ဆက်သွယ်ရေး တာဝါတိုင် အနီးနေထိုင်ခြင်း၏ ကြောက်စရာကောင်းတဲ့ ဆိုးကျိုးများ

1262
towertai 1
towertai 1

ဆက်သွယ်ရေး တာဝါတိုင် အနီးနေထိုင်ခြင်း၏ ကြောက်စရာကောင်းတဲ့ ဆိုးကျိုးများ

သြစတေးလျ မှာ လုပ်ခဲ့တဲ့လေ့လာမှုတွေအရ ရုပ်မြင်သံကြား ထုတ်လွှင့်တဲ့ တာဝါတိုင်တွေ ရေဒီယို အသံလွှင့် တာဝါတိုင်တွေ ဆက်သွယ်ရေး တာဝါတိုင်တွေအနီးမှာ နေတဲ့ ကလေးတွေဟာ သွေးကင်ဆာဖြစ်ဖို့ အခွင့်အရေး သုံးဆပိုများပါတယ်။

ဂျာမန်ပညာရှင်တွေလေ့လာချက်အရကတော့ဆက်သွယ်ရေး တာဝါတိုင်တွေနဲ့ အနီး400 မီတာ အတွင်းမှာနေရင် ကင်ဆာဖြစ်ဖို့ အခွင့်အလမ်း သုံးဆပိုများပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေ။ သန္ဓေသားနဲ့ ကလေးတွေမှာ ထိခိုက်မှုပိုဖြစ်တယ်။ကလေးငယ်တွေက ဦးခေါင်းခွံ ဖွံ့ဖြိုးဆဲမို့ ဦးခေါင်းခွံမမာသေးလို့ ပိုထိခိုက်တာပါ။

မီတာ သုံးရာအတွင်းနေထိုင်ခဲ့မယ်ဆိုရင်တော့ ကင်ဆာဖြစ်ခြင်း။နေ့မစေ့ပဲကလေးမွေးခြင်း။ အိပ်စက်မရခြင်း။ ခေါင်းကိုက်ခြင်း။ ပင်ပန်းနွမ်းနယ်ခြင်း။ အဆစ်အမြစ်နာခြင်း။ မှတ်ဥာဏ်ဆုံးရှုံးခြင်း။ အာရုံစိုက်နိုင်မှုလျော့ကျခြင်း။ အစာမကျေခြင်းနဲ့ ကျန်တဲ့ကျန်းမာရေးဆိုးကျိုးများစွာဖြစ်နိုင်ပါတယ်။ လိပ်ပြာ ။ပျား။ ငှက်ကလေးများနဲ့ အခြားအင်းဆက်ပိုးတွေလည်း မျိုးသုဉ်းပျောက်ကွယ်သွားနိုင်ပါတယ်။

ဒီအသိတွေမရှိသေးတာတစ်ကြောင်း ဆက်သွယ်ရေး ကုမ္ပဏီတွေက မြေငှားရလွယ်တဲ့နေရာတွေဖြစ်တာတစ်ကြောင်းကြောင့် နိုင်ငံတော်တော်များများမှာ အများပြည်သူပိုင် ကျောင်း။ ဆေးရုံ။ စာတိုက်။ ဘာသာရေးဆိုင်ရာနေရာ ။ ပန်းခြံ စတဲ့နေရာတွေမှာ တာဝါတိုင်တွေရှိတတ်ပါတယ်။ ဒါမျိုးတွေကို မပြုလုပ်ဖို့  ဝိုင်းဝန်းတားမြစ်သင့်ပါတယ်။ တာဝါတိုင်တွေနဲ့ ဝေးလွန်းသွားရင်ရော ဆက်သွယ်ရေး ကွန်ရက် မချိတ်ဆက်မိမှာစိုးရပါတယ်။

Signals ရဖို့ ကတော့ မြေပြင်အနေအထား ။ transmitter အမျိုးအစား။ cell size။ တွေပေါ်မူတည်ပြီး အကွာအဝေးက ပြောင်းလဲနိုင်ပါတယ်။ တောင်ကုန်း။ သစ်ပင် ။ အဆောက်အဦးတွေကလည်း signals ကို အားနည်းစေတတ်ပါသတဲ့။ ဒီအချက်တွေပေါ်မူတည်ပြီး အဝေးဆုံး 22မိုင် နဲ့ 45 မိုင်ကြား လိုင်းမိဖို့ ဖြစ်နိုင်ပါတယ်လို့ဆိုထားပါတယ်။

1မိုင်=1. 609 ကီလိုမီတာ

ဆက်သွယ်ရေးတာဝါတိုင်တွေနဲ့ ပတ်သတ်ပြီး ကျနော်ရှာဖွေရသမျှလေးတွေကို Share့ ပေးတာပါ။ အခြားသိထားတာလေးတွေရှိရင်လည်း Share ပေးပါဦးခင်ဗျ။ ပြည်သူတွေ ကို ဆက်သွယ်ရေးcompanyတွေက ဂျင်းထည့်လို့မရအောင်ပါ။

ဒါမျိုးအသိတွေကို ပြည်သူတွေကလည်းသိဖို့ လိုသလို လူတွေအနီးအနားမှာ တည်ဆောက်ခွင့်မပြုဖို့  အာဏာပိုင် အဖွဲ့အစည်းမှာလည်း တာဝန်ရှိတယ်ထင်တယ်။ ကဲ စာရှု့သူ သင်ကရောဘယ်လိုမြင်ပါသလဲ?

” ဆဲလ်ဖုန်းတာဝါတိုင် သင့်အနီးနာမှာရှိရင် သင်အမြန်သေဖိုက ၈၀% ရှိပြီ”

သင့်အိမ်နားမှာဆဲလ်ဖုန်းတာဝါတိုင် ရှိသလားဆက်သွယ်ရေးနည်းစနစ်တွေလျင်မြန်စွာတိုးတက်လာခြင်းနှင့်အတူလူသားတွေဟာအားကောင်းတဲ့ ကြိုးမဲ့မိုက္ကရိုဝေ့ဖ် လိုင်းတွေရဲ့ရိုက်ခတ်မူကိုများပြားစွာခံစားလာရပါတယ်။

အပြည်ပြည်ဆိုင်ရာကြိုးမဲ့ဆက်သွယ်ရေးအဖွဲ့ကြီး၏ ခန့်မှန်းချက်အရကမ္ဘာတစ်ဝန်းမှာဆဲလ်ဖုန်းသုံးစွဲသူပေါင်း (3) ဘီလီယံကျော်တယ်လို့ဆိုပါတယ်။

ဒါကြောင့်ဒီခေတ်လူသားတွေဟာဘိုးဘွားတွေထက်လျှပ်စစ်သံလိုက်လိုင်း အဆပေါင်းသန်းတစ်ရာလောက်ပိုမိုထိတွေ့ခံစားနေရပါတယ် အဆိုပါလျှပ်စစ်သံလိုက်ဓါတ်တွေများပြားလာရခြင်းဟာ အဓိကအရေးပါတဲ့ အကြောင်းကိစ္စတစ်ရပ်ဖြစ်ပါတယ်။ အများအားဖြင်းဆဲလ်ဖုန်းတာဝါတိုင်တွေကို ကုန်းမြင့်တောင်တန်းပေါ်မှာတည်ဆောက်ကြလေ့ရှိပြီး ယခုအခါမှာတော့ လူနေဧရိယာထဲမှာပါတည်ဆောက်လာကြပါတယ် လျှပ်စစ်သံလိုက်စက်ကွင်း Electronic Megnetic Fielts တွေဟာလူသားတွေနဲ့ တိရစ္ဆာန်တွေရဲ့ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေပါတယ်။

လေ့လာမူတွေအရ လျပ်စစ်သံလိုက်စက်ကွင်းထွက်ရှိတဲ့ပင်မဓါတ်အားပေးတာဝါများနှင့်ဆဲလ်ဖုန်းတာဝါများအနီး နေထိုင်သူတွေဟာစိတ်ဖိစီးမှု အိပ်စက်မူဆိုင်ရာ ပြဿနာများ ကလေးမရနိုင်ခြင်း (မြုံသွားတတ်ခြင်း) ကင်ဆာမှသည်အယ်လ်ဇိုင်းမားရောဂါအထိဖြစ်ပွားကြောင်းသိရပါသည်။

ဆဲဖုန်းတာဝါတိုင်များမှထုတ်လွှင့်သောလိုင်းပမာဏဆဲဖုန်းတာဝါတိုင်တွေမှာလျှပ်စစ်သံလိုက်လိုင်းတွေကို ဖမ်းယူမူ ထုတ်လွှင့်မူ အချက်ပြမှုတွေကိုပြုလုပ်ရပါတယ်။ဖုန်းတာဝါတိုင်တွေထုတ်လွှင့်တဲ့မိုက်ခရိုဝေးလ်ကြိမ်နှုန်း Frequency ဟာ(1900 MHZ) ရှိပါတယ် ဒါဟာအလွန်အန္တရာယ်များတဲ့ပမာဏဖြစ်ပါတယ်။

ယခုလတ်တလောလေ့လာချက်တွေအရ ဖုန်းတာဝါတိုင်တွေရဲ့၁ စတုရန်းကီလိုမီတာပတ်လည်အတွင်းရှိနေတဲ့ မည်သည့်သက်ရှိကိုမဆိုထိခိုက်မှုရှိကြောင်းသိရပါတယ်။လူ့ခန္ဓာကိုယ်ဟာလည်းလျှပ်စစ်သံလိုက်ဓါတ်ရှိပြီးကြိမ်နှူန်း (10 HZ)လောက်ရှိပါတယ် လူခန္ဓာကိုယ်ကလပ်စည်းဆဲလ်တခုခြင်းဆီမှာလည်း လျှပ်စစ်သံလိုက်ဓါတ်ရှိပါတယ်။ အဆိုပါကလပ်စည်းအတွင်းကလျှပ်စစ်သံလိုက်ဓါတ်ကိုမျှခြေဖြစ်နေအောင်ထိန်းသိမ်းခြင်းဟာ ကျန်းမာရေးအတွက်အရေးကြီးပါတယ်။

ဆယ်စုနှစ်နှင့်ချီပြီးလေ့လာခဲ့တဲ့သုတေသနတွေအရခန္ဓာကိုယ်တွင်းကလျှပ်စစ်သံလိုက်ဓါတ်ကြိမ်နှုန်း(10HZ)ထက်ပိုများတဲ့မည်သည့်လျပ်စစ်သံလိုက်ကြိမ်နှုန်းမဆို လူသားရဲ့ခန္ဓာကိုယ်ကိုပြင်းထန်တဲ့ဖိစီးမှုနှင့်ကျန်းမာရေးပြဿနာများပေးနိုင်သည်။ထိတွေ့ရသည့်သံလိုက်လှိုင်းကြိမ်နှုန်းပိုမြင့်မားလေလေ ထိခိုက်မှုပိုများလေလေဖြစ်ပါတယ် မိုဘိုင်းဖုန်းတာဝါတိုင်တွေကထုတ်လွှုင့်တဲ့ကြိမ်နှုန်း (1900MHZ)နှင့်နှိုင်းယှဉ်စဉ်းစားကြည့်နိုင်ပါတယ်။

အဲဒီလိုမြင့်မားတဲ့EM Frequencyတွေဟာခန္ဓာကိုယ်ထဲကChemical and Molecular Bonds ဓာတုဗေဒနှင့် မော်လီကျူး ဆိုင်ရာဖွဲ့စည်းပုံတွေကိုဖျက်ဆီးပြစ်နိုင်ပါတယ်။ လျှပ်စစ်သံလိုက်ကြိမ်နှုန်းတွေကြောင့် -အင်ဇိုင်းများ -DNA -ကိုယ်တွင်းဇီဝဖြစ်ပျက်မှု (Metabolism) – မျိုးဗီဇ -အခြားအရာများ ကို ထိခိုက်စေနိုင်ပါသည်။

ခံစားရလေ့ရှိသောရောဂါများ

-ခေါင်းကိုက်ခြင်း -မှတ်ဥာဏ်နည်းလာခြင်း -မေ့တတ်လာခြင်း -သုတ်ပိုးကောင်ရေကျဆင်းခြင်း – ကင်ဆာ -ကိုယ်အင်္ဂါချို့ယွင်းသောကလေးမွေးဖွားခြင်း(လမစေ့ပေါင်မပြည့်အပါအဝင်) -နှလုံးရောဂါ -သတိမေ့ရောဂါ နောက်ထပ်ပြဿနာတခုကတော့အဆိုပါထိခိုက်ပျက်စီးမူတွေဟာလျှပ်စစ်သံလိုက်လိုင်းတွေရဲ့ဂုဏ်သတ္တိတွေကတစ်ရှူးတွေထဲမှာကြွင်းကျန်စုပုံနေရစ်ပြီးဆယ်စုနှစ်လောက်ထိဆက်လက်ဒုက္ခပေးနိုင်ပါသည်။

Ref: ခိုင်မွန်ကျော်ကို ခရက်ဒစ်ပေးပါတယ်။

Facebook Comments
9K Shares