ေပါေတာေတာေနတတ္တဲ့ သူေတြဟာ သာမန္လူေတြထက္ ဥာဏ္ရည္ျမင့္မား…

289
9K Shares

ေပါေတာေတာေနတတ္တဲ့ သူေတြဟာ သာမန္လူေတြထက္ ဥာဏ္ရည္ျမင့္မား…

ေလာကမွာ စာေတာ္တာ တမ်ိဳးတည္းနဲ႔ ဥာဏ္ရည္ကို တိုင္းတာလို႔ မရပါဘူး။ လူတိုင္းမွာ အားနညး္ခ်က္ အားသာခ်က္ ကိုယ္စီ ရွိသလို၊ သင္လံုးဝ မထင္ထားတဲ့ သူေတြကလည္း အရမး္ကုိ ဥာဏ္ရည္ထက္ျမက္ေနတာ မ်ိဳးေတြ ရွိေနတတ္ပါတယ္။ ခုေဖာ္ျပ ေပးမယ့္ အရာေလးေတြ ကေတာ့ ေပါေတာေတာေနတဲ့ ေကာင္မေလးေတြဟာ ဥာဏ္ရည္ ထက္ျမက္တဲ့ သူေတြျဖစ္ေၾကာင္း သိေစႏုိင္တဲ့ အခ်က္ေတြပါ။ ၾကည့္လိုက္ရေအာင္ေနာ္။

(၁) လူတိုင္းနဲ႔ တည့္တယ္

ေပါေတာေတာေနတဲ့ ေကာင္မေလးေတြဟာ လူတိုင္းနဲ႕တည့္ပါတယ္။ သူတု႔ိေတြ ေပါေတာေတာေနတယ္ ဆိုတာကလည္း လူအားလံုးနဲ႔ အဆင္ေျပေအာင္ လို႔ပါ။ သူတုိ႔ဟာ လူတေယာက္ကို ေပ်ာ္ေအာင္ဘယ္လို လုပ္ေပးရမယ္၊ ရယ္ေအာင္ ဘယ္လို လုပ္ေပးရမလဲ၊ ေျပာေပးရမလဲ ဆိုတာ ေကာငး္ေကာငး္ သိပါတယ္။ ဒါဟာ ဥာဏ္ရည္ျမင့္ မားတဲ့ လကၡဏာေတြ ထဲက တစ္ခု ျဖစ္ပါတယ္။

(၂) ကိုယ့္ကိုယ္ကို ေပ်ာ္ေအာင္ ထားႏိုင္တယ္

လူေတာ္ေတာ္ မ်ားမ်ားဟာ ကိုယ့္ကိုယ္ကို ေပ်ာ္ေအာင္ မထားတတ္ၾက ပါဘူး။ သူတို႔ရဲ႕ ေပ်ာ္ရႊင္မႈေတြဟာ သူမ်ားအေပၚမွာပဲ မွီတည္ေနေလ့ ရွိပါတယ္။ ေပါေတာေတာ ေနတတ္တဲ့ သူေလးေတြ ကေတာ့ သူမ်ားကို ေပ်ာ္ေအာင္ လုပ္ေပးႏိုင္ရံု သာမက၊ သူတုိ႔ကိုယ္ သူတုိ႔လည္း ေပ်ာ္ေအာင္ ထားႏိုင္တဲ့သူေတြပါ။ သူတို႔ဟာ စိတ္ညစ္ေနတဲ့ အခ်ိန္ ဘယ္လို ေပ်ာ္ေအာင္ ေနရမလဲ ဆိုတာ ေကာင္းေကာင္း သိတဲ့အျပင္ စိတ္ညစ္စရာေတြ ကိုလည္း ေပ်ာ္စရာအျဖစ္ ေျပာင္းလဲႏိုင္စြမး္ ရွိတဲ့ သူေတြပါ။ ဒါဟာ ဥာဏ္ရည္ျမင့္မားတဲ့ လကၡဏာေတြ ထဲက တစ္ခုပါ။

(၃) လူေတြရဲ႕စိတ္ကို ေကာငး္ေကာင္းသိတယ္

ေပါေတာေတာေနတဲ့ ေကာင္မေလးေတြဟာ လူေတြရဲ႕စိတ္ကို ေကာင္းေကာင္း သိၾကပါတယ္ ။ ဘယ္သူက စိတ္ေကာင္းရွိတယ္၊ ဘယ္သူက စိတ္ပုတ္တယ္ ဆိုတာကို သိႏိုင္ၾက ပါတယ္။ သူတို႔ဟာ ေပါေတာေတာ ေနေပမယ့္ လူေတြကို အၿမဲတမ္း အကဲခတ္ေနတဲ့ သူေတြ ျဖစ္ပါတယ္ ။ သူတို႔ ေပါေတာေတာ ေနလို႕ ဘယ္သူက သူတုိ႔ကို ေလွာင္စရာ အျဖစ္ မျမင္ပါဘူး။ ဘယ္သူက တကယ္ ခ်စ္ခင္လဲ၊ ဘယ္သူက ဘယ္လို စိတ္သဘာဝ ရွိလဲ ဆိုတာကိုလည္း တန္းသိေန ၾကပါတယ္ ။ ဒါေၾကာင့္ ေပါေတာေတာ ေနတိုင္း အခ်ဥ္ မဟုတ္ပါဘူး၊ သင္ မထင္ထား ေလာက္ေအာင္ ဥာဏ္ရည္ျမင့္တယ္ ဆိုတာကို အမွတ္ရပါ။

(၄) ဖံုးကြယ္ႏိုင္တယ္

တခ်ိဳ႕ေတြက ေပါေတာေတာေနလို႔ အရမ္း ပြင့္လင္းမယ္လို႔ ထင္တတ္ၾက ပါတယ္။ တခ်ိဳ႕ေနရာေတြမွာ သူတို႔က ပြင့္လင္း ပါတယ္။ ဒါေပမယ့္ သူတုိ႔ျပသေလာက္ပဲ သင္ျမင္ရတာပါ၊ သူတို႔မျမင္ေစခ်င္တဲ့ ခံစားခ်က္ေတြ၊ ရင္ထဲက အနာတရေတြနဲ႕ လူမသိေစခ်င္တဲ့ အရာေတြ ဆိုရင္ ထုတ္မေျပာမခ်င္း သင္သိခြင့္ရမွာ မဟုတ္သလို၊ ဘယ္ေတာ့မွလည္း ရိပ္မိမွာ မဟုတ္ပါဘူး။ အေၾကာင္းရင္း ကေတာ့ သူတို႔ဟာ ဥာဏ္အရမး္ျမင့္သူေတြ ျဖစ္တာေၾကာင့္ သူတု႔ိ ထုတ္မျပခ်င္တဲ့ အရာေတြကို ပိရိစြာ သိုဝွက္တတ္လို႕ပါ။

Unicode Font

ပေါတောတောနေတတ်တဲ့ သူတွေဟာ သာမန်လူတွေထက် ဉာဏ်ရည်မြင့်မား…

လောကမှာ စာတော်တာ တမျိုးတည်းနဲ့ ဉာဏ်ရည်ကို တိုင်းတာလို့ မရပါဘူး။ လူတိုင်းမှာ အားနည်းချက် အားသာချက် ကိုယ်စီ ရှိသလို၊ သင်လုံးဝ မထင်ထားတဲ့ သူတွေကလည်း အရမ်းကို ဉာဏ်ရည်ထက်မြက်နေတာ မျိုးတွေ ရှိနေတတ်ပါတယ်။ ခုဖော်ပြ ပေးမယ့် အရာလေးတွေ ကတော့ ပေါတောတောနေတဲ့ ကောင်မလေးတွေဟာ ဉာဏ်ရည် ထက်မြက်တဲ့ သူတွေဖြစ်ကြောင်း သိစေနိုင်တဲ့ အချက်တွေပါ။ ကြည့်လိုက်ရအောင်နော်။

(၁) လူတိုင်းနဲ့ တည့်တယ်

ပေါတောတောနေတဲ့ ကောင်မလေးတွေဟာ လူတိုင်းနဲ့တည့်ပါတယ်။ သူတု့ိတွေ ပေါတောတောနေတယ် ဆိုတာကလည်း လူအားလုံးနဲ့ အဆင်ပြေအောင် လို့ပါ။ သူတို့ဟာ လူတယောက်ကို ပျော်အောင်ဘယ်လို လုပ်ပေးရမယ်၊ ရယ်အောင် ဘယ်လို လုပ်ပေးရမလဲ၊ ပြောပေးရမလဲ ဆိုတာ ကောင်းကောင်း သိပါတယ်။ ဒါဟာ ဉာဏ်ရည်မြင့် မားတဲ့ လက္ခဏာတွေ ထဲက တစ်ခု ဖြစ်ပါတယ်။

(၂) ကိုယ့်ကိုယ်ကို ပျော်အောင် ထားနိုင်တယ်

လူတော်တော် များများဟာ ကိုယ့်ကိုယ်ကို ပျော်အောင် မထားတတ်ကြ ပါဘူး။ သူတို့ရဲ့ ပျော်ရွှင်မှုတွေဟာ သူများအပေါ်မှာပဲ မှီတည်နေလေ့ ရှိပါတယ်။ ပေါတောတော နေတတ်တဲ့ သူလေးတွေ ကတော့ သူများကို ပျော်အောင် လုပ်ပေးနိုင်ရုံ သာမက၊ သူတို့ကိုယ် သူတို့လည်း ပျော်အောင် ထားနိုင်တဲ့သူတွေပါ။ သူတို့ဟာ စိတ်ညစ်နေတဲ့ အချိန် ဘယ်လို ပျော်အောင် နေရမလဲ ဆိုတာ ကောင်းကောင်း သိတဲ့အပြင် စိတ်ညစ်စရာတွေ ကိုလည်း ပျော်စရာအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိတဲ့ သူတွေပါ။ ဒါဟာ ဉာဏ်ရည်မြင့်မားတဲ့ လက္ခဏာတွေ ထဲက တစ်ခုပါ။

(၃) လူတွေရဲ့စိတ်ကို ကောင်းကောင်းသိတယ်

ပေါတောတောနေတဲ့ ကောင်မလေးတွေဟာ လူတွေရဲ့စိတ်ကို ကောင်းကောင်း သိကြပါတယ် ။ ဘယ်သူက စိတ်ကောင်းရှိတယ်၊ ဘယ်သူက စိတ်ပုတ်တယ် ဆိုတာကို သိနိုင်ကြ ပါတယ်။ သူတို့ဟာ ပေါတောတော နေပေမယ့် လူတွေကို အမြဲတမ်း အကဲခတ်နေတဲ့ သူတွေ ဖြစ်ပါတယ် ။ သူတို့ ပေါတောတော နေလို့ ဘယ်သူက သူတို့ကို လှောင်စရာ အဖြစ် မမြင်ပါဘူး။ ဘယ်သူက တကယ် ချစ်ခင်လဲ၊ ဘယ်သူက ဘယ်လို စိတ်သဘာဝ ရှိလဲ ဆိုတာကိုလည်း တန်းသိနေ ကြပါတယ် ။ ဒါကြောင့် ပေါတောတော နေတိုင်း အချဉ် မဟုတ်ပါဘူး၊ သင် မထင်ထား လောက်အောင် ဉာဏ်ရည်မြင့်တယ် ဆိုတာကို အမှတ်ရပါ။

(၄) ဖုံးကွယ်နိုင်တယ်

တချို့တွေက ပေါတောတောနေလို့ အရမ်း ပွင့်လင်းမယ်လို့ ထင်တတ်ကြ ပါတယ်။ တချို့နေရာတွေမှာ သူတို့က ပွင့်လင်း ပါတယ်။ ဒါပေမယ့် သူတို့ပြသလောက်ပဲ သင်မြင်ရတာပါ၊ သူတို့မမြင်စေချင်တဲ့ ခံစားချက်တွေ၊ ရင်ထဲက အနာတရတွေနဲ့ လူမသိစေချင်တဲ့ အရာတွေ ဆိုရင် ထုတ်မပြောမချင်း သင်သိခွင့်ရမှာ မဟုတ်သလို၊ ဘယ်တော့မှလည်း ရိပ်မိမှာ မဟုတ်ပါဘူး။ အကြောင်းရင်း ကတော့ သူတို့ဟာ ဉာဏ်အရမ်းမြင့်သူတွေ ဖြစ်တာကြောင့် သူတု့ိ ထုတ်မပြချင်တဲ့ အရာတွေကို ပိရိစွာ သိုဝှက်တတ်လို့ပါ။

Facebook Comments
9K Shares