စည်ပင်က ဖျက်စီးတာခံလိုက်ရတဲ့ အသီးသည် အဘဆီ အရောက်သွား လှူခဲ့တဲ့ ရွှေပိုးအိမ်

E.T.S

Every Time Story

local new

စည်ပင်က ဖျက်စီးတာခံလိုက်ရတဲ့ အသီးသည် အဘဆီ အရောက်သွား လှူခဲ့တဲ့ ရွှေပိုးအိမ်

shwepoeaein7575849 4

စည်ပင်က ဖျက်စီးတာခံလိုက်ရတဲ့ အသီးသည် အဘဆီ အရောက်သွား လှူခဲ့တဲ့ ရွှေပိုးအိမ်

shwepoeaein7575849 4

စည်ပင်က ဖျက်စီးတာခံလိုက်ရတဲ့ အသီးသည်အဘဆီ အရောက်သွား လှူခဲ့တဲ့ ရွှေပိုးအိမ်
တနေ့က လူမှုကွန်ယက်ပေါ်မှာ ဟိုးလေးတကြော်ကြော်ဖြစ်သွားတဲ့ လိမ္မော်သီးသည် အဘဆီကို ရွှေပိုးအိမ်က အရောက်သွားခဲ့ပါတယ်။ www.everytimestory.com | Every Time Story | E.T.S

shwepoeaein7575849 3

သရုပ်ဆောင် ရွှေပိုးအိမ်လို့ လူသိများလာရတဲ့အကြောင်းအရင်းမှာ သူမရဲ့ စန်းတစ်ခုလည်းပါဝင်သလို လိုအပ်နေတဲ့သူတွေကို ကူညီဖေးမတတ်တဲ့ သူမရဲ့ စိတ်ကောင်းစေတနာလေးကြောင့်လည်းဖြစ်ပါတယ်။ ရွှေပိုးအိမ်က သူမကိုအားပေးတဲ့ အမာခံဖန်အများအပြားကိုလည်း ပိုင်ဆိုင်ထားသူပါ။ www.everytimestory.com | Every Time Story | E.T.S

shwepoeaein7575849 1

ဒီရက်ပိုင်း လူမှုကွန်ယက်ပေါ်မှာ ဗိုလ်ချုပ်ဈေးထဲက အသီးရောင်းတဲ့ အဘကို ခံဝန်လက်မှတ်ရေးထိုးခိုင်းပြီး အရင်းအနှီးတွေ ဖျက်စီးခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ ဝေဖန်မှုအမျိုးမျိုးခံနေရတာဖြစ်ပါတယ်။ အသီးသည်အဘဟာ လှိုင်သာယာကနေပြီး ဗိုလ်ချုပ်ဈေးထဲကို အသီးလာရောင်းရတာဖြစ်ပြီး မသန်စွမ်းသမီးလေးအပါအဝင် မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်နေရတာဖြစ်ပါတယ်။

shwepoeaein7575849 2

အဘရဲ့အရင်းအနှီးတွေကို ဖျက်စီးလိုက်တာကြောင့် လူမှုကွန်ယက်သုံးစွဲသူတွေက အဘကို သွားရောက်လှူဒါန်းဖို့ နဲ့ အဘကို နေရာအတည်တကျ ဈေးရောင်းချနိုင်အောင် ကူညီပေးဖို့ အမျိုးမျိုးကြိုးစားနေကြတာကိုလည်းတွေ့ရပါတယ်။ www.everytimestory.com | Every Time Story | E.T.S

shwepoeaein7575849 3

ရွှေပိုးအိမ်ကတော့ ဒီအဘဆီကို အရောက်သွားခဲ့ပြီး အဘရဲ့ သမီးလေးအတွက် အလှူငွေသွားရောက်လှူဒါန်းခဲ့ပါတယ်။ ဒါတင်မကသေးဘဲ အဘအိမ်ထိကိုလည်း လိုက်သွားပြီး အဘရဲ့သမီးကို သွားရောက်ကြည့်ရှုဦးမှာဖြစ်တယ်လို့ သူမရဲ့ လူမှုကွန်ယက်ပေါ်ကနေ ရေးသားလာခဲ့တာပါ။ စိတ်ကောင်းစေတနာရှိတဲ့ရွှေပိုးအိမ် ဒီထက်မက ပိုမိုအောင်မြင်ပြီးတော့ လူသားအကျိုးပြု အလုပ်တွေကိုလည်း ပိုမိုလုပ်ကိုင်ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။ www.everytimestory.com | Every Time Story | E.T.S

Facebook Comments
2K Shares

Comments are Closed

Powered by M.N.T

2K Shares
Tweet
Share2K