဒေစိုးမိုးမှုကို ထိပါးနှောင့်ယှက်ကာ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများ ကျူးလွန်လာခဲ့ခြင်းဖြစ်သည်ဟုတွေ့ရှိရ ကြောင်းလည်း တပ်မတော်က ထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်ကို အဆိုပါကျောင်း၏အရှေ့ဘက် ပြင်ဦးလွင်-လားရှိုးကားလမ်း၏ အရှေ့ဘက်ခြမ်းမှ ၁၀၇ မမ ရှော့တိုက်ဒုံးသီးများဖြင့်လည်းကောင်း၊ အေးရှားဝေါလ် တိုးဂိတ်နှင့် အဆိုပါတိုးဂိတ်ရှိ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်တို့အား မော်တော်ယာဉ် ၁ စီးပေါ်မှ အရပ်ဝတ်ဝတ်ဆင်ထားသူ ၂ ဦးမှ အာရ်ပီဂျီဖြင့်လည်းကောင်း၊ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

brokenbride663 1

ထို့ပြင် နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်းရဲကင်းစခန်း၊ ကျောက်မဲသို့အထွက် နောင်ချိုတိုးဂိတ်နှင့် နယ်မြေခံတပ်ရင်းဌာနချုပ်ကို နံနက် ၅ နာရီခွဲခန့်တွင် တစ်ချိန်တည်းတပြိုင်တည်း တိုက်ခိုက်ခဲ့သည်။ တပ်မတော်စစ်ကြောင်းများက ဂုတ်တွင်းရဲကင်းစခန်း၊ နောင်ချိုတိုးဂိတ်နှင့် အေးရှားဝေါလ်တိုးဂိတ်တို့သို့ စစ်ကူများသွားရောက်ပူးပေါင်းခဲ့ပြီး ဆက်လက်နယ်မြေရှင်းလင်းစဉ် တပ်မတော်နည်းပညာတက္ကသိုလ်၏

အရှေ့ဘက် ပြင်ဦးလွင်-လားရှိုးကားလမ်း၏ အရှေ့ဘက်ခြမ်းရှိ တောင်ကုန်းပေါ်မှ ဘတ္ထရီအိုး၊ ဝါယာကြိုး များနှင့်ချိတ်ဆက်ထားသည့် Type 63 ၁၀၇ မီလီမီတာ အမျိုးအစားဒုံးသီး ၆ လုံး၊ ရှော့တိုက်ဒုံးများ ပစ်ခတ်ရန် အသင့်ပြုလုပ်ထားသည့်နေရာများနှင့် ဘတ္ထရီအိုး ၁ လုံးတို့အား တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

fiuiudfu

နောင်ချိုမူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နှင့် ဂုတ်တွင်းရဲကင်းစခန်းနေရာများတွင် တပ်မတော် စစ်ကြောင်းများနှင့်ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိပြီး အသေးစိတ်သတင်းများရရှိပါက ဆက်လက်၍ သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Facebook Comments

Comments are Closed

Powered by M.N.T

1K Shares
Share1K
Tweet
Share
Pin