ဆေးရုံက ခိုးဆင်းသွားတဲ့ လူနာတစ်ယောက် ရေးထားခဲ့တဲ့စာ စိတ်မကောင်းဖြစ်မိတယ်

E.T.S

Every Time Story

local new

ဆေးရုံက ခိုးဆင်းသွားတဲ့ လူနာတစ်ယောက် ရေးထားခဲ့တဲ့စာ စိတ်မကောင်းဖြစ်မိတယ်

hostipalewiueyu347347 1

ဆေးရုံက ခိုးဆင်းသွားတဲ့ လူနာတစ်ယောက် ရေးထားခဲ့တဲ့စာ စိတ်မကောင်းဖြစ်မိတယ်

hostipalewiueyu347347 1

ရေးတတ်သလို ရေးထားခဲ့တဲ့ သူ့စာမှာ ဆေးရုံဝန်ထမ်းတွေအပေါ် အကောင်းမြင်စိတ်တွေတွေ့ရမယ်..ကုန်းကောက်စရာမရှိလောက်အောင် ဆင်းရဲတဲ့ သူ့ရဲ့ ဘဝအခြေအနေကိုပါ မြင်ရမယ်.. ။ ဒါဟာ သူတစ်ယောက်တည်းရဲ့ ဘဝအခြေအနေဆိုတာထက် ရခိုင်အများစုရဲ့ အခြေအနေကိုပါ ဖော်ပြနေသလိုလို.. ဒီစာရဲ့ နောက်ကွယ်မှာ အရှည်ကြည့်ရင် ကြည့်သလောက် တွေးစရာတွေတော့ အများကြီးပါပဲ… ခုလောလောဆယ်တော့ စာကို သိမ်းထားရုံပဲ တတ်နိုင်တော့တယ်.. www.everytimestory.com | Every Time Story | E.T.S

hostipalewiueyu347347 3

( ခလုတ်တိုက်တယ် ရေးတာကို ဖားပြုတ်ကိုက်တယ်.. တရုတ်ရိုက်တယ် ထင်နေသူတွေ အတွက် edit…။Fb မှာ အလုပ်ကိစ္စတွေ ၊ စိတ်ညစ်ညူးစရာတွေ ၊ အဖြေရှာရခက်တဲ့ ပြဿနာတွေကို ရေးခဲ ပြောခဲပါတယ်..။မနေ့က တင်လိုက်တဲ့ လူနာတစ်ယောက်ရဲ့စာဟာ သိမ်းထားတာ နှစ်ဝက်မက ကြာပါပြီ..မနေ့က စစ်တွေကို ရောက်တုန်း ဘော်ဒါတစ်ယောက်ကို အဲဒီစာကိုပြဖြစ်ပြီး ဆင်းရဲမွဲတေမှုအကြောင်းကို စကားစပ်မိရာက တင်ဖြစ်သွားတာ ဖြစ်ပါတယ်..။ www.everytimestory.com | Every Time Story | E.T.S

hostipalewiueyu347347 2

ဒီလူနာဟာ ဆေးရုံကို ကြိမ်ဖန်များစွာ တက်နေရပြီး ဆေးရုံကလည်း သူ့ဆင်းရဲမှုကို သိရှိပြီးဖြစ်တယ်..။ဒါကြောင့်လည်း သူ့အတွက် ဆေးဖိုးဝါးခမှန်သမျှဟာ တစ်ပြားမှ မကုန်ရုံတင်မကပဲ ဆေးရုံမှာ အခမဲ့ မရနိုင်တဲ့ ဆေးတွေကိုပါ ဆရာကြီး TMO နဲ့ ဆေးရုံရဲ့ ရံပုံငွေကနေ စိုက်ထုတ်ကျခံထားတာ ဖြစ်တယ်..။ www.everytimestory.com | Every Time Story | E.T.S

hostipalewiueyu347347 2

ဒါပေမယ့် သူ့ရဲ့ စားဝတ်နေရေး၊ သူ့ လူနာစောင့်တွေရဲ့ စားဝတ်နေရေး ၊ သူ့ရဲ့ နောက်ခံအခြေအနေတွေကပဲ ဒီအဖြစ်မျိုးကို ကြုံစေခဲ့တယ်.. ဒီလိုမျိုး အဖြစ်တွေဟာ ကျွန်တော်တို့ဆီမှာ မကြုံချင်မှအဆုံး အများကြီးပါပဲ….။ လူတော်တော်များများက ဆေးရုံတက်လူနာ ပိုက်ဆံမရှိဘူးဆိုရင် ဆေးဖိုးကိုပဲ ပြေးတွက်ကြတာများတယ်..။ www.everytimestory.com | Every Time Story | E.T.S

hostipalewiueyu347347 3

စဉ်းစားဖို့ပါ….ဒီလိုမျိုးတွေ ရေးလည်းမရေးချင်၊ ပြောလည်း မပြောချင်ပါဘူး..။လူနာတွေ သေဆုံးရင် ဆရာဝန်တွေ ဖြည့်ရတဲ့ သေဆုံးရသည့် အကြောင်းရင်းဆိုတာ ရှိတယ်..။ကျွန်တော်ကတော့ သေဆုံးရသည့် အကြောင်းရင်းကို ဖြည့်ရတဲ့အခါတိုင်း-သေဆုံးရသည့် အကြောင်းအရင်းမှာ – severe poverty with , underlying illiteracy ( အလွန်အမင်း ဆင်းရဲမွဲတေမှု၊ စာမတတ်မြောက်မှု ) လို့ ဖြည့်ချင်ပါတော့တယ်… ။ www.everytimestory.com | Every Time Story | E.T.S

Facebook Comments
262 Shares

Comments are Closed

Powered by M.N.T

262 Shares
Tweet
Share262