၇ရက်သားသမီး တစ်ပတ်စာ ဟောစာတမ်း 09.5.2019 မှ 15.5.2019 အထိ ….

367
621 Shares

၇ရက်သားသမီး တစ်ပတ်စာ ဟောစာတမ်း 09.5.2019 မှ 15.5.2019 အထိ ….

ast14

တနင်္ဂနွေ

ဒီကာလအတွင်း မိမိရဲ့အတွေ့အကြုံတွေကစကားပြောပါလိမ့်မယ်။ ရွေးချယ်စရာကိစ္စတွေနှစ်မျိုးနှစ်ခွကြုံရ တတ်ပါတယ်။ မိမိကမှန်ကန်တဲ့လမ်းကိုရွေးတတ်ဖို့လိုပါတယ်။ ကိစ္စရပ်တိုင်းကို ဒေါသထွက်နေချိန်မှာမဖြေရှင်းဘဲ စိတ်ကြည်နေချိန်မှာ ဖြေရှင်းသင့်ပါတယ်။ ငွေရှာရလွယ်ကူနေပါလိမ့်မယ်။

ဘာသာရေးနဲ့ပက်သက်သောပစ္စည်းများ လက်ဆောင်ရတတ်ပါတယ်။ ဆရာသမားတွေဆီကအကူအညီကောင်းတွေရတတ်ပါတယ်။ ခရီးကောင်းတွေသွား ရတတ်ပါတယ်။ခရီးသွားပြီးကံကောင်းခြင်းတွေပိုရလာတတ်လို့ပါပဲ။အလုပ်ရှာနေသူများ ရပ်ဝေးကလျှောက်ထားတဲ့ အလုပ်တွေရတတ်ပါတယ်။ပညာရေးနဲ့ပက်သက် ပြီး သင်တန်းဖွင့်တာမျိုး ၊တပည့်လက်ခံတာမျိုးဆောင်ရွက် နိုင်ပါလိမ့်မယ်။ မိမိချဲ့ထွင်ချင်တဲ့ လုပ်ငန်းစီးပွားတွေတိုး ချဲ့နိုင်ပါလိမ့်မယ်။ကျန်းမာရေးအတွက်လဲ အရမ်း တော့စိတ်ပူစရာမလိုသေးပါဘူး၊ အလွန်ဆုံး မတ်တပ်ဖျားမတ်တပ်နာလောက်ပဲ ဖြစ်ပါလိမ့်မယ်။လူချစ်လူခင်အရမ်း များမဲ့ကာလပါပဲ။

ast14

အချစ်ရေးလဲမိမိစိတ်တိုင်းကျဖြစ်ရပါလိမ့် မယ်။ အိမ်ထောင်ရေး သာယာပါလိမ့်မယ်။ အိမ်ထောင်ဖက်ရဲ့အလိုလိုက်ခြင်းကိုခံရပါလိမ့်မယ်။အကျိုးပေးဂဏန်း 6/8/3 အထူးဟော–ကံသင့်ပါတယ် ယတြာ -စတုမဓူတစ်ဘူး မိဘတွေကိုဝယ်လှူလိုက်ပါ

တနင်္လာ

ast14

ဒီကာလအတွင်း အလုပ်တွေအဆင်ပြေတတ်ပါတယ်။ ကိုယ်ပိုင်အလုပ်များ အလုပ်အကိုင်အခွင့်အလမ်း တွေပေါ်လာတတ်ပါတယ်။ ၀န်ထမ်းများနေရာကောင်းရဖို့အကြောင်းဖန်လာတတ်ပါတယ်။ ရာထူးတိုးဖို့ လစာတိုးဖို့ ကြန့်ကြာနေရင်ဒီကာလမှာ သတင်း ကောင်းကြားရတတ်ပါတယ်။

မိသားစုကိစ္စ၊ မောင်နှမ ကိစ္စတွေကြောင့် ဒေါသဖြစ်ရ ပေမဲ့ လူမှုရေးကိုတော့အလုပ်နဲ့ မရောထွေးမိဖို့လိုအပ်ပါတယ်။ သားသမီးတွေရှိရင် ကိုယ်တွယ် တတ်ဖို့လိုပါတယ်။ ချော့တစ်ခါချောက်တစ်လှည့်ပြောရမဲ့ကာလပါပဲ။ ငွေကြေးနဲ့ပက်သက်ပြီး အနည်း ငယ်အ၀င် နည်းနေတတ်ပါတယ်။ဒါမှမဟုတ်ငွေဝင်ပြီး အဖတ်မတင်ပြန်ကုန်ရတာမျိုးတွေဖြစ်လွယ်ပါတယ်။ လျှို့ဝှက်ချက် တွေကိုဘယ်သူ့ကိုမှ ပြောမပြသင့်ပါ။ ရှေ့တစ်မျိုးပြောသူ၊ကွယ်ရာတစ်မျိုးပြောသူတွေနဲ့ ဆုံတတ်လို့ ပါပဲ။ ကျန်းမာရေးကတော့ အညံ့အဆိုးနည်း ပါတယ်။ ကိုယ်လက်ကိုက်ခဲတာမျိုးနဲ့ အအေးမိတာမျိုး တော့ကြုံ ရပါလိမ့်မယ်။

ast14

အိမ်ထောင်ရေးကိစ္စ တွေမှာ အဆင်အပြေဆုံးကာလလို့ပဲပြောရမှာပါ။ အချစ်ရေးကံကတော့ အနည်းငယ်သွေးအေးနေတတ်ပါတယ်။ ပညာရေးကတော့ သင့် အဆင့်မှာရှိပါတယ်။ အကျိုးပေးဂဏန်း 7/0/4 အထူးဟော –စီးပွားကောင်းနေမည်ယတြာ ထန်းလျက် ၁၁လုံးခန့်ကို ဘုရားရှင်အားကပ်လှူပါ

အင်္ဂါ

ast14

ဒီကာလအတွင်း လိင်မတူသူတွေနဲ့ သတိထားဆက်ဆံပါ။ ထိုသူတွေကမိမိအပေါ်အကောက်ကြံတတ်ပါ တယ်။ စိတ်လွတ်လက်လွတ်နေခြင်းမျိုးရှောင်ပါ။ အလုပ်ခွင်မှာလဲ သတိမကပ်ဘဲ လုပ်မိတာကြောင့်စာရင်းတွေမှား တာမျိုးတွေဖြစ်ရတတ်ပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ အန္တရာယ်ရှိတဲ့စက်တွေကိုကိုင်တွယ်လုပ်ကိုင်နေ သူများ အန္တရာယ်အနည်းငယ်ကြုံရတတ်ပါတယ်။

လူငယ်များ အပေါင်းအသင်းတွေနဲ့အချိန်ကုန်နေတတ်ပါတယ်။ လုပ်ငန်းရှင်များ အောက်လက်ငယ်သားတွေအလုပ်ထွက်သွားတာမျိုး တွေ့ရကြုံရတတ်ပါတယ်။ အထိုင်မနေရတဲ့ အလုပ်တွေတိုးတတ်နိုင်ပါတယ်။ အသေးစားစီးပွားရေးလုပ်ငန်းများအလုပ်အကိုင်အခွင့်အလမ်းတွေပေါ်လာတတ် ပါတယ်။ကျန်းမာ ရေးကတော့ အကောင်းဘက်ကိုအလေးသာနေပါလိမ့်မယ်။ ကျန်းမာရေးအတွက်စိတ်ချမ်းသာရ မဲ့ကာလထဲရောက် နေပါတယ်။ငွေကြေးအ၀င်နည်းနေတတ်ပါတယ်။ မိမိအနေနဲ့ ချွေတာသုံးစေချင်ပါတယ်။ အိမ်ထောင်ရေးကတော့ အဆင် ပြေသာယာမဲ့အချိန်ပါပဲ။ အချစ်ရေးကံကတော့ ထင်သလိုမဖြစ်သေးပါဘူး။

အချစ်ရေးသောကများရပါလိမ့်မယ်။ ပညာရေးကတော့ ပညာရှာဖို့ခက်ခဲတဲ့အချိန်ပါပဲ။အကျိုးပေးဂဏန်း 0/6/9 အထူးဟော –အလုပ်ရှုပ်နေမည်။ ယတြာ အုန်းသီးစိပ် ၆စိပ်ခန့်ဘုရားကပ်လှူပါ။

ဗုဒ္ဓဟူး/ရာဟု

ast14

ဒီကာလအတွင်းက ကံမပေးပေမဲ့ မိမိကိုယ်တိုင်ကဥာဏ်ဝီရိယတွေကို စိုက်ထုတ်လုပ်ကိုင်တတ်ရင်အဆင် ပြေပါတယ်။ ငွေရှာလို့ကောင်းပါတယ်။ မိမိအလုပ်တွေကိုပဲ စိတ်နှစ်ထားပါ။ လူမှုရေးတွေဝင်မပါလိုက်ပါနဲ့။ ရွှေငွေ လက်ဝတ်ရတနာများ မ၀ယ်သင့်တဲ့ကာလပါပဲ။ ဘာကိစ္စကိုကတိလွယ်လွယ်မပေးပါနဲ့။

အပ်နှံထားတဲ့အလုပ်တွေ ကိုမသေချာဘဲ ရက်မချိန်းပါနဲ့။မိမိစိတ်ကူးအယူအဆတွေကိုတော့ အထူးကောင်းနေပါလိမ့်မယ်။အများပိုင်ငွေများ မိမိဆီ ယာယီလာ အပ်တာမျိုးလက်မခံမိပါစေနဲ့၊ လာဘ်ပိတ်သွားတတ်လို့ပါ။ အလုပ်များနေတာကြောင့်အချိန်ပို ဆင်းပြီးလုပ်ရတဲ့ထိ ကြုံတွေ့ရတတ်ပါတယ်။စိတ်ချမ်းသာမှု ကိုရှာဖွေသင့်တဲ့နေ့ရက်လဲဖြစ်ပါတယ်။ ဒီကာ လမှာ မိတ်ဆွေသူငယ်ချင်းတွေရဲ့အကူအညီတွေရလာတတ်ပါတယ်။ ကျန်းမာရေးကတော့အညံ့အဆိုးများတဲ့ကာ လထဲ ရောက်နေပါတယ်။ကျန်းမာရေးဂရုစိုက်ဖို့လိုအပ်တဲ့အချိန်ပါပဲ။ အိမ်ထောင်ရေးသုခနည်းတတ်တဲ့အချိန်ပါပဲ။ အချစ်ရေးကတော့ အဆင်ပြေစိတ်ချမ်းသာခွင့်ရပါလိမ့်မယ်။

ast14

ချစ်သူနဲ့ နားလည်မှုတွေ ပြန်ရပါလိမ့်မယ်။ ပညာရေး ကတော့ ဥာဏ်ဝီရိယတွေ မိမိစိုက်ထုတ်ဖို့ လိုအပ်တယ်လို့ သုံးသပ်မိပါတယ်။ အကျိုးပေးဂဏန်း 1/5/6 အထူးဟော အနည်းငယ်တော့ စိတ်ရှုပ်ရတတ်ပါတယ်။ ယတြာ ကလေးတွေကို အချိုရည်လက်ဆောင်ပေးပါ။

ကြာသပတေး

ast14

ဒီကာလအတွင်းစိတ်ကူးကောင်းအတွေးအခေါ်ကောင်းတွေများနေတတ်ပါတယ်။ဒါကြောင့်လုပ်သမျှအဆင် ပြေတာမျိုးတွေကြုံရတတ်ပါတယ်။ပညာရေးနဲ့ပက်သက်ပြီး အားထည့်လို့အလွန်ကောင်းပါတယ်။ ပညာစတင်သင် ယူလို့အလွန်ကောင်းပါတယ်။ စိတ်ချမ်းသာမှုတွေအထူးရရှိပါတယ်။

ခရီးတိုလေးတွေသွားရတတ်ပါတယ်။ အောက်လက် ငယ်သားတွေရဲ့ အကူအညီအထောက်အပံ့တွေ ရလာတတ်ပါတယ်။ မင်္ဂလာကိစ္စများ အလှူအတန်း ကိစ္စ များလဲ ကြုံရတတ်ပ်ါတယ်။လက်ကားစီးပွားရေးများအထူးတိုးတတ်ပါလိမ့်မယ်။ ငွေကြေးနဲ့ပက်သက်ပြီး ရသလောက်စုမိဆောင်းမိတတ်ပါတယ်။မိမိဖြစ်ချင်တာတွေကို အားစိုက်လုပ်ကိုင်နိုင်ပါလိမ့်မယ်။အလှူအတန်း လေးတွေပြုရတတ်ပါတယ်။ ကျန်းမာရေးကတော့ အကောင်းဘက်ကို ပိုများပါတယ်။ ရောဂါဝေဒနာ ခံစားရသူများ လဲ ဒီကာလမှာ သက်သာခွင့်တွေရပါလိမ့်မယ်။အိမ်ထောင်ရေးသာယာမှာပါ။

ast14

အချစ်ရေးကံကောင်း နေတဲ့အတွက် တစ်ယောက်မကတဲ့ အချစ်ရေးမျိုးလဲကြုံရတတ်ပါတယ်။ ပညာရေးကတော့ ကံလဲကောင်း မိမိလဲကြိုးစားပေါ့ဗျာ၊အကျိုးပေးဂဏန်း 3/5/7 အထူးဟော–ကံမြင့်မားနေပါသည်။ ယတြာ အိမ်ကဘုရားမှာ ဆီမီးပူဇော်ပါ၊

သောကြာ

ast14

ဒီကာလအတွင်း စိတ်ထဲယုံကြည်ထားတဲ့ကိစ္စတွေကို လက်တွေ့လုပ်ဆောင်ဖြစ်ပါလိမ့်မယ်။ မိမိသွားဖို့ အားခဲထားတဲ့ခရီးတွေများရှိခဲ့ရင်တော့ ဒီကာလမှာသွားဖြစ်နိုင်ပါတယ်။ စိတ်အပန်းဖြေဖို့လဲ အကောင်းဆုံးနေ့မျိုး ပါပဲ။ ငွေရှာလို့ကောင်းပြီး လာဘ်ရွှင်မဲ့နေ့လဲဖြစ်ပါတယ်။ အိမ်တွက်လိုအပ်သောပရိဘောဂတွေဝယ်ယူနိုင်မဲ့နေ့ရက် လဲ ဖြစ်ပါတယ်။

ခန်းဝင်ပစ္စည်းများ ၀ယ်မယ်ဆိုဒီနေ့ကအထူးကောင်းပါတယ်။ ကုန်သွယ်မှုလုပ်ငန်းများ တိုးတတ် မယ်။ ဈေးကွက်အပြောင်းအလဲကြောင့် မိမိပစ္စည်းတွေဈေးကောင်းရတတ်ပါတယ်။ လက်ဆောင်တွေ အမှတ်တရပစ္စည်းတွေလဲ ရလာတတ်ပါတယ်၊ လုပ်ငန်းတွေလဲ ထပ်မံချဲ့ထွင်နိုင်ပါလိမ့်မယ်၊လူမျိုးခြားဘာသာခြား တွေရဲ့အကူအညီတွေလဲရလာတတ်ပါတယ်။ ကျန်းမာရေးကတော့ လျော့ပါးသက်သာခွင့်တွေရပါလိမ့်မယ်၊ နာတာရှည် ခံစားနေရသူများတောင်မှ နလန်ပြန်ထူတာမျိုးကြုံရတတ်ပါတယ်။ အိမ်ထောင်ရေး အိမ်တွင်းရေး အလွန်ကောင်းပါတယ်။

ast14

အချစ်ရေးမှာတော့ ချစ်ရေးဆိုခြင်းခံရတတ်ပါတယ်။ စန်းလဲပွင့်နေတတ်ပါတယ်။ ပညာရေး ကတော့မိမိ ကိုယ်တိုင်ကပညာရေးထက် အပျော်အပါးကိုမက်နေပါလိမ့်မယ်။ အကျိုးပေးဂဏန်း 4/2/8 အထူးဟော စန်းပွင့်နေမည် ယတြာ လက်ဖက်ရည်နဲ့ လမုန့်ဘုရားကပ်လှူပါ၊

စနေ

ast14

ဒီကာလအတွင်းအဓိကအနေနဲ့ပြောရရင် အတိုက်အခိုက်များပါတယ်။ မနာလိုသူတွေဝိုင်းရံနေတတ်ပါ တယ်။လူယုံသတ်တာမျိုးတွေကြုံရတတ်ပါတယ်။ဒါကြောင့်အရေးကြီးကိစ္စတွေလုပ်ကိုင်ဖို့ ရှိနေတယ်ဆိုရင်တော့ မိမိကိုယ်တိုင်ပဲဦးစီးလုပ်ပါ။ မသွားဖူးတဲ့ဒေသတွေ၊ တောတောင်တွေကိုသွားဖို့ ဆိုရင်တော့ ဒီကာလမှာတတ်နိုင် သလောက်ရှောင်ပေါ့ဗျာ။

ပစ္စည်းလှောင်မယ်ဆို မြန်မြန်ပြန်ဖော်လို့ရမဲ့ ပစ္စည်းမျိုးတွေလှောင်ပါ။ ငွေကြေးလာချေး ရင်ချင့်ချိန်ပြီးမှပေးစေချင်ပါတယ်။ ရပ်ဝေးသွားပြီး စီးပွားရှာခြင်းများ အကောင်းဘက်ကိုများပါတယ်။ မိမိဖြစ်ချင် တာကိုဦးစားမပေးသင့်ပါ။ လုပ်ငန်းခွင်မှာတော့ အများဆန္ဒကိုဦးစားပေးလိုက်ပါ။ကျန်းမာရေးကတော့ ဗိုက်နာတာ ၊အစာအိမ်ရောဂါနဲ့ အစာမကြေတာမျိုးလဲဖြစ်တတ်ပါတယ်။ မိတ်ဆွေတွေဒုက္ခပေးတာမျိုးလဲကြုံရတတ် ပါတယ်။ အိမ်ထောင်ရေးကံအလွန်ကောင်းနေပါလိမ့်မယ်။ အချစ်ရေးမှာတော့ အချစ်ဟောင်းထက် အချစ်သစ် အပေါ် ပိုမိုစိတ်ညွှတ်နေမိတတ်ပါတယ်။

ast14

ပညာရေးကတော့ ကြိုးစားနိုင်မှ အဆင်ပြေမှာပါ၊ ပညာရေးအားနည်းနေ တတ်တဲ့ကာလပါပဲ။ အကျိုးပေးဂဏန်း 1/6/0အထူးဟော ကံအားနည်းနေမည် ယတြာ ငါးစာကျွေးပါ

၇ရက်သားသမီး အပေါင်း ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။ဆရာငြိမ်းအေးလူ ( ဗေဒင်သုတေသီ ) viber only -09775555695

Facebook Comments
621 Shares