မိန်းကလေးတိုင်း မဖြစ်မနေသိရသင့်တဲ့ ပျိုမေတိုင်း အလေးမသင့်တယ် ဆိုတာ….

164

မိန်းကလေးတိုင်း မဖြစ်မနေသိရသင့်တဲ့ ပျိုမေတိုင်း အလေးမသင့်တယ် ဆိုတာ….

lagy 1

Gym ဆော့တဲ့အချိန်ကျရင် မိန်းကလေးတွေဆီက အများဆုံးကြားရတဲ့စကားက ‘အမလေး ဆရာ အလေးတုံးအကြီးကြီးတွေမ,မဘူးနော်။’ ‘ဆရာ သမီးကလေ ဒီအလေးတွေမ,မနိုင်ဘူး။ အလေးကြီးတွေမပေးပါနဲ့နော်။’ ‘ဆရာ ဒီအလေးတွေမ,ရင် ယောကျာ်းတွေလို လက်မောင်းကြီးတွေ၊ ကြွက်သားတွေ ထွက်လာမှာ။ မ,မဘူး’ ဆိုတဲ့စကားတွေပါပဲ။ ဒါပေမဲ့ တကယ်တမ်းကျတော့ မိန်းကလေးတွေ ကြောက်ကြတဲ့ အဲဒီအလေးကို မ,သင့်တဲ့အကြောင်းအရင်းရှိပါတယ်။ အဲဒါကတော့…

(၁) အဆီချတဲ့နေရာမှာ အများကြီးအထောက်အပံ့ပေးတယ်။

lagy 2

အလေးမ,တယ်ဆိုတာ ကြွက်သားတက်ဖို့၊ ကြွက်သားတွေ ကြီးလာဖို့လို့ပဲ သိထားကြတာမလား? တကယ်တမ်းကျတော့ ဒီလိုကြွက်သားတွေက အဆီနေရာကို အစားဝင်လာတဲ့အခါမှာ ခန္ဓာကိုယ်က ပိုကျစ်လျစ်ပြီး လေ့ကျင့်ခန်းလုပ်တဲ့အချိန်ရော လုပ်ပြီးတဲ့အချိန်မှာပါ အဆီလောင်ကျွမ်းတာကို အထောက်အကူပေးပါတယ်။

(၂) အိပ်ပျော်စေတယ်။

lagy 1

တကယ် အဲဒီလိုအသားကုန်အားထုတ်ပြီး မာန်နဲ့အံကြိတ်လုပ်ရတဲ့ လေ့ကျင့်ခန်းတွေက ကိုယ့်ရဲ့အိပ်စက်ခြင်းကို အရမ်းအထောက်အကူဖြစ်စေပါတယ်။ ခါတိုင်းအိပ်မပျော်တဲ့လူတောင် ဒီလိုအလေးမ,လိုက်တဲ့အချိန်မှာ အားအင်တွေအသားကုန် ထုတ်လိုက်ရတာမို့ ပင်ပန်းပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမှာပါ။

(၃) အားအင်တွေတိုးစေတယ်။

lagy 2

အားအင်ဆိုတဲ့နေရာမှာ ခန္ဓာကိုယ်ရော စိတ်ရောပေါ့နော်။ ခန္ဓာကိုယ်ကတော့ ယောင်းတို့သိတဲ့အတိုင်း အလေးမ,တဲ့အချိန်မှာ တစ်ဆင့်ချင်းထပ်ထပ်ပြီးတိုးနေရတာမို့ အားအင်အသစ်တွေရလာပြီး စိတ်ဓာတ်ကတော့ ကိုယ့်ကိုယ်ကိုယ် အမြဲစိန်ခေါ်နေရတာမို့ မလုပ်နိုင်တဲ့အနေအထားကနေ ငါလုပ်ကိုလုပ်နိုင်တယ်ဆိုတာမျိုးဖြစ်လာပြီး လူရောစိတ်ပါ ကောင်းကောင်းအင်အားဖြစ်လာစေပါတယ်။

(၄) ခန္ဓာကိုယ်ကောက်ကြောင်းပိုပေါ်တယ်။

lagy 1

မာဆယ်တွေတောင့်လာလေလေ ကိုယ့်ရဲ့ကောက်ကြောင်းကပိုပီပြင်လေပဲ။ ဘာလို့လဲဆိုတော့ အပေါ်ပြောထားတဲ့အတိုင်း အဆီတွေလောင်ကျွမ်းတဲ့အချိန်မှာ အစားဝင်လာတဲ့ ဒီကြွက်သားတွေက ကိုယ့်ခန္ဓာကိုယ်မှာ လိုအပ်တဲ့အစိတ်အပိုင်းတွေကိုပဲ သွားမှာမို့ သေချာပေါက် ခန္ဓာကိုယ်ကောက်ကြောင်းက ပေါ်ထွက်လာမှာပဲလေ။

(၅) နှလုံးရောဂါဖြစ်တာကို ကာကွယ်ပေးတယ်။

lagy 2

လေ့လာတွေ့ရှိချက်တွေအရ အလေးမ,တဲ့အားကစားကို လုပ်တဲ့အမျိုးသမီးတွေက သာမန်အမျိုးသမီးတွေထက် နှလုံးသွေးကြောကျဉ်းရောဂါ နှလုံးရောဂါတွေ အဖြစ်နည်းပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုအားထုတ်ရတဲ့လေ့ကျင့်ခန်းတွေက သွေးလည်ပတ်မှုနှုန်းကို မှန်စေပြီး သွေးတွင်းအဆီဓာတ်၊ အချိုဓာတ်တက်တာတွေကိုလည်း လျှော့ချပေးလို့လေ။

(၆) အရိုးပွရောဂါကိုကာကွယ်ပေးတယ်။

lagy 2

ဒါကတော့ အသက်ကြီးတဲ့အချိန်မှာ အရမ်းသိသာတယ်။ ငယ်ငယ်တုန်းက ပျင်းခဲ့သမျှကို အများဆုံးဒဏ်ခံရမှာက အသက်ကြီးလာတဲ့အချိန်မှာ အရိုးပွတာ၊ ခြေလက်တွေ မခိုင်တော့တာ စတာတွေပဲဖြစ်ပါတယ်။ အဲဒါတွေဖြစ်ရတဲ့ အကြောင်းအရင်းကို ပြန်ရှာကြည့်လိုက်တော့ ငယ်ငယ်တုန်းက ကိုယ့်အရိုးကို သန်မာအောင် မလေ့ကျင့်ခဲ့လို့ပါပဲ။ အခုအလေးမ,တဲ့လေ့ကျင့်ခန်းကတော့ ကိုယ့်ရဲ့တစ်ကိုယ်လုံးက ကြွက်သားတွေတင်မဟုတ်ဘူး အရိုးတွေကိုပါ သန်မာစေဦးမှာမို့ မဖြစ်မနေလုပ်သင့်တဲ့လေ့ကျင့်ခန်းပါပဲလို့။

lagy 1

အဓိကအားဖြင့် ဒီလိုအလေးမ,တဲ့လေ့ကျင့်ခန်းတွေက ကိုယ့်ရဲ့စိတ်ဖိစီးမှုတွေကိုလည်း ပြေလျော့စေပါသေးတယ်။ တစ်ခုခုဒေါသဖြစ်ခဲ့ရင်လည်း အဲဒါကိုဒီဖက်ထဲစိတ်ထည့် အော်ဟစ်ပြီးအလေးကိုမ, ဖွင့်ထုတ်လိုက်ရင် အနည်းနဲ့အများတော့ ကျေနပ်သွားတာပဲလေ။ ဒါကြောင့် အမျိုးသမီးတွေ မြန်မြန်မအိုစာဘဲ အရွယ်တင်နုပျိုချင်ရင်၊ ကိုယ့်ဘဝတစ်လျှောက်လုံးကျစ်ကျစ်လျစ်လျစ်နဲ့ ကျန်းကျန်းမာမာနေသွားချင်ရင် အလေးမ,တဲ့လေ့ကျင့်ခန်းကို လုပ်ပေးကြပါလို့!!!!

Facebook Comments
246 Shares