AA ရခိုင့်တပ်တော်ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို တရုတ် အစိုးရက သတိပေးပြီး

E.T.S

Every Time Story

local new

AA ရခိုင့်တပ်တော်ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို တရုတ် အစိုးရက သတိပေးပြီး

htunmyatnaing657hmn 1

AA ရခိုင့်တပ်တော်ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို တရုတ် အစိုးရက သတိပေးပြီး

htunmyatnaing657hmn 1

မြန်မာနိုင်ငံကို တရုတ်သမ္မတရှီကျင်းဖျင် မလာခင် တပတ်အလို ဇန်နဝါရီလ ၁ဝ ရက် သောကြာနေ့က တရုတ်အစိုးရရဲ့ကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်းက KIA ဌာနချုပ် လိုင်ဇာမြို့မှာ KIA ခေါင်းဆောင်တွေနဲ့တွေ့ဆုံသလို အေအေ ရခိုင့်တပ်တော်ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ www.everytimestory.com | Every Time Story | E.T.S

အဲဒီတွေ့ဆုံပွဲမှာ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် တရုတ်က ကူညီနေသလို၊ အေအေ ခေါင်းဆောင်တွေ အနေနဲ့လည်း နိုင်ငံရေးဆွေးနွေးပွဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်းညှိနှိုင်းကြဖို့ တိုက်တွန်းသွားတယ်လို့ အေအေ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။

htunmyatnaing657hmn 3

” ကျနော်တို့ခေါင်းဆောင်တွေကို လိုင်ဇာမှာတွေ့တဲ့အခါတော့ မစ္စတာဆွန်းကော်ရှန်းက မြန်မာပြည် ငြိမ်းချမ်းရေးအတွက် တရုတ်အစိုးရက အကောင်းဆုံးကူညီနေတယ်။ အဲဒါကြောင့်မို့လို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ ညှိနှိုင်းကြဖို့ တိုက်တွန်းသွားတာရှိတာပေါ့ ” နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်ဖို့အတွက် အေအေ ရဲ့သဘောထားက ဘယ်လိုရှိလဲလို့ မေးကြည့်တဲ့အခါမှာ အစိုးရနဲ့ တပ်မတော်ဘက်က တင်းမာမှုတွေ လျှော့ချဖို့ လိုအပ်တယ်လို့ ခိုင်သုခကပြောပါတယ်။ www.everytimestory.com | Every Time Story | E.T.S

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရှေ့ဆက်ပြီးကျင်းပနိုင်ဖို့ဆိုရင် မြန်မာအစိုးရနဲ့တပ်မတော်က သူတို့ရဲ့ တင်းမာတဲ့သဘောထားတွေ လျှော့ချဖို့လိုတာပေါ့။ အထူးသဖြင့် သူတို့ဘက်ကနေပြီးတော့ အင်အားသုံးပြီး အနိုင်ယူမယ်ဆိုတဲ့ဥစ္စာ၊ အဲဒီလိုအတွေးအခေါ်မျိုးကို အစိုးရနဲ့စစ်တပ်ဘက်က လျှော့ချပြီးမှ နှစ်ဦးနှစ်ဖက်တရားမျှတမှုရှိရှိနဲ့ ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်းဆွေးနွေးကြမယ်ဆိုရင်တော့ ပြေလည်နိုင်မယ့် အလားအလာတွေအများကြီးရှိတာပေါ့” ဟု ခိုင်သုခကပြောပါတယ်။

htunmyatnaing657hmn 4

မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ပြီးခဲ့တဲ့နှစ်မကုန်ခင် တရုတ်နိုင်ငံထဲမှာ တွေ့ဆုံခဲ့ပြီး သိပ်အဆင်ပြေတာမကြားရပေမယ့် နောက်တကြိမ်ကို အခု ဇန်နဝါရီလထဲမှာ ပြန်တွေ့ကြဖို့ ပြောဆိုထားပါတယ်။ ဒါပေမယ့် ဘယ်နေ့ ဘယ်နေရာမှာ တွေ့မယ်ဆိုတာ ဒီနေ့ထိတော့ သတင်းမရသေးဘူးလို့ ခိုင်သုခကပြောပါတယ်။ www.everytimestory.com | Every Time Story | E.T.S

ဒီအတောအတွင်းမှာပဲ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဒီနေ့အထိ ရခိုင်ပြည်နယ်မှာ တိုက်ပွဲပေါင်း ၃၈ ကြိမ်ရှိခဲ့ပြီး တပ်မတော်ဘက်ကအရာရှိကြီး နှစ်ယောက် အပါအဝင် တခြားအဆင့်ရှိတဲ့သူတွေ စုစုပေါင်း ၇၅ ယောက်ကျဆုံးတယ်လို့ အေအေ ဘက်ကပြောပါတယ်။

htunmyatnaing657hmn 5

မြန်မာနိုင်ငံရဲ့ ပြင်ပရင်းနှီးမြှုပ်နှံတဲ့နိုင်ငံတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့ သမ္မတ ရှီကျင်းဖျင်ရဲ့ One Belt One Road မဟာစီမံကိန်းအောင်မြင်ရေးဟာ အရေးကြီးနေသလို အဲဒီစီမံကိန်းမှာ ပထဝီနိုင်ငံရေးအရ အရေးပါတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း စပြီး အကောင်အထည်ဖော်နိုင်ရေးကလည်း အထူးအရေးပါလှပါတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှာ တရုတ်အနေနဲ့ ခြေချနိုင်ပြီဆိုရင် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရပြီး ကျောက်ဖြူ၊ သီရိလင်္ကာ၊ ပါကစ္စတန် ဆိပ်ကမ်းသုံးခုကို တရုတ်အနေနဲ့ ဥဒဟိုချိတ်ဆက်နိုင်တော့မှာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာအစိုးရနဲ့ တပ်မတော်၊ တိုင်းရင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ တရုတ်အစိုးရတို့ သုံးဖက်စလုံးရဲ့ အကျိုးကိစ္စဆက်စပ်မှုတွေက ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဘယ်လောက်ခရီးပေါက်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်တဲ့အကြောင်း တင်ပြလိုက်ပါတယ်။ www.everytimestory.com | Every Time Story | E.T.S

Facebook Comments
704 Shares

Comments are Closed

Powered by M.N.T

704 Shares
Tweet
Share704