နေပူပူမှာ ရေငတ်လွန်းလို့ ချွေးထွက်လွန်းလို့ ဓာတ်ဆားရေ သောက်မယ် ဆို ဒါတွေကို သတိထားပါ…

2230
5K Shares

နေပူပူမှာ ရေငတ်လွန်းလို့ ချွေးထွက်လွန်းလို့ ဓာတ်ဆားရေ သောက်မယ် ဆို ဒါတွေကို သတိထားပါ…

royald

နေပူပူမှာ ရေငတ်လွန်းလို့ ချွေးထွက်လွန်းလို့ ဓာတ်ဆားရေ သောက်တော့မယ် ဆိုရင် ဒါတွေကို သတိထားပါ။

ဓာတ်ဆားမှုန့် ရေဖျော် သောက်တော့မယ် ဆိုရင် သတိထားပါ။

ဓာတ်ဆား ဆိုတာ ဘာလဲ ၊ ဘာအတွက် သုံးတာလဲ။ ဓာတ်ဆားမှုန့် (Oral Rehydration Salts) ဆိုတာ ဝမ်းပျက် ဝမ်းလျှောခြင်းနဲ့ အကြောင်း အမျိုးမျိုးကြောင့် ခန္ဓာကိုယ်မှာ ရှိတဲ့ ရေဓာတ်နဲ့ ဓာတ်ဆားများ လျော့နည်းခြင်း အတွက် ရေနဲ့ ဖျော်သောက် တာပါ။ ယခုလို အလွန် ပူပြင်းတဲ့ အချိန်မှာ ချွေးထွက်လို့ ဆုံးရှုံးသွားတဲ့ ရေနဲ့ ဆားဓာတ်တွေ ပြန်လည် ဖြည့်တင်းဖို့ အကောင်းဆုံး ဆေးမှုန့် ဖြစ်ပါတယ်။

ဘယ်လိုဓာတ်ဆား သောက်ရင် အကောင်းဆုံးလဲ

royald

မြန်မာနိုင်ငံ ဆေးဝါး လုပ်ငန်း စက်ရုံက ထုတ်လုပ်တဲ့ ဓာတ်ဆား ၊ နိုင်ငံတကာမှ တင်သွင်း ရောင်းချတဲ့ ဓာတ်ဆားမျိုးစုံ ၊ အပြင် ဈေးကွက်ထဲမှာ ရိုးရိုးဓာတ်ဆားများ ၊ သစ်သီးစုံ ဓာတ်ဆားများ… အများအပြား ရောင်းချနေပြီး တမျိုးနဲ့တမျိုး အာနိသင် သိသာစွာ ကွာခြားခြင်း မရှိပဲ အားလုံး ကောင်းကြပါတယ် ။ အရည်အသွေး ပြည့်ဝပြီး ကြာရှည် အထားခံ တာကတော့ မြန်မာနိုင်ငံ ဆေးဝါးစက်ရုံ (MPF) က ထုတ်တဲ့ ဓာတ်ဆားပါ ။

ဓာတ်ဆားထုတ် ဝယ်ရင် ဘာတွေ သိထားသင့်လဲ

royald

ဓာတ်တားထုတ်ဝယ်တဲ့အခါ ပထမဆုံး ကြည့်သင့် တာက သက်တမ်း ကုန်ဆုံးရက် (Expiry date) ပါ။ Date ကောင်းတာနဲ့တင် မပြီးပါဘူး။ လတ်ဆပ်မှု့ရှိ ၊ မရှိ လှုပ်ကြည့်ရ ပါမယ်။ ကပ်နေရင် (သို့) အထဲက အမှုံ့ အရောင်ပြောင်း နေရင် လုံးဝ မသောက်သင့် ပါဘူး။

ဘယ်ရေနဲ့ဖျော်ရမလဲ

royald

ဓာတ်ဆားတထုတ်ကို ရေကျက်အေး (သို့) ရေ တစ်လီတာ ၊ ရေသန့်တဗူးနဲ့ ဖျော်ရမှာပါ ။ သတိထားရမှာက ရေနွေးနဲ့ မဖျော်ရ သလို ။ ရေခဲသေတ္တာထဲ ကရေအေးနဲ့လဲ မဖျော်သင့် ပါဘူး ။ ဓာတ်ပျယ်သွား တတ်လို့ပါ ။

ဓာတ်ဆားထုတ်ကို ဘယ်လို ထားသို ရမလဲ

royald

ဓာတ်ဆားထုတ်ကို အေးပြီးခြောက်သွေ့တဲ့ နေရာမှာ ထားသိုရမှာ ဖြစ်ပြီး ၊ နေရောင်ခြည် တိုက်ရိုက်ထိတွေ့တဲ့ နေရာတွေမှာ မထားသင့် ပါဘူး။ ဓာတ်ဆားရည်ကို ဖျော်ပြီး ၂၄ နာရီအတွင်း ကုန်အောင် သောက်ရမှာဖြစ်ပြီး ၂၄ နာရီထက် ကျော်သွားတဲ့ ဓာတ်ဆားရည်ကို သွန်ပစ်ရ မှာပါ ။

တနေ့ ဘယ်နှစ်ထုတ် သောက်ရမလဲ၊ ဘယ်လိုလူတွေ မသောက်ရဘူးလဲ

royald

ပုံမှန်အားဖြင့်ဓာတ်ဆားကို တစ်ရက်အများဆုံး ၂ ထုတ်သာ သုံးသင့် ပါတယ် ။ ၂ ထုတ်ထက် ပိုသောက်မိရင် ခန္ဓာကိုယ်က ပိုနေမဲ့ ဆားဓာတ်ကို မစွန့်ထုတ်နိုင်ပဲ သွေးတိုးရောဂါ ဖြစ်တတ်လို့ပါ။

ဓာတ်ဆားထုတ်ကို ဆီးချို သွေးတိုးရှိသူတွေ ဆရာဝန် ညွှန်ကြားချက်နဲ့မှ သောက်သင့် ပါတယ်။ ဒါကြောင့် တန်ဆေး လွန်ဘေး ဆိုသလို ချွေးထွက် အလွန်များတဲ့ ယခုလို နွေရာသီမှာ ဓာတ်ဆားထုတ် သောက်တဲ့ အခါ ဆင်ခြင်စရာလေး တွေကို ကျန်းမာရေး ဗဟုသုတအနေနဲ့ တင်ပြလိုက်ရ ပါတယ်​ ။

တခုခု ရရင်​​ကျေနပ်​တယ် ကျန်းမာရေးအတွက် ဆေးတခွက်

Facebook Comments
5K Shares