E.T.S

Every Time Story

local new

မီတာခ သိန်း ၂၀ ကျော်ကျတဲ့ ညောင်ဦး ဘုန်းကြီးကျောင်းရဲ့ အဖြစ်မှန်

vjojdbfvoaojbdvou 1

မီတာခ သိန်း ၂၀ ကျော်ကျတဲ့ ညောင်ဦး ဘုန်းကြီးကျောင်းရဲ့ အဖြစ်မှန်

vjojdbfvoaojbdvou 1

ဘုန်းကြီးကျောင်း စာသင်တိုက် လျှပ်စစ်မီတာခ သိန်းရာကျော် ကျသင့်သည်ကို အမျိုးမျိုး အဖုံဖုံ ထေ့သော ကလိသော ပြောနေကြတော့ ကြားထဲက ကပ္ပိယ က ဝင်ဖာချင်သေး ။ဝါဆို သံဃာ ၁၃၀၀ ကျော် ရှိ၊ အဲကွန်းတပ် ဟောခန်းမများ ရှိ ၊ မီးအိမ် အဆင့် လမ်းမီးများ ထွန်းညှိထားတာရှိ ၊ အရံကျောင်း တိုက် ကျောင်း အဆောင်များစွာ အတွက် ရေစက် ရေစင် မော်တာများစွာ ရှိ ထို့အတွက် စာသင်တိုက် တခုလုံးစာ ပမာဏ ယူနစ်များစွာ ကျသင့်ခြင်း မထူးဆန်းပါ ။

ထင်ရာ စွပ်စွဲ နေကြသလို သာသနာ နှင့် မပတ်သက်သည့် အပ လုပ်ငန်းများ ( တစိုး တစိ ) မရှိပါ ။ သံသယ ရှိက ကျောင်းတိုက်သို့ လည်ပတ် လေ့လာနိုင်၏။နေ့စဉ်ဧည့် များစွာ ဝင်ထွက် လျှက်လည်း ရှိ၏ ။ လူ့လောက လုပ်ငန်းများ နှင့် တွဲဖက်နေသည့် ကျောင်းဆိုလျှင် သိန်းတရာ မက နှရာ ကျဦး ညှောင့်ညှောင့်ပင် မြည်ဝံ့မည် မဟုတ်။

vjojdbfvoaojbdvou 2

ဆရာတော် ဘုရားများကို လျှောက်ချင်တာကတော့ လျှပ်စစ် အသုံးပမာဏ ထုထည် ကြီးလာလေလေ ချွေတာ လျှော့ချ ထိန်းသိမ်းရန် လွယ်ကူလေလေ ဆိုတာပါပဲ ဘုရာ့ ။ အကြောင်းက နေရာကြီး လူများ အသုံးအဆောင်များလေလေ လျှပ်စစ် လေလွင့်မှု များလေလေ မို့ပါ ။

တပည့်တော်များ အလုပ်လုပ်ရာ စက်ရုံ မှာ ယူနစ် ပမာဏ အတိအကျ မကျော်လွန်စေရန် တားဂက် မှန်းချက် ထားပြီး ထိန်းချုပ်ရာ တခါဖူးမှ မပိုမလျှံပါ။ သောက်သုံး ရေ ချိုးရေ များကို ဗဟို ပင်မရေလှောင်ထိန်းစင် ဖြင့် တတိုက်လုံးစာ ထိန်းဖြန့် ဝေသင့်ပါတယ်။ ခန်းမ အဲကွန်းများကို အလုံးလုံး အလီအလီ ဆင်မည့်အစား central type air condition system ကို နောင်မှာ စဉ်းစားသင့်ပါတယ် ။

vjojdbfvoaojbdvou 1

ဘုရားမီး လမ်းမီး ကျောင်းဆောင်မီး များကို မာကျူရီ မီးသီးများအစား LED lamp များဖြင့် အစားထိုး လဲလှယ်သင့်ပါတယ် ။ ( ဒါကို ချက်ချင်း လုပ်လို့ ရနိုင်ပါတယ် ) Electrical appliances များကို ထိန်းချုပ်ရာမှာ တကျောင်းချင်း တခန်းချင်း တပါးစာချင်း ထက် အဆောင်လိုက် စီးရီးလိုက် ထိန်းချုပ် ခြင်းက ပိုပြီးတော့မှ အရာထင်ပါတယ် ဘုရား။

ဒီလို ပြုပြင်ခြင်း အတွက် ကနဦး မှာ သိန်းထောင်ချီ ကုန်ကျ နိုင်ပြီး ရေရှည်အတွက်တော့ အင်မတန် စနစ်ကျတဲ့ စံပြကျောင်းတိုက်အဖြစ် သာသနာတည်သ၍ ဦးတင် နေရဦးမှာ ဖြစ်ပါတယ် လို့ ကပ္ပိယက ယုံကြည်, သဒ္ဓါ ပွါးပါတယ် ဘုရာ့။မီတာခ ကင်းလွတ်ခွင့် တို့ သာသနာ့ နယ်မြေ အထူးခံစားခွင့် တို့ ဆိုတာမျိုးတွေ ကို ရှေ့တင် ပြောရရင်တော့ တနိုင်ငံ လုံးက အခြားအခြားသော သာသနာ့ နေရာများ နဲ့ ဥပဒေ ကြောင်း ရှုပ်ထွေး လာနိုင်တဲ့ အန္တရာယ် မြင်လို့ သဘောမပါ ပါ ဘုရား။

vjojdbfvoaojbdvou 2

ညောင်​ဦးအလို​တော်​ပြည့်​​ကျောင်း ။ တစ်​လစာမီတာခ (၂၃)သိန်း​ကျော်​ ။ ဘယ် လောက် တောင် မ တော် မ တ ရား သုံး နေ သ လဲ မှ မ သိ တာ အဲ ယား ကွန်း ဇိမ် ခံ ပ စ္စည်း အ ရေ အ တွက် သိ ချင် မိတယ် ဘုရား ကွာခြားယူနစ် က 275 ပဲရှိတယ်… မြှောက်ကိန်း မှာ 60 လို့ ရေးထားတယ်!!!

..နှူံး မှာ 5တဲ့ မီတာ ၅လုံးလို့ပြောချင်တာများလားး!! ပေါင်းခြင်း က 10%…. အိမ်မီတာကတော့ မြှောက်ကိန်းရော နှူံးပါ 1 ပဲ…. ပေါင်းခြင်း 0…ဘာတွေကွာနေလဲ ….?

vjojdbfvoaojbdvou 1

မိတာခ တက်တာက သုံးလို့တက်တာလို့ ယေဘုယျပြောလို့ရပါတယ်။ ဒါကြောင့် ဘာကြောင့် တက်တာလည်း။ ဘာတွေသုံးနေလည်း၊ ဗရမ်းပတာတွေသုံးနေလား၊ စသဖြင့် ပြန်စိစစ်ပြီး မလိုတာတွေလျော့ရမှာပါ။ မီတာခပြေစာကို ဖေ့ဘွတ်တင်ပြီး ငိုပြနေရုံနဲ့ မပြီးပါဘူး။

အဲလိုငိုပြစတမ်းဆို .. စက်ရုံကြီးတွေ လစဉ်သိန်း ရာဂဏန်းလောက် မိတာခကျ တာတွေကို တင်ပြီး ငိုပြလည်း ဘုမသိဘမသိ၊ မီတာခတက်တာကို ဖောင်းထုကြမယ့်သူပဲများပါလိမ့်မယ်။ ဒါကြောင့် မီတာခ ကျသင့်မှုများတာကိုပြပီး မျက်ရည်ချူတာက အဖြေမဟုတ်ပါ။ဘာကြောင့် အဲလောက်တောင် မီတာခကျတာ လည်း၊ ဘာတွေသုံးလည်း၊ မလိုအပ်ပဲ သုံးမိတာဘာတွေလျော့လို့ရမလည်း၊ စသဖြင့် အဖြေရှာမှသာ ဖြေရှင်းချက် အစစ်ဖြစ်မှာဖြစ်ပါတယ်။

vjojdbfvoaojbdvou 2

အခုကြည့်တာက တစ်လကို ယူနစ် ၉၀၀၀ ကျော်ဆိုတော့ တော်တော်များနေတယ်လို့ ထင်ပါတယ်။ တပည့်တော်တို့ အနေနဲ့တော့ တော်တော်များနေတယ်လို့ ယူဆပါတယ်။ သာသနာအဆောက်အုံတွေက စက်ရုံတွေလောက်ကို မီတာ ယူနစ်များနေလို့ပါ။ (အကြံပေးတယ်လို့ ယူဆရင်လည်း ယူဆပါ ဘုရား။ (၁) မလိုအပ်တဲ့ နေရာတွေ ရှာဖွေစိစစ်ပြီး လျော့ချပါ၊

ကိုယ်ကမီတာခတတ်နိုင်တယ်ဆိုရင်တောင် လျော့ချနိုင်မယ်ဆိုရင် လျှပ်စစ်မီးမရတဲ့ဒေသတွေ ပိုပြီး မီးသုံးခွင့် ရမှာဖြစ်ပါတယ်။ ဥပမာ.. ဘုန်းဘုန်းတို့ တစ်လ ယူနစ် ၂၀၀၀ လျှော့သုံးနိုင်မယ် ဆိုရင် ကျေးလက် အိမ်ခြေ ၂၀ လောက် တစ်လသုံးဖို့ လောက်ရသွားမှာပါ။ (၂) ဖြစ်နိုင်ရင် လမ်းမီးတိုင်တွေ၊ ၀န်းအတွင်းက မီးတိုင်တွေမှာ ဆိုလာစနစ်မီတိုင်တွေ အစားထိုးလို့ရပါတယ်။)

Facebook Comments

Comments are Closed

Powered by M.N.T

712 Shares
Share712
Tweet
Share
Pin