ဒီအမှုကို ဘယ်တရားရုံးက ပြစ်ဒဏ်ချပေးနိုင်လဲ ဒေါ်အောင်ဆန်းစုကြည် ဖြေပေးပါ

E.T.S

Every Time Story

local new

ဒီအမှုကို ဘယ်တရားရုံးက ပြစ်ဒဏ်ချပေးနိုင်လဲ ဒေါ်အောင်ဆန်းစုကြည် ဖြေပေးပါ

crime6574myanmar 3

ဒီအမှုကို ဘယ်တရားရုံးက ပြစ်ဒဏ်ချပေးနိုင်လဲ ဒေါ်အောင်ဆန်းစုကြည် ဖြေပေးပါ

crime6574myanmar 3

လက်နက်ထိမှန်ပြီး သေဆုံးသွားတဲ့သားဖြစ်သူအတွက် တရားစွဲရင် ဘယ်သူကလက်ခံမှာလဲလို့ ဖခင် ဖြစ်သူက မေးခွန်းထုတ်လိုက်ပါတယ်။ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ညောင်ကံရွာက အသက်(၉)လအရွယ် ကိုဖြိုးဝင်းဟာ ဇန်နဝါရီလ(၁၁)ရက်က လက်နက်ထိမှန်သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး ဖခင်ဖြစ်သူက မေးခွန်းထုတ်လိုက်တာဖြစ်ပါတယ်။

crime6574myanmar 2

“ကျွန်တော်က ဘယ်သူကိုတိုင်ရမှာလဲ။ ကျွန်တော်တရားစွဲတာကို ဘယ်သူကလက်ခံမှာလဲ။ အဲဒီလိုတိုင်လို့ ရရင် ကျွန်တော်တိုင်ချင်တယ်။” လို့ ဖခင်ဖြစ်သူက ကိုပြောပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ညောင်ကံရွာက ဒေသခံတွေက သေဆုံးသူရဲ့မိသားစုဝင်တွေကို ထောက် ပံ့ကြေးပေး ထားပြီး အဲဒီထောက်ပံ့ကြေးတွေကို သားဖြစ်သူအတွက် အလှူပြုမယ်လို့လည်း ဖခင်ဖြစ်သူက ဆိုပါတယ်။ www.everytimestory.com | Every Time Story | E.T.S

crime6574myanmar 2

ဒါအပြင် လက်နက်ကိုင်တွေအနေနဲ့ စိတ်မှာထင်တိုင်း၊ မျက်လုံးမှာမြင်တိုင်း လိုက်ပစ်နေမယ်ဆိုရင် ရခိုင် ပြည်သူလူထုတွေ ဘယ်လိုလုပ်ကိုင်စားသောက်ကြမလဲလို့ မေးခွန်းထုတ်လိုက်သလို နိုင်ငံတော်ရဲ့အတိုင် ပင်ခံအနေနဲ့လည်း အဲဒီလိုကိစ္စတွေကို သိသလားလို့မေးခွန်းထုတ်လိုက်ပါသေးတယ်။ www.everytimestory.com | Every Time Story | E.T.S

crime6574myanmar 1

“အလုပ်လုပ်ချင်လဲလုပ်လို့မရတဲ့ တောသူတောင်သားတွေကို ဘယ်လိုလုပ်ပေးကြမလဲ။ ကျွန်တော်တို့ ဆင်း ရဲသူ၊ ဆင်းရဲသား ရခိုင်သူ၊ ရခိုင်သားတွေကို ဒီထက်မက ဖိနှိပ်မက၊ ဖိနေတာလား။ ကျွန်တော်တို့ပြည်သူလူ ထုမှာတော့ ဘာမှမတတ်နိုင်ဘူးလေ။” လို့ ဖခင်ဖြစ်သူက ဆက်ပြောပါတယ်။ www.everytimestory.com | Every Time Story | E.T.S

crime6574myanmar 2

တိုက်ပွဲတွေကြောင့် ညောင်ကန်ရွာကနေ လွန်ခဲ့တဲ့နှစ်လလောက်က စစ်ဘေးရှောင်နေတဲ့ ဒီမိသားစု(၃) ယောက်ဟာ သူတို့ရွာမှာ နယ်မြေတည်ငြိမ်နေပြီဆိုပြီး စက်လှေနဲ့ရွာကိုပြန်လာရာချိန် ရာမောင်တံတားကို ဖြတ်သွားတဲ့ တပ်မ(၅၅)က ပစ်လိုက်တာလို့ ဒေသခံတွေနဲ့ မိသားစုဝင်တွေကပြောဆိုကြပါတယ်။ www.everytimestory.com | Every Time Story | E.T.S

crime6574myanmar 1

ဒါအပြင် အဲဒီကလေးသေဆုံးသွားတဲ့ နေရာနားမှာပဲ ဇန်နဝါရီလ(၁၁)ရက်က ကျွဲဂျိုကျေးရွာနဲ့ တန်းနီကျေး ရွာက ဒေသခံ(၂)ယောက်ဟာလည်း မင်းပြားဘက်ကနေ တန်းနီကျေးရွာကို ဆိုင်ကယ်နဲ့ထွက်သွားပြီးနာက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ အဲဒီကိစ္စတွေနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဖုန်းဆက် သွယ်ခဲ့ပေမယ့် အလုပ်များနေတာကြောင့် နောက်မှဖုန်းပြန်ဆက်ဖို့ ကိုပြောပါတယ်။ www.everytimestory.com | Every Time Story | E.T.S

Facebook Comments
197 Shares

Comments are Closed

Powered by M.N.T

197 Shares
Tweet
Share197