AA တပ်ဖွဲ့ သတ်ဖြတ်မှုကြောင့် ပြည်နယ်အတွင်း ဈေးလှည့်လည်ရောင်းချသူ (၂) ဦးသေဆုံး

E.T.S

Every Time Story

local new

AA တပ်ဖွဲ့ သတ်ဖြတ်မှုကြောင့် ပြည်နယ်အတွင်း ဈေးလှည့်လည်ရောင်းချသူ (၂) ဦးသေဆုံး

aakill67476 1

AA တပ်ဖွဲ့ သတ်ဖြတ်မှုကြောင့် ပြည်နယ်အတွင်း ဈေးလှည့်လည်ရောင်းချသူ (၂) ဦးသေဆုံး

aakill67476 1

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း ပြီးခဲ့သော ၂၀၁၉ ခုနှစ်ကပျောက်ဆုံးသွားသည့် အမျိုးသား (၃) ဦး အနက် (၂) ဦးမှာ အေအေ အဖွဲ့၏ဖမ်းဆီးနှိပ်စက်ခံရမှုကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သိရသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ပုဏ္ဏကားကျေးရွာနေ ဦးသိန်းလွင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသို့ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း အသနားခံစာတစ်စောင် တင်ပြခဲ့သည်။ www.everytimestory.com | Every Time Story | E.T.S

aakill67476 5

အဆိုပါအသနားခံစာအရ ဦးသိန်းလွင်အပါအ၀င် ပုဏ္ဏကားကျေးရွာသားများသည် ၂၀၀၆ ခုနှစ်မှစတင်ကာ ရခိုင်ပြည်နယ်အတွင်းသို့ မိုးကာ၊ သံသေတ္တာ၊ ဆိုလာစသည့် လူသုံးကုန်ပစ္စည်းများသွားရောက် ရောင်းချလေ့ရှိရာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်၌ မြောက်ဦးမြို့နယ်၊ အောက်သားကန်ကျေးရွာနှင့် ဗျိုင်းတောင်ခြေကျေးရွာတို့က ပစ္စည်းများမှာယူခဲ့ကြောင်း သိရသည်။

အဆိုပါမှာယူသောပစ္စည်းများကို ရွှေဘိုခရိုင်၊ ပုဏ္ဏကားကျေးရွာနေ မောင်မျိုးထိုက်ဝင်းက ဆိုင်ကယ်ဖြင့်သွားရောက်ပို့ဆောင်ရာမှပြန်မလာသဖြင့် ဖေဖော်ဝါရီလ ၁၉ ရက်တွင် ဦးစိုးနိုင်နှင့် မောင်ရာဇာထွန်းတို့က လိုက်လံရှာဖွေရာမှ ၄င်းတို့ပါပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

aakill67476 3

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်က စုံစမ်းရှာဖွေခဲ့ရာ အေအေအဖွဲ့က ပြည်သူ ၂ ဦးအား ဖမ်းဆီးနှိပ်စက်သည့် ဗီဒီယိုဖိုင်ကိုရရှိသဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်အရ ပျောက်ဆုံးသွားသူ ၃ ဦးအနက် ဦးစိုးနိုင်နှင့် မောင်ရာဇာထွန်းတို့အား အေအေအဖွဲ့၊ ULA တာဝန်ခံဗန်ဒိုဦးဆောင်သည့်အဖွဲ့က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မကြားရွာအ၀င်တွင်ဖမ်းဆီးကာနှိပ်စက်ခဲ့မှုကြောင့် ၂ ဦးလုံးသေဆုံးသွားကြောင်း သိရှိခဲ့ရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ဗီဒီယိုဖိုင်တွင်ပါရှိသည့်အကြမ်းဖက်မှုကျူးလွန်သူများအား သက်ဆိုင်ရာရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့်အခြားသက်ဆိုင်ရာအမှုများဖြင့် အမှုဖွင့်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သိရသည်။ www.everytimestory.com | Every Time Story | E.T.S

aakill67476 2

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှစာရင်းများအရ အေအေ အဖွဲ့၏သတ်ဖြတ်မှုကြောင့် ပြည်သူ ၂၉ ဦးသေဆုံးခဲ့ပြီး အေအေ အဖွဲ့ထောင်ထားသောမိုင်းများကြောင့် သေဆုံးသူ ၁၁ ဦး၊ ဒဏ်ရာရရှိသူ ၂၆ ဦးအထိ ရှိပြီဖြစ်ကြောင်း သိရသည်။ www.everytimestory.com | Every Time Story | E.T.S

Facebook Comments
2K Shares

Comments are Closed

Powered by M.N.T

2K Shares
Tweet
Share2K