နားကြပ်အမြဲတပ်လေ့ ရှိတဲ့သူတွေသတိထားသင့်တဲ့ ကြောက်စရာ ဘေးထွက်ဆိုးကျိုးများ

20
0 Shares

နားကြပ်အမြဲတပ်လေ့ ရှိတဲ့သူတွေ သတိထားသင့်တဲ့ ကြောက်စရာကောင်းတဲ့ ဘေးထွက်ဆိုးကျိုးများ

s

နည်းပညာကတစ်နေ့ထက်တစ်နေ့တိုးတက်လာချိန်မှာလူသားတွေဟာကျန်းမာရေးအတွက်ဆိုးကျိုးတွေရှိနိုင်တဲ့ဇိမ်ခံပစ္စည်းတွေ၊အသုံးအဆောင်ပစ္စည်းတွေဝိုင်းဝိုင်းလည်နေပါတယ်။Headphoneတွေနားကြပ်တွေကလည်းနောက်ကွယ်ကဆိုးကျိုးတွေကိုသတိမထားမိကြပဲယနေ့ခေတ်လူငယ်တွေအသုံးများတဲ့နည်းပညာပစ္စည်းတွေပဲဖြစ်ပါတယ်။

နားကြပ်လေးတပ်ပြီးသီချင်းနားထောင်နေကြတဲ့လူတွေကိုရထားပေါ်၊Busကားပေါ်၊လမ်းပေါ်၊နေရာအနှံ့တွေ့နေရသလိုမိမိကိုယ်တိုင်လည်းစိတ်အပန်းဖြေဖို့၊ပြင်ပအသံတွေမကြားချင်လို့၊စိတ်ဖိစီးမှုပြေလျော့ဖို့၊သီချင်ကြိုက်လို့စသည်ဖြင့်နားကြပ်နဲ့နားထောင်လေ့ရှိပါတယ်။ဒါဆိုရင်ကျန်းမာရေးအတွက်ကျတော့ရော သတိထားမိကြရဲ့လား။တစ်ခါတစ်ရံဆိုရင်တော့ကိစ္စမရှိပေမယ့်အမြဲနားကြပ်တပ်ပြီးသုံးနေတာအကျင့်ပါပြီးကြာလာရင်ကျန်းမာရေးအတွက်ဆိုးရွားတဲ့သက်ရောက်မှုတွေပေးနိုင်တယ်ဆိုတာတော့သိထားသင့်ပါတယ်။

၁။အကြားအာရုံဆုံးရှုံးခြင်းနှင့်အကြားအာရုံပိုင်းနောက်ဆက်တွဲပြဿနာများ

s

headphones သို့မဟုတ်နားကြပ်ကိုအသုံးပြုတဲ့အခါသင့်ရဲ့နားထဲကိုအသံကအနီးကပ်တိုက်ရိုက်ဝင်ရောက်လာတာဖြစ်ပါတယ်။90 decibels ထက်ကျော်တဲ့အသံအတိုင်းအတာကအကြားအာရုံမှာနောက်ဆက်တွဲထိခိုက်မှုတွေဖြစ်လာစေနိုင်ပါတယ်။နေ့စဉ်headphones နဲ့နားကြပ်တပ်ပြီးနားထောင်လေ့ရှိသူတွေဟာအကြားအာရုံဆုံးရှုံးဖို့ရာခိုင်နှုန်းအလွန်များပါတယ်။100 decibels ထက်ကျော်တဲ့အသံနှုန်းကို၁၅မိနစ်လောက်နားထောင်ရုံနဲ့ပဲဒီအန္တရာယ်ကိုစိုးရိမ်ရပါတယ်။ဒါ့ကြောင့်ကိုယ်ကဒီလိုအလေ့အထမျိုးရှိနေသူဖြစ်ရင်ကိုယ့်နားကိုနည်းနည်းလောက်အနားပေးပြီးအသံအကျယ်ကြီးဖွင့်နားမထောင်ဖို့သတိပြုဖို့လိုအပ်ပါတယ်။သင်ကကိုယ့်နားကြပ်ကိုပဲသုံးလေ့ရှိလား။ဒါမှမဟုတ်တခြားသူဆီကငှားရမ်းသုံးတတ်သလား။သူငယ်ချင်းတွေ၊မိသားစုတွေဆီကတခါတရံတော့ငှားသုံးမိမှာပါ။ဒါပေမယ့်ဒီလိုတစ်ကြိမ်တစ်ခါတည်းကနေတောင်မှနားပိုးဝင်ခြင်းဖြစ်နိုင်ပါတယ်။နားထဲကဘက်တီးရီးယားပိုးတွေကနားကြပ်တွေကတဆင့်တစ်ယောက်နဲ့တစ်ယောက်ကူးစက်ဖို့လွယ်ကူပါတယ်။ဒါ့ကြောင့်တခြားသူဆီကငှားရတော့မယ်ဆိုရင်သန့်စင်ဆေးရည်နဲ့ပိုးသတ်တာမျိုး၊ဒါမှမဟုတ်လုံးဝမငှားတာမျိုး၊ငှားမသုံးတာမျိုးပြုလုပ်သင့်ပါတယ်။

၃။လေလမ်းကြောင်းပိတ်စေခြင်း

s

နားကြပ်ထုတ်လုပ်တဲ့ကုမ္ပဏီတွေကတော့sound system ကောင်းမွန်ကြောင်းကြော်ငြာကြမှာပါပဲ။သို့ပေမယ့်အသံဘယ်လောက်ပဲကောင်းကောင်းကျန်းမာရေးရှုထောင့်အရတော့ကိုယ့်ရဲ့အသုံးပြုမှုကိုမူတည်ပြီးထိခိုက်မှုအနည်းနဲ့အများရှိလာစေနိုင်ပါတယ်။နားထဲကိုနားကြပ်ထိုးထည့်ထားရင်ပဲလေလမ်းကြောင်းပိတ်ဆို့စေနိုင်ပါတယ်။လေအဝင်အထွက်မရှိရင်သိချင်းသံပိုနားထောင်ကောင်းတယ်ဆိုပေမယ့်နားပိုးဝင်ခြင်းဖြစ်လာနိုင်ခြေများပါတယ်။

၎။အကြားအာရုံခေတ္တပျောက်ရှခြင်း

s

တစ်နေကုန်အသံအကျယ်ကြီးနဲ့နားကြပ်အသုံးများတဲ့သူတွေဟာအကြားအာရုံခေတ္တပျောက်ဆုံးတတ်ပါတယ်။အဲ့ဒီလိုnumb ears ဖြစ်ပြီးရင်ခဏနေတာနဲ့ပုံမှန်ပြန်ဖြစ်လာပါတယ်။ဒီအခြေအနေကအန္တရာယ်များတဲ့အပြင်တကယ်နားမကြားတော့တဲ့အထိဖြစ်စေနိုင်ပါတယ်။

၅။နားကိုက်ခြင်း

s

နားကြပ်အမြဲသုံးတဲ့သူတွေမှာနားကိုက်တဲ့ပြဿနာခဏခဏကြားရပါတယ်။နားထဲမှာတဝီဝီနဲ့အသံတွေကြားနေရတာ၊ဟိုးအတွင်းကစူးကနဲနာကျင်ကိုက်ခဲတာတွေခံစားရတတ်ကြပါတယ်။

၆။ဦးနှောက်ကိုဆိုးကျိုးသက်ရောက်စေခြင်း

s

နားကြပ်တွေ၊headphone တွေဆီကထုတ်လွှတ်တဲ့လျှပ်စစ်သံလိုက်လှိုင်းတွေကဦးနှောက်ကိုပြင်းထန်တဲ့အန္တရာယ်တွေဖြစ်စေနိုင်ပါတယ်။ဒါကိုသက်သေပြဖို့တော့လုံလောက်တဲ့ဆေးပညာအထောက်အထားတော့မရှိသေးပါဘူး။Bluetooth ၊headphone နဲ့နားကြပ်ကိုနေ့စဉ်သုံးသူတွေဟာဦးနှောက်နဲ့ပတ်သက်တဲ့ရောဂါတွေပိုအဖြစ်များတာတွေ့ရပါတယ်။နားအတွင်းပိုင်းဟာဦးနှောက်နဲ့တိုက်ရိုက်ချိတ်ဆက်နေတာဖြစ်ပြီးနည်းနည်းလောက်ပိုးဝင်ရင်တောင်ဦးနှောက်ကိုထိခိုက်စေနိုင်ပါတယ်။

၇။အသက်အန္တရာယ်ရှိတဲ့မတော်တဆမှုတွေ

s

ခုနောက်ပိုင်းမှာနားကြပ်တပ်ရင်းလမ်းသွားလမ်းလာတွေမတော်တဆဖြစ်မှုတွေပိုမိုများပြားလာပါတယ်။ကားဟွန်းသံမကြား၊ရထားသံမာကြားနိုင်တဲ့သူတွေဟာဖြစ်ရပ်ဆိုးရဲ့သားကောင်ဖြစ်သွားနိုင်ပါတယ်။တခါတရံနားကြပ်တပ်ထားသူရဲ့အသက်ကိုကယ်တင်နိုင်ဖို့ကြိုးစားရင်းတခြားသူတွေရဲ့အသက်အန္တရာယ်ဖြစ်ရတာတွေတောင်ရှိတက်ပါတယ်။နားကိုမထိခိုက်စေဘဲနားကြပ်ဆက်သုံးနိုင်ဖို့ဘယ်လိုဆင်ခြင်မလဲ? ဒီအတိုင်းတော့မသုံးတော့ဘဲလက်မလျော့လိုက်ပါနဲ့။နားကိုလည်းမထိခိုက်စေဘဲနားကြပ်တွေကိုသုံးနိုင်မယ့်နည်းလမ်းတွေလဲရှိပါသေးတယ်။

နားထဲကိုထည့်သွင်းထားရတဲ့နားကြပ်သေးသေးလေးတွေကိုမသုံးပါနဲ့။နားအပြင်မှာတပ်ဆင်ရတဲ့headphone တွေကိုသုံးပါ။ကိုယ့်နားကြပ်ကိုတခြားသူတွေနဲ့မျှဝေမသုံးပါနဲ့။နားကြပ်ရဲ့ရော်ဘာအစွပ်လေးတွေကိုတစ်လတစ်ကြိမ်ခန့်လဲပေးပါ။နားကြပ်မှာအစွပ်မပါဘူးဆိုရင်သန့်စင်ဆေးရည်နဲ့ပိုးသတ်ပေးပါ။နားကြပ်/headphone တပ်ထားရင်အသံအကျယ်ကြီးမထားပါနဲ့။လူ့အသုံးအဆောင်ပစ္စည်းတွေကြောင့်နေထိုင်သုံးစွဲရလွယ်ကူစေတယ်ဆိုပေမယ့်အကန့်အသတ်နဲ့ပဲအသုံးပြုသင့်ပါတယ်။ကျေးဇူးတင်ပါတယ်။

Facebook Comments
0 Shares