07.3.2019 မွ 13.3.2019 အထိ တစ္ပတ္စာ ၇ ရက္ သားသမီး ေဟာစာတမ္း…

1142

07.3.2019 မွ 13.3.2019 အထိ တစ္ပတ္စာ ၇ ရက္ သားသမီး ေဟာစာတမ္း…

တနဂၤေႏြ

ဒီကာလဟာ တစ္ေယာက္ထဲ အထီးက်န္ဆန္ ေနရတတ္တဲ့ အခ်ိန္ပါပဲ။ အိမ္မွ ာမေနခ်င္တာမ်ိဳးနဲ႔ လက္ရွိေနရာ ကေန အေဝးထြက္သြားခ်င္တဲ့ စိတ္ေတြ ျဖစ္ေပၚေနတတ္ပါတယ္။ ေဆြမ်ိဳးသားခ်င္းေတြေၾကာင့္ ေသာက ပိုေရာက္ရ ပါလိမ့္မယ္။ မိမိကိုယ္တိုင္ကလည္း စိတ္ခံစားမႈေတြ ျပင္းထန္ေနတတ္တဲ့ ကာလပါပဲ။

အရမ္း ရင္းႏွီးတဲ့သူေတြရဲ႕ သစၥာေဖာက္ျခင္း ခံရမည္။ ေအာက္လက္ ငယ္သားေတြကို အရမ္းအေရးႀကီးတဲ့ ကိစၥမ်ား မ်က္ႏွာလႊဲ မခိုင္းသင့္ပါ။ လူယုံဒုကၡေပးမဲ့ အခ်ိန္ပါပဲ။ အလုပ္ထဲမွာ စိတ္ႏွစ္ထားလို႔ မရ ျဖစ္ေနတတ္ပါတယ္။ လုပ္သေလာက္လည္း အက်ိဳးရရွိမႈ နည္းေနတတ္ပါတယ္။

က်န္းမာေရးကေတာ့ ေကာင္းေန တတ္တဲ့ အခ်ိန္ပါပဲ။ ကိုယ္တိုင္လဲ စိတ္လြတ္ကိုယ္လြတ္ အနားယူသင့္တဲ့ အခ်ိန္ပါပဲ။ အခ်စ္ေရးကေတာ့ အဆင္ေျပ ေနမဲ့ကာလပါပဲ။ ခ်စ္ရသူကို ဖြင့္ေျပာဖို႔အတြက္ ဒီကာလဟာ အေကာင္းဆုံး အခ်ိန္ပါပဲ။

အိမ္ေထာင္ေရးကံ အထူး ညံ့ေနခ်ိန္ပါ။ အိမ္ေထာင္ဘက္နဲ႔ မ်က္ႏွာခ်င္းဆိုင္ တာနဲ႔ ျပႆနာတတ္ျခင္း၊ စကား အေျခအတင္ ေျပာရျခင္းေတြ ႀကဳံရပါလိမ့္မယ္။ ပညာေရးမွ ာထပ္တလဲလဲ သင္ေနတဲ့ သင္ခန္းစာေတြေၾကာင့္ စိတ္ကုန္ေနမိ တတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၁/ ၅/ ဝ။အထူးေဟာ လုပ္ေနၾက အလုပ္ေတြ ေမ့ထားၿပီး သက္ေသာင့္သက္သာ ေနပါ။ယၾတာ ရဟန္းတစ္ပါးအား ထီးလႉေပးပါ။

တနလၤာ

အဘက္ဘက္က ေဖးမကူညီမႈေတြေၾကာင့္ လိုခ်င္ေသာ ပန္းတိုင္ကို ေရာက္မည္။ လုပ္ငန္းစီးပြား အထူးတိုး တတ္မည္။ ဝန္ထမ္းဆို ေနရာေပးခံရျခင္း ၊ေနရာေကာင္းရျခင္းေတြ ရွိလာ ပါလိမ့္မယ္။ ဒီကာလမွာပဲ အျခားသူမ်ားအား အႀကံေပးျခင္း၊ ႏႈတ္၏ ေဆာင္မျခင္းျဖင့္ ထိုသူေတြအဆင္ေျပေခ်ာေမြ႕မဲ့ ကာလပါပဲ။

မိမိၾသဇာ ေညာင္းမဲ့ အခ်ိန္ပါ။ ေကာင္းေသာခရီး ဘာသာေရးနဲ႔ သက္ဆိုင္ေသာ ခရီးေတြလဲ သြားရပါလိမ့္မယ္။ ခက္ခဲေနမဲ့ ေငြေၾကး က႑ေတြလည္း ေျပလည္လာမဲ့ အေနအထားမ်ိဳ းေတြ႕ရပါတယ္။ ဆုံးၿပီလို႔ ထင္ထားတဲ့ အေႂကြးေတြ ရပါလိမ့္မယ္။ လုပ္ငန္း အဆင္ေျပမည္။ အလုပ္ထဲမွ ာမိတ္ေဆြေတြနဲ႔လဲ အတြဲညီညီ လုပ္ကိုင္ႏိုင္ပါလိမ့္မယ္။

အခ်စ္ေရးကံ ေကာင္းေနေပမဲ့ ခ်စ္သူေရာ ကိုယ္ပါ အလုပ္ကိစၥေတြေၾကာင့္ ႏွစ္ဦးသားေတြ႕ဖို႔ အခ်ိန္မေပးႏိုင္ ျဖစ္တတ္ပါတယ္။ က်န္းမာေရး အေကာင္းဆုံး ကာလပါပဲ။ အိုးသစ္ အိမ္သစ္ ေနရာသစ္မွာ ေနရတတ္တယ္။ အိမ္တြင္းေရး အိမ္ေထာင္ေရးကေတာ့ အနည္းငယ္ ညံ့ေနမဲ့ကာလပါပဲ။ အထူးသျဖင့္ အမ်ိဳးူသမီးေတြ သတိရွိပါ။ လင္ေယာက်ာ္းနဲ႔ စကားအေျခအတင္ ေျပာရကိန္း ရွိပါတယ္။ ပညာေရးအေနနဲ႔ ေက်ာင္းပညာ အတန္းပညာထက္ ဘာသာေရးနဲ႔ ႏြယ္ေသာပညာမ်ား ရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၇ ၊ဝ ၊၆။အထူးေဟာ – ေျပာသမွ်ျဖစ္မည္။ယၾတာ – ေမြးေန႔တြင္ သစ္သီး ၆မ်ိဳး ဘုရားလႉပါ။

အဂၤါ

လူမႈေရး ပရဟိတကိစၥေတြကို အားတတ္သေရာ လုပ္မိေနတတ္ပါတယ္။ စိတ္ကိုလြတ္လပ္ေပါ့ပါးစြာ ေနခ်င္ ေနၿပီး အရာရာကို အေကာင္းျမင္ေန တတ္ပါတယ္။ စီးပြားေရးကေတာ့ ဟုန္းခနဲမေအာင္ျမင္ေပမဲ့ တျဖည္းျဖည္းတိုး တတ္မွာပါ။ အလုပ္စီးပြားက အတိုက္အခိုက္ေလးေတြ ရွိေပမဲ့ တိုးတတ္မဲ့သေဘာ ရွိတယ္။

အဆိုးဆုံးက သူမ်ားအႀကံေပးလို႔ဘာတစ္ခုမွ မလုပ္မိေစနဲ႔။ ဒုကၡေတြ႕လိမ့္မယ္။ မိမိဆုံးျဖတ္ခ်က္ ၊မိမိစိတ္ကူးနဲ႔သာ အနာဂတ္ကို ပုံေဖာ္သင့္တဲ့ အခ်ိန္ပါ။ ေငြေၾကးလာဘ္လာဘလဲ ေပါမ်ားေနတတ္တဲ့ အခ်ိန္ပါ။ ေငြအထူးဝင္မယ္။ စပ္တူရွယ္ယာ အလုပ္ေတြ ေကာင္းမြန္စြာ တိုးတတ္ေနခ်ိန္ ပါပဲ။ က်န္းမာေရး အားနည္းမႈေတြေ လ်ာ့ပါးသက္သာလာပါၿပီ။ နာတာရွည္ျဖစ္ေန သူေတာင္ ေဆးတိုးသြားမဲ့ အခ်ိန္ပါပဲ။

အခ်စ္ေရးကေတာ့ စိတ္ေကာက္လိုက္ ျပန္ခ်စ္လိုက္ျဖစ္ ေနမွာပါ။ အိမ္ေထာင္ ဘက္ရဲ႕ အိမ္ေထာင္ေရး ရႈပ္ေထြးမႈေလးေတြ စန္းပြင့္ေနမႈေတြေၾကာင့္ မိမိဗ်ာမ်ား ရတတ္ တယ္။ ပညာေရးေၾကာင့္ တစ္ဖက္တစ္လမ္းက ေငြဝင္မဲ့ ကံမ်ိဳးေတြ႕ရပါတယ္ဗ်ာ။ ပညာေရးအတြက္ ေက်ာင္းစတင္ အပ္ႏွံဖို႔ အေကာင္းဆုံး အခ်ိန္ကာလပါပဲ။

အက်ိဳးေပးဂဏန္း ၇ /ဝ/ ၃။အထူးေဟာ ေငြ႐ႊင္မည္။ယၾတာ ႀကံ ရည္တစ္ခြက္ ဘုရားကပ္လႉပူေဇာ္ပါ။

ဗုဒၶဟူး/ ရာဟု

ဒီတစ္ပတ္အတြင္း သူမ်ားကိစၥ ၾကားဝင္ ကူညီျခင္း၊ အာမခံျခင္း ေတြေၾကာင့္ အထူးဒုကၡေရာက္တတ္ပါတယ္။ လင္မယားၾကား မိတ္ေဆြေတြၾကား ဘယ္သူ႔ၾကားမွ မဝင္မိပါေစနဲ႔။ ဘယ္စီးပြားေရး နယ္ပယ္မွာလဲ အခုကာလမွာ ရတာကနည္းနည္း ၊ျပႆ နာ ရွင္းရတာက မ်ားမ်ားျဖစ္ေနလိမ့္မယ္။

ေ႐ႊေငြ လက္ဝတ္ရတနာမ်ား က်ေပ်ာက္ျခင္း သူခိုးခိုခံရျခင္းေတြ ႀကဳံႏိုင္တယ္။ အလုပ္မွာ ရန္ေပၚႏိုင္တဲ့ ကာလပါ။ လူမ်ိဳးျခား ဘာသာျခားေတြနဲ႔ ဆက္ဆံတာ၊ တြဲဖက္လုပ္တာမ်ိဳးဆို သတိနဲ႔လုပ္ပါ။ ထိုသူေတြရဲ႕ ဝိုင္းဝန္းေခ်ာက္ခ်ျခင္းကို ခံရႏိုင္ပါတယ္။ ေငြအသုံးဆင္ျခင္ပါ။ ေငြအရမ္း မသုံးမိပါေစနဲ႔။ မလိုအပ္တာ ေတြဝယ္မိ တတ္ပါတယ္။ က်န္းမာေရး အေနနဲ႔ကေတာ့အစား အေသာက္ ဆင္ျခင္ပါ။

ဆီမသန႔္တာေတြ မစားပါနဲ႔ ။ အစားမွား ေဆးမွားဆိုတာမ်ိဳး ႀကဳံရတတ္ပါတယ္။ စက္ပစၥည္း ဝယ္ဖို႔စိတ္ကူး ထားရင္ ဒီကာလအတြင္း မဝယ္ပါနဲ႔အုံး။ စီးပြားတြက္တြက္ေနတဲ့ ခ်စ္သူေၾကာင့္ စိတ္ညစ္ရမယ္။ ခ်စ္သူကို အခ်ိန္ေပးဖို႔ထက္ ေငြေနာက္ပဲ လိုက္ေနပါလိမ့္မယ္။ အိမ္ေထာင္ေရးကေတာ့ ထူးထူးျခားျခား သာယာပါလိမ့္မယ္။ ပညာေရးမွာတြက္စာကို မလိုက္ႏိုင္တာမ်ိဳး ႀကဳံရပါလိမ့္မယ္။ စာရွင္းျပခ်ိန္ ေသခ်ာအာ႐ုံစိုက္ ထားဖို႔ေတာ့ လိုပါတယ္။

အက်ိဳးေပးဂဏန္း ၂ ၊၄၊ ၆။အထူးေဟာ ကံညံ့ေနသည္။ယၾတာ သေဘၤာသီးေဖ်ာ္ရည္ တစ္ခြက္ ဘုရားကပ္လႉ လိုက္ပါဗ်ာ။

ၾကာသပေတး

မိမိလုပ္လိုက္တဲ့ ကိစၥရပ္ တစ္ခုအေပၚ မနာလိုသူေတြ မ်ားေနတတ္ပါတယ္။ အဲဒါေၾကာင့္ မိမိအမွားကိုေစာင့္ ဒုကၡေပးမယ္သူေတြ ရွိပါတယ္။ မိမိဘက္က မွန္ေနရင္ေတာ့ အရာရာကို ရင္ဆိုင္ေက်ာ္လႊားႏိုင္မွာ ျဖစ္ပါတယ္။ စပ္တူလုပ္ငန္းထဲ ေငြရင္းႏွီးထားသူမ်ား ဒီကာလကစလို႔ အက်ိဳးအျမတ္ စတင္ ရရွိပါၿပီ။

ေရွ႕တိုးေဆာင္႐ြက္မဲ့ ကိစၥမ်ား မိမိဆုံးျဖတ္ခ်က္ တစ္ခုတည္းနဲ႔ မဆုံးျဖတ္ပါနဲ႔။ မသြားခ်င္တဲ့ ေနရာသြားရျခင္း၊ နယ္ေျပာင္းခံရျခင္းေတြ ႀကဳံေတြ႕ ရပါလိမ့္မယ္။ အိမ္ေမြး တိရစာၦန္ေလးမ်ား လက္ေဆာင္ ရတတ္ပါတယ္။ က်န္းမာေရးလဲ အနည္းငယ္ အားနည္း ေနပါတယ္။ ေနပူနည္းနည္း မိတာမ်ိဳး၊ အိပ္ေရးပ်က္တာမ်ိဳး ႀကဳံတာနဲ႔ ဖ်ားနာတတ္ပါတယ္။

အခ်စ္ေရးကံ အလြန္ေကာင္းပါတယ္။ မိမိကိုယ္တိုင္လဲ စန္း ပြင့္ေနတတ္ပါတယ္။ စိတ္ေျပလက္ ေပ်ာက္ ခရီးထြက္ျခင္း၊ ကေလးေတြကို ေပ်ာ္ေအာင္ လုပ္ေပးျခင္းျဖင့္ ကံေတြျပန္ျမင့္လာပါလိမ့္မယ္။ အိမ္ေထာင္ေရး မွာ အိမ္ေထာင္ဘက္နဲ႔ အေနေဝးဖို႔ အေၾကာင္းဖန္ လာလိမ့္မယ္။ မိသားစုနဲ႔ ခြဲခြာရတတ္ပါတယ္။ ပညာေရးမွာ မိမိရဲ႕ အေတြးသစ္ အျမင္သစ္စိတ္ ကူးသစ္ေတြက အေထာက္အကူ ရမွာပါ။ ပညာေရးအတြက္ေတာ့ စိတ္ေအးခ်မ္းရမဲ့ အခ်ိန္ပါပဲ။

အက်ိဳးေပးဂဏန္း ၆/ ၅/ ၂ ။အထူးေဟာ အတိုက္အခိုက္ မ်ားေနမည္။ယၾတာ စံပယ္ပန္း ဘုရားလႉပါ

ေသာၾကာ

ကံဇာတာ အထူးျမင့္မား ေနခ်ိန္ပါပဲ။ ေငြေၾကး အဘက္ဘက္က ဝင္လာမဲ့ အခ်ိန္ပါပဲ။ ေငြအရမ္း႐ႊင္မွာပါ။ ေငြေၾကးရင္းႏွီးမႈ လုပ္ငန္းေတြ စတင္ျပဳလုပ္ဖို႔ ေကာင္းပါၿပီ။ တစ္ခု သတိထားရမွာက လူမ်ားမ်ားနဲ႔ အုပ္စုဖြဲ႕သြား လာျခင္း ၊ညဥ့္နက္သန္းေခါင္ အျပင္ထြက္ျခင္းကို ဒီကာလအတြင္းေလွ်ာ့ပါ။ ျပႆနာက မဖိတ္ေခၚဘဲ ေရာက္လာတတ္လို႔ပါ။

အစုစပ္အလုပ္ ၊ရွယ္ယာ အလုပ္ေတြ ခဏ ဆိုင္းထားပါအုံး။ အထိုင္ စီးပြားေရး လုပ္ငန္းမ်ား လူစည္ကား ေအာင္ျမင္ပါလိမ့္မည္။ ရပ္ေဝးသြားၿပီး ကုန္သြယ္ျခင္းမ်ိဳးက ဒီအခ်ိန္မွာ အရႈံးေပၚတတ္ပါတယ္။ က်န္းမာေရး ေဒါင္ေဒါင္ျမည္ေန ပါလိမ့္မယ္။ ေနမေကာင္း ျဖစ္ေနသူမ်ား ဒီကာလတြင္ ေဆးတိုးသြား တတ္ပါတယ္။နာတာရွည္ ေရာဂါသည္မ်ား ဆရာေကာင္း သမားေကာင္းေတြ႕မည္။

အခ်စ္ေရးကံ မေကာင္းတဲ့ အခ်ိန္ပါ။ မိမိေစတနာက ေဝဒနာ ျဖစ္ရတတ္ပါတယ္။ မိသားစုအတြက္ ပူပန္ေသာက ေရာက္ရတတ္ပါတယ္။ အထူးသျဖင့္ ေအာက္လက္ငယ္သား သားသမီးေတြေၾကာင့္ စိတ္ညစ္ရတာမ်ိဳးပါ။ အ႐ြယ္ေရာက္ၿပီးသား သမီးရွိက ႐ုတ္တရက္ အိမ္ေထာင္က် တတ္ပါတယ္။ ပညာေရးအတြက္ အေထာက္အပံ့ေကာင္းေတြ အကူအညီေကာင္းေတြ ရလာပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း -၃ ၊၆၊ ၂။အထူးေဟာ -ကံအထူး ေကာင္းသည္။ယၾတာ -ရဟန္းသံဃာေတြကို ေဆးလႉဒါန္းပါ။

စေန

ခရီးကိစၥ ေပၚလာတတ္ပါသည္။ ေအာက္လူေတြနဲ႔ လႊဲထားလို႔ မရဘဲ အေသးအမႊားကအစ မိမိကိုယ္တိုင္ လုပ္ေနရတတ္ပါတယ္။ ဗ်ာမ်ား ေနရမည္။ စိတ္ထဲ မတင္မက် ကိစၥေတြ ႀကဳံလာတတ္ပါတယ္။ ဆုံးျဖတ္ရ ခက္ခဲေနတဲ့ သေဘာပါပဲ။ အေရးႀကီး ကိစၥေတြကိုလဲ ဒီကာလအတြင္းဆုံးျဖတ္ခ်က္ မခ်ပါနဲ႔အုံး။ စီးပြားေရး ခ်ဲ႕ထြင္ဖို႔ စပ္တူလုပ္ငန္း စတင္ဖို႔ အေကာင္းဆုံး ကာလပါပဲ။

လခစား ဝန္ထမ္းမ်ား ေနရာေကာင္းရျခင္း ၊ရာထူးတိုးျခင္းမ်ိဳး ရွိေနလိမ့္မယ္။ လုပ္ငန္းတူအခ်င္းခ်င္း အားၿပိဳင္မႈ တိုက္ခိုက္မႈေတြ ရွိေပမဲ့ အဆုံးသတ္ မိမိသာ အႏိုင္ရမည္။ က်န္းမာေရးအေနနဲ႔ ထိခိုက္ရွနာ ေသြးထြက္သံယို ျဖစ္တတ္ပါတယ္။ လွ်ပ္စစ္ပစၥည္း၊ စက္ပစၥည္းေတြနဲ႔ ထိေတြ႕ လုပ္ကိုင္ရသူမ်ား သတိရွိရွိ ကိုင္တြယ္လုပ္ကိုင္ပါ။

အခ်စ္ေရး ကိစၥမ်ားမွာ မိမိအေနနဲ႔ ေ႐ြးခ်ယ္ရ ခက္ခဲတာမ်ိဳး ႀကဳံရပါ လိမ့္မယ္။ မိသားစုနဲ႔ အိမ္ေထာင္ဘက္ၾကား ဗ်ာမ်ားရမည္ ။ အလုပ္ အဆင္ေျပေနလို႔ အလုပ္ထဲ စိတ္ႏွစ္မယ္ ႀကံၿပီးခါမွ မိသားစု ျပႆနာေတြေၾကာင့္ အလုပ္ပ်က္ အကိုင္ပ်က္ ျဖစ္ေနရမည္။ ပညာေရး အခန္း က႑ကေတာ့ အားနည္းေန ပါတယ္။ ပညာေရးမွာ စာေမးပြဲခန္းေရာက္မွ စာေတြ ေမ့လြယ္တတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၄ /၈ /၂ ။အထူးေဟာ အလုပ္ပို ကိစၥပိုေတြ မ်ားေန ရတတ္ပါတယ္။ယၾတာ ဗုဒၶဟူးေထာင့္မွာ ႐ြက္လွ ၄ ၫြန႔္ လႉတန္း ေပးပါ။

၇ ရက္ သားသမီး အေပါင္း ေကာင္းက်ိဳးလိုအင္ ဆႏၵေတြ ျပည့္ဝၾကပါေစ။

Unicode Font

07.3.2019 မှ 13.3.2019 အထိ တစ်ပတ်စာ ၇ ရက် သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဒီကာလဟာ တစ်ယောက်ထဲ အထီးကျန်ဆန် နေရတတ်တဲ့ အချိန်ပါပဲ။ အိမ်မှ ာမနေချင်တာမျိုးနဲ့ လက်ရှိနေရာ ကနေ အဝေးထွက်သွားချင်တဲ့ စိတ်တွေ ဖြစ်ပေါ်နေတတ်ပါတယ်။ ဆွေမျိုးသားချင်းတွေကြောင့် သောက ပိုရောက်ရ ပါလိမ့်မယ်။ မိမိကိုယ်တိုင်ကလည်း စိတ်ခံစားမှုတွေ ပြင်းထန်နေတတ်တဲ့ ကာလပါပဲ။

အရမ်း ရင်းနှီးတဲ့သူတွေရဲ့ သစ္စာဖောက်ခြင်း ခံရမည်။ အောက်လက် ငယ်သားတွေကို အရမ်းအရေးကြီးတဲ့ ကိစ္စများ မျက်နှာလွှဲ မခိုင်းသင့်ပါ။ လူယုံဒုက္ခပေးမဲ့ အချိန်ပါပဲ။ အလုပ်ထဲမှာ စိတ်နှစ်ထားလို့ မရ ဖြစ်နေတတ်ပါတယ်။ လုပ်သလောက်လည်း အကျိုးရရှိမှု နည်းနေတတ်ပါတယ်။

ကျန်းမာရေးကတော့ ကောင်းနေ တတ်တဲ့ အချိန်ပါပဲ။ ကိုယ်တိုင်လဲ စိတ်လွတ်ကိုယ်လွတ် အနားယူသင့်တဲ့ အချိန်ပါပဲ။ အချစ်ရေးကတော့ အဆင်ပြေ နေမဲ့ကာလပါပဲ။ ချစ်ရသူကို ဖွင့်ပြောဖို့အတွက် ဒီကာလဟာ အကောင်းဆုံး အချိန်ပါပဲ။

အိမ်ထောင်ရေးကံ အထူး ညံ့နေချိန်ပါ။ အိမ်ထောင်ဘက်နဲ့ မျက်နှာချင်းဆိုင် တာနဲ့ ပြဿနာတတ်ခြင်း၊ စကား အခြေအတင် ပြောရခြင်းတွေ ကြုံရပါလိမ့်မယ်။ ပညာရေးမှ ာထပ်တလဲလဲ သင်နေတဲ့ သင်ခန်းစာတွေကြောင့် စိတ်ကုန်နေမိ တတ်ပါတယ်။

အကျိုးပေးဂဏန်း ၁/ ၅/ ဝ။အထူးဟော လုပ်နေကြ အလုပ်တွေ မေ့ထားပြီး သက်သောင့်သက်သာ နေပါ။ယတြာ ရဟန်းတစ်ပါးအား ထီးလှူပေးပါ။

တနင်္လာ

အဘက်ဘက်က ဖေးမကူညီမှုတွေကြောင့် လိုချင်သော ပန်းတိုင်ကို ရောက်မည်။ လုပ်ငန်းစီးပွား အထူးတိုး တတ်မည်။ ဝန်ထမ်းဆို နေရာပေးခံရခြင်း ၊နေရာကောင်းရခြင်းတွေ ရှိလာ ပါလိမ့်မယ်။ ဒီကာလမှာပဲ အခြားသူများအား အကြံပေးခြင်း၊ နှုတ်၏ ဆောင်မခြင်းဖြင့် ထိုသူတွေအဆင်ပြေချောမွေ့မဲ့ ကာလပါပဲ။

မိမိသြဇာ ညောင်းမဲ့ အချိန်ပါ။ ကောင်းသောခရီး ဘာသာရေးနဲ့ သက်ဆိုင်သော ခရီးတွေလဲ သွားရပါလိမ့်မယ်။ ခက်ခဲနေမဲ့ ငွေကြေး ကဏ္ဍတွေလည်း ပြေလည်လာမဲ့ အနေအထားမျို းတွေ့ရပါတယ်။ ဆုံးပြီလို့ ထင်ထားတဲ့ အကြွေးတွေ ရပါလိမ့်မယ်။ လုပ်ငန်း အဆင်ပြေမည်။ အလုပ်ထဲမှ ာမိတ်ဆွေတွေနဲ့လဲ အတွဲညီညီ လုပ်ကိုင်နိုင်ပါလိမ့်မယ်။

အချစ်ရေးကံ ကောင်းနေပေမဲ့ ချစ်သူရော ကိုယ်ပါ အလုပ်ကိစ္စတွေကြောင့် နှစ်ဦးသားတွေ့ဖို့ အချိန်မပေးနိုင် ဖြစ်တတ်ပါတယ်။ ကျန်းမာရေး အကောင်းဆုံး ကာလပါပဲ။ အိုးသစ် အိမ်သစ် နေရာသစ်မှာ နေရတတ်တယ်။ အိမ်တွင်းရေး အိမ်ထောင်ရေးကတော့ အနည်းငယ် ညံ့နေမဲ့ကာလပါပဲ။ အထူးသဖြင့် အမျိုးူသမီးတွေ သတိရှိပါ။ လင်ယောကျာ်းနဲ့ စကားအခြေအတင် ပြောရကိန်း ရှိပါတယ်။ ပညာရေးအနေနဲ့ ကျောင်းပညာ အတန်းပညာထက် ဘာသာရေးနဲ့ နွယ်သောပညာများ ရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၇ ၊ဝ ၊၆။အထူးဟော – ပြောသမျှဖြစ်မည်။ယတြာ – မွေးနေ့တွင် သစ်သီး ၆မျိုး ဘုရားလှူပါ။

အင်္ဂါ

လူမှုရေး ပရဟိတကိစ္စတွေကို အားတတ်သရော လုပ်မိနေတတ်ပါတယ်။ စိတ်ကိုလွတ်လပ်ပေါ့ပါးစွာ နေချင် နေပြီး အရာရာကို အကောင်းမြင်နေ တတ်ပါတယ်။ စီးပွားရေးကတော့ ဟုန်းခနဲမအောင်မြင်ပေမဲ့ တဖြည်းဖြည်းတိုး တတ်မှာပါ။ အလုပ်စီးပွားက အတိုက်အခိုက်လေးတွေ ရှိပေမဲ့ တိုးတတ်မဲ့သဘော ရှိတယ်။

အဆိုးဆုံးက သူများအကြံပေးလို့ဘာတစ်ခုမှ မလုပ်မိစေနဲ့။ ဒုက္ခတွေ့လိမ့်မယ်။ မိမိဆုံးဖြတ်ချက် ၊မိမိစိတ်ကူးနဲ့သာ အနာဂတ်ကို ပုံဖော်သင့်တဲ့ အချိန်ပါ။ ငွေကြေးလာဘ်လာဘလဲ ပေါများနေတတ်တဲ့ အချိန်ပါ။ ငွေအထူးဝင်မယ်။ စပ်တူရှယ်ယာ အလုပ်တွေ ကောင်းမွန်စွာ တိုးတတ်နေချိန် ပါပဲ။ ကျန်းမာရေး အားနည်းမှုတွေေ လျာ့ပါးသက်သာလာပါပြီ။ နာတာရှည်ဖြစ်နေ သူတောင် ဆေးတိုးသွားမဲ့ အချိန်ပါပဲ။

အချစ်ရေးကတော့ စိတ်ကောက်လိုက် ပြန်ချစ်လိုက်ဖြစ် နေမှာပါ။ အိမ်ထောင် ဘက်ရဲ့ အိမ်ထောင်ရေး ရှုပ်ထွေးမှုလေးတွေ စန်းပွင့်နေမှုတွေကြောင့် မိမိဗျာများ ရတတ် တယ်။ ပညာရေးကြောင့် တစ်ဖက်တစ်လမ်းက ငွေဝင်မဲ့ ကံမျိုးတွေ့ရပါတယ်ဗျာ။ ပညာရေးအတွက် ကျောင်းစတင် အပ်နှံဖို့ အကောင်းဆုံး အချိန်ကာလပါပဲ။

အကျိုးပေးဂဏန်း ၇ /ဝ/ ၃။အထူးဟော ငွေရွှင်မည်။ယတြာ ကြံ ရည်တစ်ခွက် ဘုရားကပ်လှူပူဇော်ပါ။

ဗုဒ္ဓဟူး/ ရာဟု

ဒီတစ်ပတ်အတွင်း သူများကိစ္စ ကြားဝင် ကူညီခြင်း၊ အာမခံခြင်း တွေကြောင့် အထူးဒုက္ခရောက်တတ်ပါတယ်။ လင်မယားကြား မိတ်ဆွေတွေကြား ဘယ်သူ့ကြားမှ မဝင်မိပါစေနဲ့။ ဘယ်စီးပွားရေး နယ်ပယ်မှာလဲ အခုကာလမှာ ရတာကနည်းနည်း ၊ပြဿ နာ ရှင်းရတာက များများဖြစ်နေလိမ့်မယ်။

ရွှေငွေ လက်ဝတ်ရတနာများ ကျပျောက်ခြင်း သူခိုးခိုခံရခြင်းတွေ ကြုံနိုင်တယ်။ အလုပ်မှာ ရန်ပေါ်နိုင်တဲ့ ကာလပါ။ လူမျိုးခြား ဘာသာခြားတွေနဲ့ ဆက်ဆံတာ၊ တွဲဖက်လုပ်တာမျိုးဆို သတိနဲ့လုပ်ပါ။ ထိုသူတွေရဲ့ ဝိုင်းဝန်းချောက်ချခြင်းကို ခံရနိုင်ပါတယ်။ ငွေအသုံးဆင်ခြင်ပါ။ ငွေအရမ်း မသုံးမိပါစေနဲ့။ မလိုအပ်တာ တွေဝယ်မိ တတ်ပါတယ်။ ကျန်းမာရေး အနေနဲ့ကတော့အစား အသောက် ဆင်ခြင်ပါ။

ဆီမသန့်တာတွေ မစားပါနဲ့ ။ အစားမှား ဆေးမှားဆိုတာမျိုး ကြုံရတတ်ပါတယ်။ စက်ပစ္စည်း ဝယ်ဖို့စိတ်ကူး ထားရင် ဒီကာလအတွင်း မဝယ်ပါနဲ့အုံး။ စီးပွားတွက်တွက်နေတဲ့ ချစ်သူကြောင့် စိတ်ညစ်ရမယ်။ ချစ်သူကို အချိန်ပေးဖို့ထက် ငွေနောက်ပဲ လိုက်နေပါလိမ့်မယ်။ အိမ်ထောင်ရေးကတော့ ထူးထူးခြားခြား သာယာပါလိမ့်မယ်။ ပညာရေးမှာတွက်စာကို မလိုက်နိုင်တာမျိုး ကြုံရပါလိမ့်မယ်။ စာရှင်းပြချိန် သေချာအာရုံစိုက် ထားဖို့တော့ လိုပါတယ်။

အကျိုးပေးဂဏန်း ၂ ၊၄၊ ၆။အထူးဟော ကံညံ့နေသည်။ယတြာ သင်္ဘောသီးဖျော်ရည် တစ်ခွက် ဘုရားကပ်လှူ လိုက်ပါဗျာ။

ကြာသပတေး

မိမိလုပ်လိုက်တဲ့ ကိစ္စရပ် တစ်ခုအပေါ် မနာလိုသူတွေ များနေတတ်ပါတယ်။ အဲဒါကြောင့် မိမိအမှားကိုစောင့် ဒုက္ခပေးမယ်သူတွေ ရှိပါတယ်။ မိမိဘက်က မှန်နေရင်တော့ အရာရာကို ရင်ဆိုင်ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ စပ်တူလုပ်ငန်းထဲ ငွေရင်းနှီးထားသူများ ဒီကာလကစလို့ အကျိုးအမြတ် စတင် ရရှိပါပြီ။

ရှေ့တိုးဆောင်ရွက်မဲ့ ကိစ္စများ မိမိဆုံးဖြတ်ချက် တစ်ခုတည်းနဲ့ မဆုံးဖြတ်ပါနဲ့။ မသွားချင်တဲ့ နေရာသွားရခြင်း၊ နယ်ပြောင်းခံရခြင်းတွေ ကြုံတွေ့ ရပါလိမ့်မယ်။ အိမ်မွေး တိရစ္ဆာန်လေးများ လက်ဆောင် ရတတ်ပါတယ်။ ကျန်းမာရေးလဲ အနည်းငယ် အားနည်း နေပါတယ်။ နေပူနည်းနည်း မိတာမျိုး၊ အိပ်ရေးပျက်တာမျိုး ကြုံတာနဲ့ ဖျားနာတတ်ပါတယ်။

အချစ်ရေးကံ အလွန်ကောင်းပါတယ်။ မိမိကိုယ်တိုင်လဲ စန်း ပွင့်နေတတ်ပါတယ်။ စိတ်ပြေလက် ပျောက် ခရီးထွက်ခြင်း၊ ကလေးတွေကို ပျော်အောင် လုပ်ပေးခြင်းဖြင့် ကံတွေပြန်မြင့်လာပါလိမ့်မယ်။ အိမ်ထောင်ရေး မှာ အိမ်ထောင်ဘက်နဲ့ အနေဝေးဖို့ အကြောင်းဖန် လာလိမ့်မယ်။ မိသားစုနဲ့ ခွဲခွာရတတ်ပါတယ်။ ပညာရေးမှာ မိမိရဲ့ အတွေးသစ် အမြင်သစ်စိတ် ကူးသစ်တွေက အထောက်အကူ ရမှာပါ။ ပညာရေးအတွက်တော့ စိတ်အေးချမ်းရမဲ့ အချိန်ပါပဲ။

အကျိုးပေးဂဏန်း ၆/ ၅/ ၂ ။အထူးဟော အတိုက်အခိုက် များနေမည်။ယတြာ စံပယ်ပန်း ဘုရားလှူပါ

သောကြာ

ကံဇာတာ အထူးမြင့်မား နေချိန်ပါပဲ။ ငွေကြေး အဘက်ဘက်က ဝင်လာမဲ့ အချိန်ပါပဲ။ ငွေအရမ်းရွှင်မှာပါ။ ငွေကြေးရင်းနှီးမှု လုပ်ငန်းတွေ စတင်ပြုလုပ်ဖို့ ကောင်းပါပြီ။ တစ်ခု သတိထားရမှာက လူများများနဲ့ အုပ်စုဖွဲ့သွား လာခြင်း ၊ညဉ့်နက်သန်းခေါင် အပြင်ထွက်ခြင်းကို ဒီကာလအတွင်းလျှော့ပါ။ ပြဿနာက မဖိတ်ခေါ်ဘဲ ရောက်လာတတ်လို့ပါ။

အစုစပ်အလုပ် ၊ရှယ်ယာ အလုပ်တွေ ခဏ ဆိုင်းထားပါအုံး။ အထိုင် စီးပွားရေး လုပ်ငန်းများ လူစည်ကား အောင်မြင်ပါလိမ့်မည်။ ရပ်ဝေးသွားပြီး ကုန်သွယ်ခြင်းမျိုးက ဒီအချိန်မှာ အရှုံးပေါ်တတ်ပါတယ်။ ကျန်းမာရေး ဒေါင်ဒေါင်မြည်နေ ပါလိမ့်မယ်။ နေမကောင်း ဖြစ်နေသူများ ဒီကာလတွင် ဆေးတိုးသွား တတ်ပါတယ်။နာတာရှည် ရောဂါသည်များ ဆရာကောင်း သမားကောင်းတွေ့မည်။

အချစ်ရေးကံ မကောင်းတဲ့ အချိန်ပါ။ မိမိစေတနာက ဝေဒနာ ဖြစ်ရတတ်ပါတယ်။ မိသားစုအတွက် ပူပန်သောက ရောက်ရတတ်ပါတယ်။ အထူးသဖြင့် အောက်လက်ငယ်သား သားသမီးတွေကြောင့် စိတ်ညစ်ရတာမျိုးပါ။ အရွယ်ရောက်ပြီးသား သမီးရှိက ရုတ်တရက် အိမ်ထောင်ကျ တတ်ပါတယ်။ ပညာရေးအတွက် အထောက်အပံ့ကောင်းတွေ အကူအညီကောင်းတွေ ရလာပါလိမ့်မယ်။

အကျိုးပေးဂဏန်း -၃ ၊၆၊ ၂။အထူးဟော -ကံအထူး ကောင်းသည်။ယတြာ -ရဟန်းသံဃာတွေကို ဆေးလှူဒါန်းပါ။

စနေ

ခရီးကိစ္စ ပေါ်လာတတ်ပါသည်။ အောက်လူတွေနဲ့ လွှဲထားလို့ မရဘဲ အသေးအမွှားကအစ မိမိကိုယ်တိုင် လုပ်နေရတတ်ပါတယ်။ ဗျာများ နေရမည်။ စိတ်ထဲ မတင်မကျ ကိစ္စတွေ ကြုံလာတတ်ပါတယ်။ ဆုံးဖြတ်ရ ခက်ခဲနေတဲ့ သဘောပါပဲ။ အရေးကြီး ကိစ္စတွေကိုလဲ ဒီကာလအတွင်းဆုံးဖြတ်ချက် မချပါနဲ့အုံး။ စီးပွားရေး ချဲ့ထွင်ဖို့ စပ်တူလုပ်ငန်း စတင်ဖို့ အကောင်းဆုံး ကာလပါပဲ။

လခစား ဝန်ထမ်းများ နေရာကောင်းရခြင်း ၊ရာထူးတိုးခြင်းမျိုး ရှိနေလိမ့်မယ်။ လုပ်ငန်းတူအချင်းချင်း အားပြိုင်မှု တိုက်ခိုက်မှုတွေ ရှိပေမဲ့ အဆုံးသတ် မိမိသာ အနိုင်ရမည်။ ကျန်းမာရေးအနေနဲ့ ထိခိုက်ရှနာ သွေးထွက်သံယို ဖြစ်တတ်ပါတယ်။ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်းတွေနဲ့ ထိတွေ့ လုပ်ကိုင်ရသူများ သတိရှိရှိ ကိုင်တွယ်လုပ်ကိုင်ပါ။

အချစ်ရေး ကိစ္စများမှာ မိမိအနေနဲ့ ရွေးချယ်ရ ခက်ခဲတာမျိုး ကြုံရပါ လိမ့်မယ်။ မိသားစုနဲ့ အိမ်ထောင်ဘက်ကြား ဗျာများရမည် ။ အလုပ် အဆင်ပြေနေလို့ အလုပ်ထဲ စိတ်နှစ်မယ် ကြံပြီးခါမှ မိသားစု ပြဿနာတွေကြောင့် အလုပ်ပျက် အကိုင်ပျက် ဖြစ်နေရမည်။ ပညာရေး အခန်း ကဏ္ဍကတော့ အားနည်းနေ ပါတယ်။ ပညာရေးမှာ စာမေးပွဲခန်းရောက်မှ စာတွေ မေ့လွယ်တတ်ပါတယ်။

အကျိုးပေးဂဏန်း ၄ /၈ /၂ ။အထူးဟော အလုပ်ပို ကိစ္စပိုတွေ များနေ ရတတ်ပါတယ်။ယတြာ ဗုဒ္ဓဟူးထောင့်မှာ ရွက်လှ ၄ ညွန့် လှူတန်း ပေးပါ။

၇ ရက် သားသမီး အပေါင်း ကောင်းကျိုးလိုအင် ဆန္ဒတွေ ပြည့်ဝကြပါစေ။

Facebook Comments
5K Shares