ကမာၻ႔ ေရွးအက်ဆုံး ေလွ ၊ သေဘၤာ ၁၀ စီးအေၾကာင္းသိေကာင္းစရာ

61
595 Shares

ကမာၻ႔ ေရွးအက်ဆုံး ေလွ ၊ သေဘၤာ ၁၀ စီးအေၾကာင္းသိေကာင္းစရာ

သေဘၤာမ်ားႏွင့္ ေလွမ်ားသည္ လူတို႔၏တိုးတက္ေျပာင္းလဲမႈႏွင့္ အတူျဖစ္ေပၚလာခဲ့ပါတယ္။ အေရးပါေသာ စစ္ပြဲမ်ားႏွင့္ ေန႔စဥ္ဘဝတို႔တြင္ သုံးစြဲမႈ တို႔ေၾကာင့္ ၎တို႔သည္ ေခတ္သစ္ စစ္ေရးႏွင့္ စီးပြားေရးစနစ္တို႔၏ မရွိမျဖစ္ အစိတ္အပိုင္း ျဖစ္လာခဲ့ပါတယ္။ ကမၻာေပၚရွိ သန္းေပါင္းမ်ားစြာေသာ ငါးဖမ္းသမားတို႔သည္ ငါးဖမ္းေလွမ်ားကို အသုံးျပဳၾကပါတယ္။စစ္တပ္မ်ားသည္လည္း အလြန္ေခတ္မီေသာ ေရယာဥ္မ်ားကို သုံးစြဲ၍ ကမ္းေပၚရွိ စစ္အင္အားမ်ားကို ေထာက္ပံ့ျခင္းႏွင့္ ပို႔ေဆာင္ျခင္းတို႔ ျပဳလုပ္ၾကပါတယ္။ ေက်ာက္ေခတ္အလယ္ပိုင္း၊ ကႏူးေလွမ်ားမွ ယေန႔အသုံးျပဳေနေသာ ႏ်ဴကလီးယား စြမ္းအင္သုံး ေလယာဥ္တင္သေဘၤာ မ်ားအထိသည္ လူတို႔၏သမိုင္းကို ေျပာျပေနၾကပါတယ္။ ဒီတစ္ခါေတာ့ သုတဇုန္ မိတ္ေဆြမ်ားအတြက္ ေရွးအက်ဆုံး ေလွ(သုိ႔) သေဘၤာ ၁၀ စီးရဲ႕ အေၾကာင္းကို မွ်ေ၀လုိက္ပါတယ္။

၁။ Pesse canoe (ဘီစီ ၈၀၀၀ )

ျပန္လည္ရွာေဖြေတြ႔ရွိခဲ့ရသမွ် ေရွးေဟာင္းေလွ၊ သေဘၤာေတြထဲမွာေတာ့ ဒီကႏူးေလွဟာ ေရွးအက်ဆုံး ျဖစ္ပါတယ္။ ဒီေလွကုိ ၁၉၅၅ခုနွစ္က နယ္သာလန္ႏုိင္ငံ A28 ေမာ္ေတာ္ကားလမ္းေဘး Pesse ရြာက ေဆာက္လုပ္ေရးဆုိဒ္တစ္ခုကေန ေတြ႔ရွိခဲ့ျခင္း ျဖစ္ပါတယ္။ ေတြ႔ရွိစဥ္က သာမန္သစ္လုံးတစ္လုံး ေျမႀကီးထဲျမဳပ္ေနတာလုိ႔ ထင္ၾကေပမယ့္ ထြင္းထားတာကိုသိခဲ့ၿပီးတဲ့ေနာက္ တာ၀န္ရွိသူေတြထံ ေပးအပ္ခဲ့ပါတယ္။သုေတသနပညာရွင္ေတြ စစ္ေဆးၾကည့္တဲ့အခါ သစ္ထြင္းေလွတစ္စီးျဖစ္ၿပီး သက္တမ္းအားျဖင့္ ႏွစ္ ၁၀၀၀၀ ၀န္းက်င္ခန္႔ ရွိသြားၿပီလုိ႔ သိရပါတယ္။ Scots pine သစ္ပင္ကို ထြင္းထားတဲ့ ဒီေလွဟာ အရွည္ ၁၁၇ လက္မ နဲ႔ အနံ ၁၇လက္မ ရွိပါတယ္။ flint လုိ မာေက်ာတဲ့ တြင္းထြက္ နဲ႔ တိရစာၦန္ဦးခ်ဳိေတြနဲ႔ ဒီေလွကို ထြင္းထုခဲ့တာ ျဖစ္ႏုိင္တယ္လုိ႔ ဆုိပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဒီေရွးေဟာင္းေလွကုိ နယ္သာလန္ႏုိင္ငံ Assen ၿမဳိ႕က Drents သမုိင္းျပတုိက္မွာ ျပသထားပါတယ္။

၂။ Dufuna canoe (ဘီစီ ၆၀၀၀)

Dufuna canoe သေဘၤာကိုေတာ့ အာဖရိကတုိက္ ႏုိင္ဂ်ီးရီးယားႏုိင္ငံ ရုိဘီျပည္နယ္ Komadugu Gana ျမစ္နဲ႔ မနီးမေ၀းမွာရွိတဲ့ Dufuna ရြာရဲ႕ ကီလုိမီတာ အနည္းငယ္အကြာကေန ေတြ႔ရွိခဲ့တာပါ။ အဲဒီရြာမွာေနထိုင္တဲ့ Fulani လူမ်ုိး ႏြားေက်ာင္းသား တစ္ေယာက္က ၁၉၈၇ခုႏွစ္မွာ ေတြ႔ရွိခဲ့တာပါ။ ဒီကႏူးေလွကို တူးေဖာ္ၿပီးတဲ့ေနာက္ တစ္စီးလုံးကုိ အနက္ေရာင္သစ္သားနဲ႔ ဖန္တီးထားတယ္ဆုိတာ သိခဲ့ၾကပါတယ္။ေလွရဲ႕ သက္တမ္းကို ေရဒီယိုကာဘြန္နည္းတဲ့ တြက္ခ်က္ၾကည့္တဲ့အခါ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၈၀၀၀ ခန္႔က အသုံးျပဳခဲ့တဲ့ ေလွလုိ႔ ေဖာ္ျပပါတယ္။ သုေတသနပညာရွင္ေတြကေတာ့ ေက်ာက္ေခတ္ေႏွာင္းပိုင္းက အသုံးျပဳခဲ့တဲ့ ေလွတစ္စီးျဖစ္ၿပီး ဒီေလွဟာ Chad ေရကန္ နဲ႔ ဆက္စပ္ေနတယ္လုိ႔လည္း ဆုိပါတယ္။ သေဘၤာဟာ အလ်ား ၂၇ေပ ရွိၿပီး အနံ ၁ေပခြဲခန္႔ရွိကာ သစ္သားအထူကေတာ့ ၂လက္မခန္႔ ရွိပါတယ္။ ျပည္နယ္ရဲ႕ၿမဳိ႕ေတာ္ Damaturu မွာ အာဖရိကရဲ႕ေရွးအက်ဆုံး ဒီေရွးေဟာင္းေလွကို ျပသထားပါတယ္။

၃။ Khufu ship (ဘီစီ ၂၅၀၀ )

အီဂ်စ္အႀကီးဆုံးပိရမစ္ျဖစ္တဲ့ ဂုိင္ဇာပိရမစ္ႀကီးကိုေတာ့ အားလုံးသိၾကမွာပါ။ အခုသေဘၤာကေတာ့ အဲဒီဂုိင္ဇာပိရမစ္မွာ ျမဳပ္ႏွံခဲ့တဲ့ ကူဖူးဘုရင္ႀကီးရဲ႕သေဘၤာျဖစ္ပါတယ္။ ကူဖူးဘုရင္ႀကီးဟာ ေခတ္ေဟာင္းအီဂ်စ္မင္းဆက္ရဲ႕ ဒုတိယေျမာက္ဖာရုိဘုရင္ျဖစ္ပါတယ္။ အခုျမင္ရတဲ့ သူ႔ရဲ႕သေဘၤာကေတာ့ ကမာၻေပၚမွာ တတိယ ေရွးအက်ဆုံးသေဘၤာတစ္စင္းျဖစ္ပါတယ္။ ဘီစီ ၂၅၀၀ကတည္ေဆာက္ခဲ့တာျဖစ္တဲ့အတြက္ ဒီသေဘၤာကုိ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၄၅၀၀ခန္႔က တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ဒီသေဘၤာဟာ အလ်ား ၁၄၃ေပ ရွိၿပီး အနံ ၁၉.၅ေပ ရွိပါတယ္။ ဒီသေဘၤာကုိ ၁၉၅၄ခုႏွစ္မွာ ရွာေဖြေတြ႔ရွိခဲ့ၿပီး ေတြ႔ရွိစဥ္က အစိတ္အပုိင္း ၁၂၂၄ခု အျဖစ္သာ ေတြ႔ရွိခဲ့ရတာပါ။ ဒီအစိတ္အပိုင္းေတြကုိ ေရွးေဟာင္းအီဂ်စ္သေဘၤာတည္ေဆာက္ပုံေတြကို အထူးေလ့လာထားတဲ့ အီဂ်စ္ပညာရွင္ Ahmed Youssef Moustafa က မူလအတုိင္း ျပန္လည္ဆက္ႏုိင္ခဲ့ပါတယ္။ အခုျမင္ရတာကေတာ့ ဖာရိုဘုရင္ႀကီးလက္ထက္က ပုံစံအတုိင္းသေဘၤာျဖစ္ၿပီး ဒီေရွးေဟာင္းသေဘၤာႀကီးကုိ အီဂ်စ္ႏုိင္ငံ Giza Solar boat ျပတုိက္မွာ ျပသထားလွ်က္ရွိပါတယ္။

၄။ Dover Bronze Age Boat (ဘီစီ ၁၅၀၀ )

ေၾကးေခတ္က အသုံးျပဳခဲ့တဲ့ ဒီသေဘၤာရဲ႕သက္တမ္းကေတာ့ ႏွစ္ေပါင္း ၃၅၀၀ ေက်ာ္သြားပါၿပီ။ ၿဗိတိန္ႏုိင္ငံက UNESCO စာရင္း၀င္ Canterbury ေရွးေဟာင္းသုေတသန ဆုိဒ္က ေဆာက္လုပ္ေရးလုပ္သားေတြဟာ ဒီႀကီးမားတဲ့ ေရွးေဟာင္းသေဘၤာႀကီးကို ၁၉၉၂ခုႏွစ္က ရွာေဖြေတြ႔ရွိခဲ့ၾကတာပါ။ အေဆာက္အအုံတစ္ခု တည္ေဆာက္ဖုိ႔အတြက္ ေျမတူးၾကရာမွာ လမ္းရဲ႕ေအာက္ေျမႀကီးထဲမွာ နစ္ျမဳပ္ေနတဲ့ ဒီသေဘၤာႀကီးကို ရွာေတြ႔ခဲ့ျခင္း ျဖစ္ပါတယ္။သေဘၤာတစ္စီးလုံးကို သယ္ေဆာင္ဖုိ႔ မျဖစ္တဲ့အတြက္ အစိတ္အပုိင္းတစ္ခုစီကို သယ္ေဆာင္ၿပီး ျပန္ဆက္တဲ့နည္းလမ္းကို အသုံးျပဳခဲ့ၾကပါတယ္။ ျပန္ဆက္ၿပီးတဲ့အခါမွာေတာ့ သေဘၤာရဲ႕အရွည္ဟာ ၃၁ေပ ရွိသြားၿပီျဖစ္ေပမယ့္ ဒါဟာ သေဘၤာတစ္စီးလုံးမဟုတ္ပဲ သေဘၤာရဲ႕ ၃ပုံ ၁ပုံခန္႔သာ ျဖစ္ပါတယ္။ က်န္တဲ့အပုိင္းေတြကေတာ့ မရွိေတာ့ပါဘူး။ တစ္စီးလုံးဆုိရင္ေတာ့ ဒီေရွးေဟာင္းသေဘၤာရဲ႕အရွည္ဟာ ေပ ၁၀၀ ၀န္းက်င္ခန္႔ အထိ ရွိႏုိင္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ၀က္သစ္ခ်သားနဲ႔ တည္ေဆာက္ထားတဲ့ ဒီသေဘၤာရဲ႕ တစ္စိတ္တစ္ပုိင္းကုိ မွန္ေသတၱာနဲ႔ထည့္ၿပီး ယူေက Dover ျပတုိက္မွာ ျပသထားပါတယ္။

၅။ Ma’agan Michael Ship (ဘီစီ ၅၀၀ – ၄၀၀)

ဘီစီ ၅ရာစု ၀န္းက်င္က အသုံးျပဳခဲ့တဲ့ ဒီေရွးေဟာင္းသေဘၤာကိုေတာ့ အစၥေရးႏုိင္ငံ Ma’agan Michael နယ္ေျမမွာ ၁၉၈၅ခုႏွစ္က ျပန္လည္ရွာေတြ႔ခဲ့တာပါ။ Haifa ပင္လယ္ေအာ္က အစၥေရးကြ်န္းဆြယ္ရဲ႕ ၇၅မီတာ အကြာက ေရအနက္ ၂မီတာမွာ သုေတသနအဖြဲ႔၀င္ တစ္ဦးျဖစ္တဲ့ Ami Eshel က ဒီသေဘၤာကို ရွာေဖြေတြ႔ရွိခဲ့တာပါ။ အဲဒီေနာက္ေတာ့ ဒီသေဘၤာပ်က္ကုိ Haifa တကၠသိုလ္ကို ယူၿပီးစစ္ေဆးၾကၿပီးတဲ့ေနာက္ ဘီစီ ၅ရာစု ၀န္းက်င္က ကုန္သည္ သေဘၤာတစ္စီး ဆုိတာကို အတည္ျပဳခဲ့ၾကပါတယ္။ဒီသေဘၤာဟာ အလ်ား ၃၇ေပ အနံ ၁၃ေပ ရွိၿပီး အေလးခ်ိန္ကေတာ့ တန္ ၂၀ ခန္႔ ရွိပါတယ္။ သေဘၤာကိုေတာ့ Aleppo pine ဆုိတဲ့သစ္မ်ဳိးနဲ႔ တည္ေဆာက္ထားျခင္း ျဖစ္ပါတယ္။ သေဘၤာပ်က္ကို မူလပုံစံအတုိင္းျပန္လည္ရရွိဖုိ႔အတြက္ ျပဳျပင္ထိမ္းသိမ္းေရး လုပ္ခဲ့ၿပီး အခ်ိန္ ၇ႏွစ္ခန္႔ေပးခဲ့ရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ Hafia တကၠသုိလ္က Hecht ျပတုိက္မွာ ထားရွိျပသထားပါတယ္။

၆။ Kyrenia ship (ဘီစီ ၄၀၀ – ၃၀၀)

Kyrenia သေဘၤာဟာ ဘီစီ ၄ရာစု၀န္းက်င္က ဂရိကုန္သည္ သေဘၤာတစ္စီးျဖစ္ခဲ့ပါတယ္။ သုေတသနေက်ာင္းသား Michael Katzev ရဲ႕ ရွာေဖြေထာက္လွမ္းမႈနဲ႔အတူ ေရငုပ္သမား Andreas Kariolou က ၁၉၆၇ခုႏွစ္မွာ ရွာေတြ႔ခဲ့တာပါ။ ၁၉၆၅ခုႏွစ္ကတည္းက ဒီသေဘၤာရဲ႕တည္ေနရာကို သိခဲ့ေပမယ့္ မုန္တုိင္းေၾကာင့္ ေနရာေရြ႕သြားၿပီးတဲ့ေနာက္ အႀကိမ္ႀကိမ္ျပန္လည္ ရွာေဖြခဲ့ရျခင္း ျဖစ္ပါတယ္။ ေတြ႔ရွိတဲ့ေနရာကေတာ့ ဆုိက္ပရပ္ႏုိင္ငံ Kyrenia ၿမဳိ႕အနီးမွာ ျဖစ္ပါတယ္။သေဘၤာဟာ အရွည္ ၄၇ေပ ၊ အနံ ၁၄.၅ေပ ရွိၿပီး ကုန္သြယ္သေဘၤာအမ်ဳိးအစား ျဖစ္ပါတယ္။ သေဘၤာသား ၄ေယာက္ လုိက္ပါရၿပီး တစ္နာရီကုိ ၆မုိင္ခန္႔ အျမန္ႏႈန္းနဲ႔ သြားႏုိင္တဲ့ သေဘၤာျဖစ္ပါတယ္။ အလက္ဇႏၵားဘုရင္လက္ထက္က ေျမထဲပင္လယ္ တေလွ်ာက္သြားလာခဲ့တဲ့ ဒီသေဘၤာဟာ Kyrenia ၿမဳိ႕ရဲ႕ ၁မုိင္အကြာမွာ နစ္ျမဳပ္ခဲ့တာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ဂရိႏုိင္ငံ Thessaloniki ၿမုိ႕က သိပၸံ နဲ႔ နည္းပညာ ျပတုိက္မွာ ျပသထားပါတယ္။

၇။ Hjortspring boat (ဘီစီ ၄၀၀ – ၃၀၀)

Hjortspring boat ဆုိတဲ့ ဒီေလွကိုေတာ့ စကင္ဒီေနးဗီးယားေဒသက ရွာေဖြေတြ႔ရွိခဲ့တာျဖစ္ၿပီး ေရာမေခတ္ဦး သံခတ္ မတုိင္မီမွာ အသုံးျပဳခဲ့တဲ့ ကႏူးေလွ အႀကီးစား ျဖစ္ပါတယ္။ ဒိန္းမတ္ႏုိင္ငံေတာင္ပုိင္း Als ကြ်န္းမွာ ၁၉၂၁ နဲ႔ ၁၉၂၂ၾကားမွာ ေတြ႔ရွိခဲ့ၾကတာျဖစ္ၿပီး ေတြ႔ရွိစဥ္မွာ အပိုင္းအစေတြပဲ က်န္ပါေတာ့တယ္။ ေလွတစ္စီးလုံးအရွည္ကေတာ့ ၅၉ေပ ရွိၿပီး အတြင္းဘက္လူေနလုိ႔ရတဲ့ေနရာကေတာ့ အရွည္ ၄၂ေပ နဲ႔ အက်ယ္ ၆.၅ေပ ရွိပါတယ္။စကင္ဒီေနးဗီးယားေဒသကေန ရွာေဖြေတြ႔ရွိခဲ့သမွ်ထဲမွာ ဒီေလွဟာ အေစာဆုံးေလွျဖစ္ၿပီး Nordic ေၾကးေခတ္မွာ အသုံးျပဳခဲ့တဲ့ ေလွတစ္စီးျဖစ္တယ္လုိ႔ သိရပါတယ္။ ဒီေလွဟာ အဲဒီေခတ္က အသုံးျပဳခဲ့တဲ့ တုိက္ပြဲ၀င္ေလွတစ္စီးလုိ႔ လည္းဆုိႏုုိင္ပါတယ္။အေၾကာင္းကေတာ့ ဒီေလွကို ေတြ႔ရွိတုန္းက ေလွ၀မ္းထဲမွာ ဓါးေတြ ၊ လွံေတြ ၊ ဒုိင္းေတြနဲ႔ ခ်ပ္၀ပ္တန္ဆာေတြကိုပါ ေတြ႔ရွိခဲ့လုိ႔ ျဖစ္ပါတယ္။ ဒိန္းမတ္ႏုိင္ငံ ကိုဗင္ေဟဂင္က အမ်ဳိးသားျပတုိက္မွာ ဒီေလွကို ျပသထားပါတယ္။

၈။ Nydam Boat ( ဘီစီ ၃၂၀-၃၁၀)

ဒီေလွကုိေတာ့ ဒိန္းမတ္ႏုိင္ငံေတာင္ပုိင္း Øster Sottrup ၿမဳိ႕အနီးက Nydam Mose ေရွးေဟာင္းသုေတသန ဆုိဒ္တစ္ခုမွာ ရွာေဖြေတြ႔ရွိခဲ့ၾကတာပါ။ ဒီသုေတသနဆုိဒ္ကေန သံေခတ္ကသုံးခဲ့တဲ့ လက္နက္ေတြနဲ႔ ေလွေတြကို ရွာေဖြေတြ႔ရွိခဲ့ျခင္းျဖစ္ပါတယ္။ အဲဒီထဲမွာမွ Nydam Boat ေလွဟာ ေရွးအက်ဆုံးျဖစ္ပါတယ္။ အရွည္ ၇၅ေပ အနံ၁၃ေပ ရွိၿပီး ၀က္သစ္ခ်ပင္သား နဲ႔ တည္ေဆာက္ထားတဲ့ ေလွျဖစ္ပါတယ္။clinker(ေလွအစြန္းႏွစ္ဘက္ကို ထပ္တူညီေအာင္တည္ေဆာင္ထားတဲ့) နည္းနဲ႔ တည္ေဆာက္ထားတဲ့ေလွျဖစ္ၿပီး ေလွာ္တက္ ၁၅စုံ ေလွာ္ခတ္ဖုိ႔ေနရာေတြလည္း ပါရွိေနပါတယ္။ ေလွရဲ႕အေလးခ်ိန္ဟာ ၃တန္ခန္႔ရွိၿပီး ေလွထုိးသား အေယာက္ ၃၀ နဲ႔ ေလွာ္ခတ္ခဲ့တဲ့ ေလွျဖစ္ပါတယ္။ အဲဒီသုေတသန ဆုိဒ္ကေန ေတြ႔ရွိခဲ့ရသမွ် ေလွေတြထဲမွာ ဒီေလွဟာ အႀကီးဆုံးနဲ႔ အေကာင္းမြန္ဆုံးေတြ႔ရွိခဲ့တဲ့ ေလွျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ဂ်ာမနီႏုိင္ငံ Schleswig ၿမဳိ႕က Gottorf ရဲတုိက္မွာ ဒီေရွးေဟာင္းေလွကို ျပသထားပါတယ္။

၉။ Sea of Galilee Boat (ဘီစီ ၅၀ – ေအဒီ ၇၀)

Sea of Galilee Boat ဆုိတဲ့ ဒီေရွးေဟာင္းေလွကို Jesus Boat လုိ႔ ပိုၿပီး လူသိမ်ားပါတယ္။ အစၥေရးႏုိင္ငံ Galilee ေရကန္ထဲက ေန ၁၉၈၆ခုႏွစ္က ရွာေဖြေတြ႔ရွိခဲ့ၾကတာပါ။ က်န္ရွိေနေသးတဲ့ ေလွအပုိင္းအစဟာ အလ်ား ၂၇ေပ ၊အနံ ၇.၅ေပ ရွိၿပီး အျမင့္ ၄.၃ေပပ ရွိပါတယ္။ မုိးေခါင္တဲ့အခ်ိန္မွာ ကန္ရဲ႕ေရနည္းပါးၿပီးတဲ့ေနာက္ ဒီေရွးေဟာင္းေလွကို ေတြ႔ရွိခဲ့ၾကတာပါ။ဒီေလွကုိ ပထမဆုံး ရွာေဖြေတြ႔ရွိခဲ့သူေတြကေတာ့ Moshe နဲ႔ Yuval Lufan ဆုိတဲ့ ငါးဖမ္းသမား ညီအစ္ကုိ ႏွစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဒီေလွရဲ႕သက္တမ္းကို ဘီစီ ၅၀ ကေန ေအဒီ ၇၀ အတြင္းလုိ႔သာ ကာဘြန္နည္းနဲ႔ ခန္႔မွန္းတြက္ခ်က္ထားၾကပါတယ္။ ဒီေလွဟာ စတုရန္းမုိင္ ၆၀ေက်ာ္ က်ယ္၀န္းတဲ့ Galilee ေရကန္ႀကီးထဲမွာ ေအဒီ ၁ရာစု၀န္းက်င္ေလာက္က ငါးဖမ္းျခင္း နဲ႔ ကုန္သြယ္ျခင္း လုပ္ခဲ့တဲ့ ေလွမ်ားထဲက တစ္စီးျဖစ္တယ္လုိ႔ ဆုိၾကပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဒီေရွးေဟာင္းေလွကို Yigal Allon Galilee Boat ျပတုိက္မွာ ထိမ္းသိမ္းျပသထားပါတယ္။

၁၀။ Arles Rhône 3 (ေအဒီ ၁ရာစု၀န္းက်င္)

Arles Rhône 3 လုိ႔အမည္ရတဲ့ေလွဟာ ေအဒီ ၁ရာစု ၀န္းက်င္ ေရွးေဟာင္းေရာမေခတ္ ေလွတစ္စီးျဖစ္ပါတယ္။ ၂၀၀၄ ခုႏွစ္က ျပင္သစ္ႏုိင္ငံ Arles ၿမဳိ႕အနီး ရုန္းျမစ္ေအာက္ကေန ရွာေဖြေတြ႔ရွိခဲ့ၾကတာပါ။ အလ်ား ၁၀၂ေပ ရွိတဲ့ ဒီေလွသေဘၤာဟာ အဲဒီေခတ္က ျမစ္ေၾကာင္းတေလွ်ာက္ စုန္ဆန္ကာ သြားလာေနတဲ့ ကုန္သည္ေလွတစ္စီးျဖစ္ပါတယ္။ ဒီေလွကုိေတာ့ ၀က္သစ္ခ်ပင္သားေတြနဲ႔ တည္ေဆာက္ထားတာပါ။ေလွနဲ႔အတူ စက်င္ေက်ာက္နဲ႔ထုလုပ္ထားတဲ့ ပင္လယ္နတ္ဘုရား နတ္ပကြ်န္းရုပ္တု နဲ႔ အဲဒီေခတ္သုံး ေရွးေဟာင္းအုိးေတြကိုပါ ေရငုပ္သမားေတြက ရွာေဖြေတြ႔ရွိခဲ့ၾကတာပါ။ လက္ရွိအခ်ိန္မွာေတာ့ ဒီေရွးေဟာင္းေလွကုိ Arles ၿမဳိ႕ သုေတသန ျပတုိက္မွာ ျပသထားပါတယ္။

Unicode Font

ကမ္ဘာ့ ရှေးအကျဆုံး လှေ ၊ သင်္ဘော ၁၀ စီးအကြောင်းသိကောင်းစရာ

သင်္ဘောများနှင့် လှေများသည် လူတို့၏တိုးတက်ပြောင်းလဲမှုနှင့် အတူဖြစ်ပေါ်လာခဲ့ပါတယ်။ အရေးပါသော စစ်ပွဲများနှင့် နေ့စဉ်ဘဝတို့တွင် သုံးစွဲမှု တို့ကြောင့် ၎င်းတို့သည် ခေတ်သစ် စစ်ရေးနှင့် စီးပွားရေးစနစ်တို့၏ မရှိမဖြစ် အစိတ်အပိုင်း ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသော ငါးဖမ်းသမားတို့သည် ငါးဖမ်းလှေများကို အသုံးပြုကြပါတယ်။စစ်တပ်များသည်လည်း အလွန်ခေတ်မီသော ရေယာဉ်များကို သုံးစွဲ၍ ကမ်းပေါ်ရှိ စစ်အင်အားများကို ထောက်ပံ့ခြင်းနှင့် ပို့ဆောင်ခြင်းတို့ ပြုလုပ်ကြပါတယ်။ ကျောက်ခေတ်အလယ်ပိုင်း၊ ကနူးလှေများမှ ယနေ့အသုံးပြုနေသော နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင်သင်္ဘော များအထိသည် လူတို့၏သမိုင်းကို ပြောပြနေကြပါတယ်။ ဒီတစ်ခါတော့ သုတဇုန် မိတ်ဆွေများအတွက် ရှေးအကျဆုံး လှေ(သို့) သင်္ဘော ၁၀ စီးရဲ့ အကြောင်းကို မျှဝေလိုက်ပါတယ်။

၁။ Pesse canoe (ဘီစီ ၈၀၀၀ )

ပြန်လည်ရှာဖွေတွေ့ရှိခဲ့ရသမျှ ရှေးဟောင်းလှေ၊ သင်္ဘောတွေထဲမှာတော့ ဒီကနူးလှေဟာ ရှေးအကျဆုံး ဖြစ်ပါတယ်။ ဒီလှေကို ၁၉၅၅ခုနှစ်က နယ်သာလန်နိုင်ငံ A28 မော်တော်ကားလမ်းဘေး Pesse ရွာက ဆောက်လုပ်ရေးဆိုဒ်တစ်ခုကနေ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ တွေ့ရှိစဉ်က သာမန်သစ်လုံးတစ်လုံး မြေကြီးထဲမြုပ်နေတာလို့ ထင်ကြပေမယ့် ထွင်းထားတာကိုသိခဲ့ပြီးတဲ့နောက် တာဝန်ရှိသူတွေထံ ပေးအပ်ခဲ့ပါတယ်။သုတေသနပညာရှင်တွေ စစ်ဆေးကြည့်တဲ့အခါ သစ်ထွင်းလှေတစ်စီးဖြစ်ပြီး သက်တမ်းအားဖြင့် နှစ် ၁၀၀၀၀ ဝန်းကျင်ခန့် ရှိသွားပြီလို့ သိရပါတယ်။ Scots pine သစ်ပင်ကို ထွင်းထားတဲ့ ဒီလှေဟာ အရှည် ၁၁၇ လက်မ နဲ့ အနံ ၁၇လက်မ ရှိပါတယ်။ flint လို မာကျောတဲ့ တွင်းထွက် နဲ့ တိရစ္ဆာန်ဦးချိုတွေနဲ့ ဒီလှေကို ထွင်းထုခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ဒီရှေးဟောင်းလှေကို နယ်သာလန်နိုင်ငံ Assen မြို့က Drents သမိုင်းပြတိုက်မှာ ပြသထားပါတယ်။

၂။ Dufuna canoe (ဘီစီ ၆၀၀၀)

Dufuna canoe သင်္ဘောကိုတော့ အာဖရိကတိုက် နိုင်ဂျီးရီးယားနိုင်ငံ ရိုဘီပြည်နယ် Komadugu Gana မြစ်နဲ့ မနီးမဝေးမှာရှိတဲ့ Dufuna ရွာရဲ့ ကီလိုမီတာ အနည်းငယ်အကွာကနေ တွေ့ရှိခဲ့တာပါ။ အဲဒီရွာမှာနေထိုင်တဲ့ Fulani လူမျိုး နွားကျောင်းသား တစ်ယောက်က ၁၉၈၇ခုနှစ်မှာ တွေ့ရှိခဲ့တာပါ။ ဒီကနူးလှေကို တူးဖော်ပြီးတဲ့နောက် တစ်စီးလုံးကို အနက်ရောင်သစ်သားနဲ့ ဖန်တီးထားတယ်ဆိုတာ သိခဲ့ကြပါတယ်။လှေရဲ့ သက်တမ်းကို ရေဒီယိုကာဘွန်နည်းတဲ့ တွက်ချက်ကြည့်တဲ့အခါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀၀ ခန့်က အသုံးပြုခဲ့တဲ့ လှေလို့ ဖော်ပြပါတယ်။ သုတေသနပညာရှင်တွေကတော့ ကျောက်ခေတ်နှောင်းပိုင်းက အသုံးပြုခဲ့တဲ့ လှေတစ်စီးဖြစ်ပြီး ဒီလှေဟာ Chad ရေကန် နဲ့ ဆက်စပ်နေတယ်လို့လည်း ဆိုပါတယ်။ သင်္ဘောဟာ အလျား ၂၇ပေ ရှိပြီး အနံ ၁ပေခွဲခန့်ရှိကာ သစ်သားအထူကတော့ ၂လက်မခန့် ရှိပါတယ်။ ပြည်နယ်ရဲ့မြို့တော် Damaturu မှာ အာဖရိကရဲ့ရှေးအကျဆုံး ဒီရှေးဟောင်းလှေကို ပြသထားပါတယ်။

၃။ Khufu ship (ဘီစီ ၂၅၀၀ )

အီဂျစ်အကြီးဆုံးပိရမစ်ဖြစ်တဲ့ ဂိုင်ဇာပိရမစ်ကြီးကိုတော့ အားလုံးသိကြမှာပါ။ အခုသင်္ဘောကတော့ အဲဒီဂိုင်ဇာပိရမစ်မှာ မြုပ်နှံခဲ့တဲ့ ကူဖူးဘုရင်ကြီးရဲ့သင်္ဘောဖြစ်ပါတယ်။ ကူဖူးဘုရင်ကြီးဟာ ခေတ်ဟောင်းအီဂျစ်မင်းဆက်ရဲ့ ဒုတိယမြောက်ဖာရိုဘုရင်ဖြစ်ပါတယ်။ အခုမြင်ရတဲ့ သူ့ရဲ့သင်္ဘောကတော့ ကမ္ဘာပေါ်မှာ တတိယ ရှေးအကျဆုံးသင်္ဘောတစ်စင်းဖြစ်ပါတယ်။ ဘီစီ ၂၅၀၀ကတည်ဆောက်ခဲ့တာဖြစ်တဲ့အတွက် ဒီသင်္ဘောကို လွန်ခဲ့တဲ့နှစ်ပေါင်း ၄၅၀၀ခန့်က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ဒီသင်္ဘောဟာ အလျား ၁၄၃ပေ ရှိပြီး အနံ ၁၉.၅ပေ ရှိပါတယ်။ ဒီသင်္ဘောကို ၁၉၅၄ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး တွေ့ရှိစဉ်က အစိတ်အပိုင်း ၁၂၂၄ခု အဖြစ်သာ တွေ့ရှိခဲ့ရတာပါ။ ဒီအစိတ်အပိုင်းတွေကို ရှေးဟောင်းအီဂျစ်သင်္ဘောတည်ဆောက်ပုံတွေကို အထူးလေ့လာထားတဲ့ အီဂျစ်ပညာရှင် Ahmed Youssef Moustafa က မူလအတိုင်း ပြန်လည်ဆက်နိုင်ခဲ့ပါတယ်။ အခုမြင်ရတာကတော့ ဖာရိုဘုရင်ကြီးလက်ထက်က ပုံစံအတိုင်းသင်္ဘောဖြစ်ပြီး ဒီရှေးဟောင်းသင်္ဘောကြီးကို အီဂျစ်နိုင်ငံ Giza Solar boat ပြတိုက်မှာ ပြသထားလျှက်ရှိပါတယ်။

၄။ Dover Bronze Age Boat (ဘီစီ ၁၅၀၀ )

ကြေးခေတ်က အသုံးပြုခဲ့တဲ့ ဒီသင်္ဘောရဲ့သက်တမ်းကတော့ နှစ်ပေါင်း ၃၅၀၀ ကျော်သွားပါပြီ။ ဗြိတိန်နိုင်ငံက UNESCO စာရင်းဝင် Canterbury ရှေးဟောင်းသုတေသန ဆိုဒ်က ဆောက်လုပ်ရေးလုပ်သားတွေဟာ ဒီကြီးမားတဲ့ ရှေးဟောင်းသင်္ဘောကြီးကို ၁၉၉၂ခုနှစ်က ရှာဖွေတွေ့ရှိခဲ့ကြတာပါ။ အဆောက်အအုံတစ်ခု တည်ဆောက်ဖို့အတွက် မြေတူးကြရာမှာ လမ်းရဲ့အောက်မြေကြီးထဲမှာ နစ်မြုပ်နေတဲ့ ဒီသင်္ဘောကြီးကို ရှာတွေ့ခဲ့ခြင်း ဖြစ်ပါတယ်။သင်္ဘောတစ်စီးလုံးကို သယ်ဆောင်ဖို့ မဖြစ်တဲ့အတွက် အစိတ်အပိုင်းတစ်ခုစီကို သယ်ဆောင်ပြီး ပြန်ဆက်တဲ့နည်းလမ်းကို အသုံးပြုခဲ့ကြပါတယ်။ ပြန်ဆက်ပြီးတဲ့အခါမှာတော့ သင်္ဘောရဲ့အရှည်ဟာ ၃၁ပေ ရှိသွားပြီဖြစ်ပေမယ့် ဒါဟာ သင်္ဘောတစ်စီးလုံးမဟုတ်ပဲ သင်္ဘောရဲ့ ၃ပုံ ၁ပုံခန့်သာ ဖြစ်ပါတယ်။ ကျန်တဲ့အပိုင်းတွေကတော့ မရှိတော့ပါဘူး။ တစ်စီးလုံးဆိုရင်တော့ ဒီရှေးဟောင်းသင်္ဘောရဲ့အရှည်ဟာ ပေ ၁၀၀ ဝန်းကျင်ခန့် အထိ ရှိနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ ဝက်သစ်ချသားနဲ့ တည်ဆောက်ထားတဲ့ ဒီသင်္ဘောရဲ့ တစ်စိတ်တစ်ပိုင်းကို မှန်သေတ္တာနဲ့ထည့်ပြီး ယူကေ Dover ပြတိုက်မှာ ပြသထားပါတယ်။

၅။ Ma’agan Michael Ship (ဘီစီ ၅၀၀ – ၄၀၀)

ဘီစီ ၅ရာစု ဝန်းကျင်က အသုံးပြုခဲ့တဲ့ ဒီရှေးဟောင်းသင်္ဘောကိုတော့ အစ္စရေးနိုင်ငံ Ma’agan Michael နယ်မြေမှာ ၁၉၈၅ခုနှစ်က ပြန်လည်ရှာတွေ့ခဲ့တာပါ။ Haifa ပင်လယ်အော်က အစ္စရေးကျွန်းဆွယ်ရဲ့ ၇၅မီတာ အကွာက ရေအနက် ၂မီတာမှာ သုတေသနအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Ami Eshel က ဒီသင်္ဘောကို ရှာဖွေတွေ့ရှိခဲ့တာပါ။ အဲဒီနောက်တော့ ဒီသင်္ဘောပျက်ကို Haifa တက္ကသိုလ်ကို ယူပြီးစစ်ဆေးကြပြီးတဲ့နောက် ဘီစီ ၅ရာစု ဝန်းကျင်က ကုန်သည် သင်္ဘောတစ်စီး ဆိုတာကို အတည်ပြုခဲ့ကြပါတယ်။ဒီသင်္ဘောဟာ အလျား ၃၇ပေ အနံ ၁၃ပေ ရှိပြီး အလေးချိန်ကတော့ တန် ၂၀ ခန့် ရှိပါတယ်။ သင်္ဘောကိုတော့ Aleppo pine ဆိုတဲ့သစ်မျိုးနဲ့ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ သင်္ဘောပျက်ကို မူလပုံစံအတိုင်းပြန်လည်ရရှိဖို့အတွက် ပြုပြင်ထိမ်းသိမ်းရေး လုပ်ခဲ့ပြီး အချိန် ၇နှစ်ခန့်ပေးခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ Hafia တက္ကသိုလ်က Hecht ပြတိုက်မှာ ထားရှိပြသထားပါတယ်။

၆။ Kyrenia ship (ဘီစီ ၄၀၀ – ၃၀၀)

Kyrenia သင်္ဘောဟာ ဘီစီ ၄ရာစုဝန်းကျင်က ဂရိကုန်သည် သင်္ဘောတစ်စီးဖြစ်ခဲ့ပါတယ်။ သုတေသနကျောင်းသား Michael Katzev ရဲ့ ရှာဖွေထောက်လှမ်းမှုနဲ့အတူ ရေငုပ်သမား Andreas Kariolou က ၁၉၆၇ခုနှစ်မှာ ရှာတွေ့ခဲ့တာပါ။ ၁၉၆၅ခုနှစ်ကတည်းက ဒီသင်္ဘောရဲ့တည်နေရာကို သိခဲ့ပေမယ့် မုန်တိုင်းကြောင့် နေရာရွေ့သွားပြီးတဲ့နောက် အကြိမ်ကြိမ်ပြန်လည် ရှာဖွေခဲ့ရခြင်း ဖြစ်ပါတယ်။ တွေ့ရှိတဲ့နေရာကတော့ ဆိုက်ပရပ်နိုင်ငံ Kyrenia မြို့အနီးမှာ ဖြစ်ပါတယ်။သင်္ဘောဟာ အရှည် ၄၇ပေ ၊ အနံ ၁၄.၅ပေ ရှိပြီး ကုန်သွယ်သင်္ဘောအမျိုးအစား ဖြစ်ပါတယ်။ သင်္ဘောသား ၄ယောက် လိုက်ပါရပြီး တစ်နာရီကို ၆မိုင်ခန့် အမြန်နှုန်းနဲ့ သွားနိုင်တဲ့ သင်္ဘောဖြစ်ပါတယ်။ အလက်ဇန္ဒားဘုရင်လက်ထက်က မြေထဲပင်လယ် တလျှောက်သွားလာခဲ့တဲ့ ဒီသင်္ဘောဟာ Kyrenia မြို့ရဲ့ ၁မိုင်အကွာမှာ နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဂရိနိုင်ငံ Thessaloniki မြို့က သိပ္ပံ နဲ့ နည်းပညာ ပြတိုက်မှာ ပြသထားပါတယ်။

၇။ Hjortspring boat (ဘီစီ ၄၀၀ – ၃၀၀)

Hjortspring boat ဆိုတဲ့ ဒီလှေကိုတော့ စကင်ဒီနေးဗီးယားဒေသက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ရောမခေတ်ဦး သံခတ် မတိုင်မီမှာ အသုံးပြုခဲ့တဲ့ ကနူးလှေ အကြီးစား ဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံတောင်ပိုင်း Als ကျွန်းမှာ ၁၉၂၁ နဲ့ ၁၉၂၂ကြားမှာ တွေ့ရှိခဲ့ကြတာဖြစ်ပြီး တွေ့ရှိစဉ်မှာ အပိုင်းအစတွေပဲ ကျန်ပါတော့တယ်။ လှေတစ်စီးလုံးအရှည်ကတော့ ၅၉ပေ ရှိပြီး အတွင်းဘက်လူနေလို့ရတဲ့နေရာကတော့ အရှည် ၄၂ပေ နဲ့ အကျယ် ၆.၅ပေ ရှိပါတယ်။စကင်ဒီနေးဗီးယားဒေသကနေ ရှာဖွေတွေ့ရှိခဲ့သမျှထဲမှာ ဒီလှေဟာ အစောဆုံးလှေဖြစ်ပြီး Nordic ကြေးခေတ်မှာ အသုံးပြုခဲ့တဲ့ လှေတစ်စီးဖြစ်တယ်လို့ သိရပါတယ်။ ဒီလှေဟာ အဲဒီခေတ်က အသုံးပြုခဲ့တဲ့ တိုက်ပွဲဝင်လှေတစ်စီးလို့ လည်းဆိုနိုင်ပါတယ်။အကြောင်းကတော့ ဒီလှေကို တွေ့ရှိတုန်းက လှေဝမ်းထဲမှာ ဓါးတွေ ၊ လှံတွေ ၊ ဒိုင်းတွေနဲ့ ချပ်ဝပ်တန်ဆာတွေကိုပါ တွေ့ရှိခဲ့လို့ ဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံ ကိုဗင်ဟေဂင်က အမျိုးသားပြတိုက်မှာ ဒီလှေကို ပြသထားပါတယ်။

၈။ Nydam Boat ( ဘီစီ ၃၂၀-၃၁၀)

ဒီလှေကိုတော့ ဒိန်းမတ်နိုင်ငံတောင်ပိုင်း Øster Sottrup မြို့အနီးက Nydam Mose ရှေးဟောင်းသုတေသန ဆိုဒ်တစ်ခုမှာ ရှာဖွေတွေ့ရှိခဲ့ကြတာပါ။ ဒီသုတေသနဆိုဒ်ကနေ သံခေတ်ကသုံးခဲ့တဲ့ လက်နက်တွေနဲ့ လှေတွေကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီထဲမှာမှ Nydam Boat လှေဟာ ရှေးအကျဆုံးဖြစ်ပါတယ်။ အရှည် ၇၅ပေ အနံ၁၃ပေ ရှိပြီး ဝက်သစ်ချပင်သား နဲ့ တည်ဆောက်ထားတဲ့ လှေဖြစ်ပါတယ်။clinker(လှေအစွန်းနှစ်ဘက်ကို ထပ်တူညီအောင်တည်ဆောင်ထားတဲ့) နည်းနဲ့ တည်ဆောက်ထားတဲ့လှေဖြစ်ပြီး လှော်တက် ၁၅စုံ လှော်ခတ်ဖို့နေရာတွေလည်း ပါရှိနေပါတယ်။ လှေရဲ့အလေးချိန်ဟာ ၃တန်ခန့်ရှိပြီး လှေထိုးသား အယောက် ၃၀ နဲ့ လှော်ခတ်ခဲ့တဲ့ လှေဖြစ်ပါတယ်။ အဲဒီသုတေသန ဆိုဒ်ကနေ တွေ့ရှိခဲ့ရသမျှ လှေတွေထဲမှာ ဒီလှေဟာ အကြီးဆုံးနဲ့ အကောင်းမွန်ဆုံးတွေ့ရှိခဲ့တဲ့ လှေဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂျာမနီနိုင်ငံ Schleswig မြို့က Gottorf ရဲတိုက်မှာ ဒီရှေးဟောင်းလှေကို ပြသထားပါတယ်။

၉။ Sea of Galilee Boat (ဘီစီ ၅၀ – အေဒီ ၇၀)

Sea of Galilee Boat ဆိုတဲ့ ဒီရှေးဟောင်းလှေကို Jesus Boat လို့ ပိုပြီး လူသိများပါတယ်။ အစ္စရေးနိုင်ငံ Galilee ရေကန်ထဲက နေ ၁၉၈၆ခုနှစ်က ရှာဖွေတွေ့ရှိခဲ့ကြတာပါ။ ကျန်ရှိနေသေးတဲ့ လှေအပိုင်းအစဟာ အလျား ၂၇ပေ ၊အနံ ၇.၅ပေ ရှိပြီး အမြင့် ၄.၃ပေပ ရှိပါတယ်။ မိုးခေါင်တဲ့အချိန်မှာ ကန်ရဲ့ရေနည်းပါးပြီးတဲ့နောက် ဒီရှေးဟောင်းလှေကို တွေ့ရှိခဲ့ကြတာပါ။ဒီလှေကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သူတွေကတော့ Moshe နဲ့ Yuval Lufan ဆိုတဲ့ ငါးဖမ်းသမား ညီအစ်ကို နှစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီလှေရဲ့သက်တမ်းကို ဘီစီ ၅၀ ကနေ အေဒီ ၇၀ အတွင်းလို့သာ ကာဘွန်နည်းနဲ့ ခန့်မှန်းတွက်ချက်ထားကြပါတယ်။ ဒီလှေဟာ စတုရန်းမိုင် ၆၀ကျော် ကျယ်ဝန်းတဲ့ Galilee ရေကန်ကြီးထဲမှာ အေဒီ ၁ရာစုဝန်းကျင်လောက်က ငါးဖမ်းခြင်း နဲ့ ကုန်သွယ်ခြင်း လုပ်ခဲ့တဲ့ လှေများထဲက တစ်စီးဖြစ်တယ်လို့ ဆိုကြပါတယ်။ လက်ရှိအချိန်မှာတော့ ဒီရှေးဟောင်းလှေကို Yigal Allon Galilee Boat ပြတိုက်မှာ ထိမ်းသိမ်းပြသထားပါတယ်။

၁၀။ Arles Rhône 3 (အေဒီ ၁ရာစုဝန်းကျင်)

Arles Rhône 3 လို့အမည်ရတဲ့လှေဟာ အေဒီ ၁ရာစု ဝန်းကျင် ရှေးဟောင်းရောမခေတ် လှေတစ်စီးဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်က ပြင်သစ်နိုင်ငံ Arles မြို့အနီး ရုန်းမြစ်အောက်ကနေ ရှာဖွေတွေ့ရှိခဲ့ကြတာပါ။ အလျား ၁၀၂ပေ ရှိတဲ့ ဒီလှေသင်္ဘောဟာ အဲဒီခေတ်က မြစ်ကြောင်းတလျှောက် စုန်ဆန်ကာ သွားလာနေတဲ့ ကုန်သည်လှေတစ်စီးဖြစ်ပါတယ်။ ဒီလှေကိုတော့ ဝက်သစ်ချပင်သားတွေနဲ့ တည်ဆောက်ထားတာပါ။လှေနဲ့အတူ စကျင်ကျောက်နဲ့ထုလုပ်ထားတဲ့ ပင်လယ်နတ်ဘုရား နတ်ပကျွန်းရုပ်တု နဲ့ အဲဒီခေတ်သုံး ရှေးဟောင်းအိုးတွေကိုပါ ရေငုပ်သမားတွေက ရှာဖွေတွေ့ရှိခဲ့ကြတာပါ။ လက်ရှိအချိန်မှာတော့ ဒီရှေးဟောင်းလှေကို Arles မြို့ သုတေသန ပြတိုက်မှာ ပြသထားပါတယ်။

Facebook Comments
595 Shares