မြန်မာနိုင်ငံမှာ မယားငယ် စနိုက်ကျော်တွေကို ထောင်ချလို့ရတဲ့ ဥပဒေ

436
2K Shares

မြန်မာနိုင်ငံမှာ မယားငယ် စနိုက်ကျော်တွေကို ထောင်ချလို့ရတဲ့ ဥပဒေ

ars

မယားငယ်အပျိုကို ထောင်ချလို့ရတဲ့ ဥပဒေ မြန်မာပြည်မှာရှိပါတယ်။ နိုင်လွတ် ဥပဒေ ပုဒ်မ ၈(စ) ဥပဒေနဲ့ပါ။ အဲ့ဒီ့ဥပဒေနဲ့ မယားကြီးဖြစ်သူက မယားငယ်ကို တရားစွဲရင် အချုပ်တန်းကျပါတယ် အာမခံ လုံးဝ (လုံးဝ) မရပါ။

မြန်မာပြည်က မယားငယ်တိုင်းသည် နိုင်လွတ် ဥပဒေ ပုဒ်မ ၈(စ)နဲ့ ငြိနေသလို တစ်လင်တမယားဥပဒေကို အားပေးအားမြှောက်မှု့ ရာဇသတ်ကြီး ပုဒ်မ (၁၁၄)နဲ့ပါ ငြိနေကြပါသည်။ အဲ့သလို မယားငယ်ကို တရားပြန်စွဲနိုင်တဲ့ မည်သည့် မယားကြီးမဆို မယားငယ်ရဲ့ နိုင်လွတ်ဥပဒေ ပုဒ်မ (၁၀)နဲ့ ကန်းတက် တရားစွဲဆို ခံရဖို့ မရှိနိုင်တော့ပါ။ ဘယ် မယားကြီးမှ မယားငယ်ကို ကြောက်စရာ မလိုတော့ပါ။

ars

တရားစွဲဖို့ ရှေ့နေ မဌားနိုင်ကြရင် ပူစရာမလိုပါ။ ဒီပို့စ်ကို ရေးသူ မမလင်းက အလကားရှေ့နေရအောင် NGO အဖွဲ့အစည်းတချို့နဲ့ ချိတ်ဆက်ပေးနေပါတယ်ရှင့်။

နောက် တစ်နည်း

၆၆ (ဃ)နဲ့ မငြိအောင် မယားငယ်နဲ့ ဖေါက်ပြန်သူကို ဘယ်လိုဝုန်းသင့်ပါသလဲ???

ars

၁။ မိမိယောက်ကျား ဖေါက်ပြန်ခဲ့တဲ့ ဓါတ်ပုံသက်သေ လူသက်သေ စာသက်သေ ဗွီဒီယိုဖိုင် အသံဖိုင် ပြည့်စုံစွာ မရမချင်း လုံးဝကိုယ်သိနေကြောင်း အရိပ်အမြွက်တောင် မပြမိပါစေနဲ့။ မသိဟန်ဆောင်ပြီး ခိုင်မာတဲ့ သက်သေ အကုန်စုဆောင်းပါ။

၂။ သက်သေ အကုန်ခိုင်မာတဲ့အပြင် ဖေ့စ်ဘုတ်ဆိုတဲ့ လူမှု့ကွန်ယက်ပေါ်တက်ပြီး relationship တွေတင်ကြ၊ ဖက်ရက်နေတဲ့ ပုံတွေတင်တာတွေ့ခဲ့ရင် အမြန်ဆုံး SS ရိုက်ယူပြီး အကုန်သက်သေအဖြစ် သိမ်းထားကြပါ။ ရန်လုံးဝ မဖြစ်ပါနဲ့၊ သွားလဲ မဆဲဆိုပါနဲ့ဦး ဒင်းတို့ စိတ်ကြိုက် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်တဲ့ ပို့စ်တွေ တင်ပါ့စေလေ။ သူတို့ များများတင်လေ ကိုယ့်အတွက် သက်သေစုံလေပါ။

၃။ သက်သေစုံပြီဆိုရင် မြန်မာပြည်တွင်းဖြစ်ဖြစ် ဘယ်နိုင်ငံမှာ ရောက်နေတဲ့သူဖြစ်ဖြစ် အဲ့ဒီ့လူရဲ့ နေရပ်လိပ်စာ မသိတောင် သူ့ကုမ္ပဏီ လိပ်စာအတိုင်း မြန်မာပြည်က ရှေ့နေဌါးပြီး ဖေါက်ပြန်တဲ့သက်သေတွေအပြည့်အစုံမို့ မိန်းမနဲ့ကလေးကို ထောက်ပံ့ဖို့ ငြင်းဆန်ရင် တလင်တမယား ၁၃ (ဃ) နဲ့ တရားစွဲဆိုတော့မည် ဖြစ်ကြောင်း နို့တစ်စာ ပို့လိုက်ပါ။ နို့တစ်စာပို့ခ ရှေ့နေစရိတ် မြန်မာငွေ ၅ သောင်းကျပ်နဲ့ တစ်သိန်းဝန်းကျင်ဘဲ ကုန်ပါတယ် ညီမတို့။

ars

၎။ ပြီးရင် မိမိတို့ လက်ထပ်စာချုပ် အိမ်ထောင်စုစာရင်းကို ကိုင်ပြီး မိမိမြို့နယ်က NLD ရုံးနဲ့ အမျိုးသမီးရေးရာကို မိမိယောက်ကျားဖေါက်ပြန်နေကြောင်း သက်သေတွေပြ တိုင်ကြားထားပါ။ တစ်ခါထဲ မိမိရပ်ကွက်က ရ၀တ လူကြီးတွေဆီပါ ဖေါက်ပြန်ခံနေရပါကြောင်း မဆက်သွယ် မထောက်ပံ့လို့ သက်သေအစုံအလင်နဲ့ တရားစွဲဆိုပါတော့မည် ဖြစ်ကြောင်း တိုင်တန်းထားပါ။

၅။ ပြီးရင်တော့ ကိုယ့်ကိုယ်ပိုင်ဝေါ ဖေ့စ်ဘုတ်ပေါ်မှာ မိမိရှေ့နေနဲ့ ပို့ထားတဲ့ နို့တစ်စာရယ် ဖေါက်ပြန်နေတဲ့ မိမိလင်ယောက်ကျားရဲ့ ဖေ့စ်ဘုတ်ဝေါပေါ်မှာ တင်ခဲ့ဖူး တင်လက်စ ဖေါက်ပြန်သူ၂ ယောက်သား ပလူးနေပုံတွေရယ်ကို တင်ပေးပြီး ကျွန်မအမျိုးသားကို ကျွန်မတော့ ကျွန်မနဲ့ကျွန်မကလေးအပေါ် တာဝန်မယူ သစ္စာဖေါက်လို့ အခုကစပြီး တရားစွဲဆိုပါတော့မယ်ရှင်ဆိုတဲ့ ဘယ်သူ့ကိုမှ မစော်ကား မစွပ်စွဲ အသရေမဖျက်ဘဲ ကိုယ့်အကြောင်း ကိုယ်ရေးပြီး ကိုယ့်သူငယ်ချင်း အတော်များများကို tags လုပ်ပြီး public ပို့စ်တင်လိုက်ရုံနဲ့ ဇာတ်လမ်းပြတ်ပါတယ် ညီမတို့ရေ။ မိမိယောက်ကျားဖုန်းထဲက ဒီပုံတွေကို မိလို့ မယားရှိလင်မှန်း သူနဲ့ပတ်သက်နေသူတွေ သိအောင် အများသိစေရန် တင်ပေးလိုက်ပါတယ်ဆိုရင်ဘဲ ဘယ်သူမှ ဘာပုဒ်မနဲ့မှ လာတပ်ပြီး တရားစွဲလို့မရပါ။

ars

၆။ ဒါတွေ မလုပ်ခင်မှာ မိမိယောက်ကျားနဲ့ မိမိယောက်ကျားနဲ့ပတ်သက်နေသူ အမျိုးသမီးရဲ့ အကောင့်ထဲက သူတို့သူငယ်ချင်းတွေကို အကုန် ကိုယ့်သူငယ်ချင်းအဖြစ် လိုက်အက်ထားဖို့လဲ မမေ့နဲ့ပေါ့။

၇။ နောက်ဆုံး အခုလို ပို့စ်တင်ပြီး ခေါင်းရောင်းရဲသူ ညည်းတို့ရဲ့ မမလင်းကိုလဲ မမေ့မလျော့ tag ကြဖို့ မမေ့ပါနဲ့လို့ 😜ဘ၀တူ ကိုယ့်ညီမအရွယ် ကိုယ့်အမအရွယ် ကလေးအမေတွေ ဒီပို့စ်လေးဖတ်ပြီး အန္တာရာယ်ကင်း လမ်းစတွေ့ စိတ်အေးချမ်းကြပါစေရှင့်။

Facebook Comments
2K Shares