လီမွန်တီး အမြဲသောက်သူ တွေ အတွက် ကျန်းမာရေး ဆိုးကျိုးများအကြောင်း သိကောင်းစရာ…

79

လီမွန်တီး အမြဲသောက်သူ တွေ အတွက် ကျန်းမာရေး ဆိုးကျိုးများအကြောင်း သိကောင်းစရာ…

sterjh 1

ပူပြင်း​နွေရာသီရက်​​တွေမှာ​တော့ လက်​ဖက်​ရည်​​အေး​အေးချိုချို​လေး​သောက်​လိုက်​ရတာ ဘယ်​လိုမှမလဲနိုင်​တဲ့စည်းစိမ်​ပါ။ ဒီ​နောက်​မှာ​တော့ သတိ​ပေးသံ​တွေလည်းကပ်​ပါ​လာ​နေတတ်​ပါတယ်​။ လွန်​လွန်ကဲကဲ​သောက်​တတ်​ရင်​​တော့ သကြားဓာတ်​ပါဝင်​မှုများတဲ့ အချို​ဖျော်​ရည်​တိုင်းက လူကိုဒုက္ခ​ပေးလာတတ်​ပါတယ်​။ ဘယ်​​လောက်​ထိ သတိထားစရာ​ကောင်းလဲဆိုတာ အခုတင်​ဆက်​​ပေးပါရ​စေ။

ဆီးချို​ရောဂါ

sterjh 6

ဟုတ်​တာ​ပေါ့။ ဆိုဒါပါတဲ့အရည်​​တွေထက်​စာရင်​ လက်​ဖက်​ရည်​က​တော့ ပို​ကောင်းတယ်​လို့ထင်ကြမှာပါ။ အချိုကဲ​စေတဲ့အရာ​တွေ၊ ​သကြား​တွေ၊ ​ဆေးသကြား​တွေ ကို များများထည့်​​သောက်​ရင်​​တော့ ဆီးချို​သွေးချို ​ရောဂါကဖြစ်​လာနိုင်​ပါတယ်​။ သဘာဝပျားရည်​ကိုထည့်​​သောက်​​ပေးတာသာလျှင်​ သင့်​​လျော်​ပါတယ်​။

ကျောက်​ကပ်​​ကျောက်​တည်​ခြင်း

sterjh 5

လက်​ဖက်​ရည်​​အေးကို များများစားစား ​သောက်​သုံးတဲ့အခါ ထိခိုက်​ခံစားရတဲ့အထဲ​ကျောက်​ကပ်​လဲထိပ်​ဆုံးကပါဝင်​ပါတယ်​။ မနှစ်​က CBS ရဲ့သတင်းမှာ လက်​ဖက်​ရည်​​အေးကို အလွန်​အကျွံ ​သောက်​ဖြစ်​ရင်း ရုတ်​တရက်​ ​ကျောက်​ကပ်​အလုပ်​မလုပ်​​တော့တဲ့လူတစ်​​ယောက်​ ကို ကြုံခဲ့ရဖူးပါတယ်​။

နှလုံး​သွေး​ကြောကျဉ်း​ရောဂါ

sterjh 4

ကဖင်းဓာတ်​များတဲ့ လက်​ဖက်​ရည်​ ဆိုရင်​လည်း နှလုံး​သွေး​ကြော​ရောဂါ​တွေ ကို ဖြစ်​​စေတတ်​ပါတယ်​တဲ့။ ​သွေးတိုးတတ်​သူ​တွေ၊ နှလုံးခုန်​မြန်​ရင်​တုန်​တတ်​သူ​တွေက​တော့ ပိုလို့​တောင်​​ရှောင်​ကြဉ်​သင့်​ပါတယ်​။

အဝလွန်​ခြင်း

sterjh 3

အချို​ဖျော်​ရည်​​တံဆိပ်​တိုင်းမှာ ကယ်​လိုရီဓာတ်​က အနည်းဆုံးအ​နေနဲ့ ၂၅၀ အထိပါဝင်​​နေကျပါ။ ဆိုဒါ​တွေထက်​​တောင်​ပိုပါ​သေးတယ်​။ ဒီထဲကို သကြားဓာတ်နဲ့ ​အချို​ထပ်​​ရောပြီး​သောက်​ဖြစ်​ရင်​​တော့ ဝိတ်​တက်​လာမှာက​ပြေးမလွတ်​ပါဘူး

လေသင်​တုန်းဖြတ်​ခြင်း

sterjh 2

လေပါဖြတ်​တဲ့အထိ အန္တရာယ်များလားလို့ ​မေးစရာရှိပါတယ်​။ အဓိကက​တော့သကြားဓာတ်​ပါဝင်​နှုန်းပါ။ ဒါက​နေတစ်​ဆင့်​ ဆိုးရွားလာရင်​ ​လေသင်​တုန်းလည်းဖြတ်​နို​င်​​ချေရှိပါတယ်​။

Facebook Comments
434 Shares