E.T.S

Every Time Story

local new

မုံရွာတက္ကသိုလ် သုတေသနအဆောက်အဦအောက်ခြေ မြေအောက်ကျွံကျ မှု စစ်ဆေးမည်

monyar6639 1

မုံရွာတက္ကသိုလ် သုတေသနအဆောက်အဦအောက်ခြေ မြေအောက်ကျွံကျ မှု စစ်ဆေးမည်

monyar6639 1

မုံရွာတက္ကသိုလ်၏ သုတေသနဆောင် URC မှာ အောက်ခြေကြမ်းပြင် မြေအောက်သို့ ၆ လက်မကျော်နိမ့်ကျွံကျ၍ နံရံများ အက်ကွဲနေမှုကိုဆောက်လုပ်ရေးဝန်ကြီးဌာန၊ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း သို့အပ်၍ အရည်အသွေးစစ်ဆေးစေမည်ဟု လူမှုရေးဝန်ကြီးဒေါက်တာ ဇော်ဝင်းက ပြောသည်။

၎င်း အဆောင်ကို အဆင့်မြင့်ပညာဦးစီးဌာနမှ တင်ဒါခေါ် ရွေးချယ်ခဲ့သည့် ရန်ကုန်အခြေစိုက် Capital Development ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ပြီး ကျပ်သိန်း၆၂၀၀ ကုန်ကျကာ
၂၀၁၄ ခုနှစ်ဖေဖော်ဝါရီ လက ပြီးစီးအပ်နှံခဲ့ခြင်းကြောင့် ၅နှစ်ကျော် ကြာပြီ ဖြစ်သည်။

monyar6639 2

“စာချုပ်တွေက တော့ ၅နှစ်ထက် ပိုမချုပ်ကြဘူး။စာချုပ်ပြန်ရှာခိုင်းထားတယ်။ကုမ္ပဏီကို ခိုင်းလို့လည်း အဆင်မပြေလောက်ဘူး။အနည်းဆုံး အကြီးစား ပြင်ဆင်ရလိမ့်မယ် ထင်တယ်”ဟု ဒေါက်တာဇော်ဝင်းက ပြောသည်။

ယင်း နှစ်ထပ်အဆောင်ကို ပြင်ဆင်၍ မရပါက အန္တရာယ်အဆောင်အဖြစ်သတ်မှတ်၍ ပြည်ထောင်စုထံ ဖျက်သိမ်းခွင့်တောင်းသွားမည်ဟုဆိုသည်။၎င်းအဆောင်တွင် သင်ကြားနေရသည်မှာ အထိတ်တလန့်ဖြစ်နေရကြောင်း ပထ၀ီဌာနမှ ဆရာတစ်ဦး ကပြောသည်။

monyar6639 3

သုတေသန ဆောင်သည် သုတေသနလုပ်ငန်းများအတွက် သီးသန့်ဒီဇိုင်းထုတ် ဆောက်လုပ်ထားခြင်းဖြစ်ပြီး တပ်ဆင်ထားသော ပစ္စည်းများသည်လည်း အလွယ်တကူ ရွှေ့ပြောင်း၍ မရဟု တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သူရဦး ကပြောသည်။

” ရိုးရိုးစာသင်ခန်းလို ကောက်ရွှေ့လို့ မရဘူး၊ပြုပြင်မယ်ဆိုလည်းယာယီ အင်ဒိုး ဒီဇိုင်းပြန်ပြင်ပြီးမှရွှေ့ရမှာ၊ဒီလကုန်ရင် အတန်းတွေပြီးပြီ၊အဲဒီလောက်တော့ ခံနိုင်ရည်ရှိမှာပါ” ၄င်းကပြောသည်။

monyar6639 4

ကုမ္ပဏီဖြင့် ချုပ်ဆိုထားသော စာချုပ်မှာ တက္ကသိုလ်စီမံဘဏ္ဍာဌာနတွင် အသိမ်းလွန်နေသဖြင့် ရှာဖွေနေဆဲဖြစ်သည်ဟု ပါမောက္ခချုပ်က ဆိုသည်။တက္ကသိုလ် ဆရာတစ်ဦး၏ ပြောပြချက်အရ အဆောက်အဦး၏ အောက်ခြေ အက်ကွဲပျက်ဆီးလာသည်မှာ လုပ်ငန်းအပ်ပြီး ၁နှစ် ခန့်ကတည်းက ဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာခြင်းဖြစ်သည်ဟု သိရသည်။

သုတေသန ဆောင်တွင် ရူပဗေဒ၊ဓာတုဗေဒ၊ဘူမိဗေဒ၊သတ္တဗေဒ၊ရုက္ခဗေဒ နှင့်ပထ၀ီ မေဂျာမှ မဟာတန်းကျောင်းသားကျောင်းသူတို့သင်ကြားနေပြီး စာတမ်းဖတ် ခန်းမတို့တည်ရှိသည်။

monyar6639 5

သုတေသနအဆောင်တည်ဆောက်ထားသော မြေနေရာသည် ယခင်က ရေ၀ပ်၍ရွံ့ထူသောနေရာတစ်ခုဖြစ်ဟု တက္ကသိုလ်နယ်မြေ ၀န်ထမ်းများကပြောသည်။သုတေသနအဆောင်၏ ဆိုးရွားစွာပျက်စီးနေမှု အခြေအနေကို ရူပဗေဒဌာန လက်ထောက်ကထိက တစ်ဦးမှ ဖေ့စ်ဘွခ်တင်၍ ဖြန့်ဝေခဲ့ရာမှ ယနေ့တွင် လူမှုရေးဝန်ကြီးမှ လာရောက်ကြည့်ရှု့ စစ်ဆေးခဲ့ ခြင်းဖြစ်သည်။

Facebook Comments

Comments are Closed

Powered by M.N.T

617 Shares
Share617
Tweet
Share
Pin