ဗုဒၶဘာသာဝင္မ်ား သိထားသင့္သည့္ အိမ္မွာဘုရားေက်ာင္းေဆာင္ထားရွိျခင္းအက်ိဳးမ်ား

848
8K Shares

ဗုဒၶဘာသာဝင္မ်ား သိထားသင့္သည့္ အိမ္မွာဘုရားေက်ာင္းေဆာင္ထားရွိျခင္းအက်ိဳးမ်ား

မသိတဲ့သူေတြကေတာ့ ရုပ္တုေတြ ဆင္းတုေတာ္ေတြ အုတ္ပံုၾကီးေတြကို ရွိခိုးေနၾကတာလို ့ပဲ သံုးသပ္ၾကတယ္။ ဘာသာတိုင္းမွာလည္းကိုးကြယ္မႈျပယုတ္အမ်ိဳးမ်ိဳးရွိတာပဲေလဆိုျပီး သာမန္ေလာက္ပဲ ထင္ထားတတ္ၾကပါတယ္ဘာသာအမ်ိဳးမ်ိဳးရွိလို ့ကိုးကြယ္မွု အမ်ိဳးမ်ိဳး ရွိၾကေပမဲ့ အတုနဲ႔ အစစ္ရဲ႕ဂုဏ္အရည္အခ်င္း ကေတာ့ ကြာျခားပါလိမ့္မယ္။

ေစတီတည္ထိုက္တဲ့အရာေတြျဖစ္တဲ့ ဓာတုေစတီ ဓမၼေစတီ ဥဒၵိႆေစတီ ပရိေဘာဂ ေစတီေတြ ဆိုတာဟာ ပူေဇာ္ရင္အက်ိဳးၾကီးမားစြာ႐ွိလို ့ ဘုရားရွင္ေဟာထားခဲ့တာပါေနာက္တစ္ခါ ငါဘုရားရွင္သက္ေတာ္ထင္ရွား ရွိစဥ္အခါ၌ ငါဘုရားရွင္ကိုပူေဇာ္ဖူးျမင္ရေသာ အက်ိဳးသည္၎ မရွိေသာအခါ၌ ေစတီ ပံုေတာ္ကို ပူေဇာ္ဖူးျမင္ရျခင္းသည္၎ သဒၵါတရား ထက္သန္တူညီမႈရွိခဲ့ေသာ အက်ိဳးေပးသည္လည္း အတူတူပင္ျဖစ္ေပ၏ တဲ့

မိမိရဲ႕အိမ္ကဆင္းတုေတာ္ပဲျဖစ္ျဖစ္ ပံုေတာ္ပဲ ျဖစ္ျဖစ္ ေစတီတစ္ဆူဆူပဲျဖစ္ျဖစ္ သက္ရွိထင္ရွား ဘုရားရွင္ကဲ့သို ့စိတ္ထားနိ ုင္ျပီး ပန္း၊ ေရခ်မ္း၊ ဆီမီး၊ ဆြမ္း အစရွိတဲ့ေကာင္းမွ ူ ့ေတြလုပ္တာဟာ သက္ရွိထင္ရွားဘုရားကိုပူေဇာ္လို ့ရတဲ့အက်ိဳးနဲဲ ့ အတူတူပါပဲ၊

ဒါဟာဗုဒၶဘာသာဝင္တိုင္းအတြက္ မျဖစ္မေနသိထားသင့္တဲ့အေရးၾကီးတဲ့ ကိစၥပါ အျခားဘာသာေတြကဲ့သို ့ကိုးကြယ္မႈျပယုတ္္ မဟုတ္ပါဘူး တကယ္သဒၵါထက္သန္ရင္ တကယ္အက်ိဳးေပးၾကီးလွပါတယ္။ဒီကိစၥနဲ ့ပါတ္သတ္လို ့ တကယ့္အျဖစ္အပ်က္ ေလးတစ္ခုပါ လူေတာ္ေတာ္မ်ားမ်ားလည္း ၾကားဖူးၾကမွာပါ

ပဲခူးတိုင္း ျဖဴးျမိဳ ႕နယ္က ေဒၚကုလားမဆိုတဲ့ အမယ္အိုၾကီးတစ္ဦးရွိတယ္ အရမ္းဆင္းရဲတယ္ မလွ ူနိ ုင္ မတန္းနိုင္ပါဘူးဒါေပမဲ့ သူ ့ရဲ႕ ထူးျခားတဲ့ကုသိုလ္က ဆြမ္းကပ္တဲ့အခါ သက္ေတာ္ထင္ရွားဘုရားရွင္ကိုကပ္သလိုမ်ိဳး ဆြမ္းအမ်ားၾကီးနဲ ့ကပ္တယ္ ကိုယ္ေရေသာက္တိုင္း ဘုရားရွင္ကိုလည္း ခဏခဏ ေသာက္ေတာ္ေရကပ္တယ္မနက္ေစာေစာ မ်က္ႏွာသစ္ေတာ္ေရ အစရွိတဲ့ အိမ္မွာရွိတဲ့ဘုရားကိုသက္ရွိထင္ရွားဘုရားကဲ့သို ့ သေဘာထားျပီးသဒၵါထက္သန္စြာနဲ႔ေကာင္းမႈ ကုသိုလ္ေတြျပဳခဲ့တယ္္

တစ္ေန ့ေတာ့ အဲဒီနယ္ကဆရာေတာ္ၾကီးတစ္ပါးဟာ ေမ်ာျပီးနတ္ျပည္ကိုေရာက္သြားတယ္္ နတ္ျပည္မွာ အလြန္ေတာက္ပတဲ့ဗိမၼာန္ၾကီးကိုေတြ႕ ရတယ္ ဗိမၼာန္ရွင္နတ္သားကိုမေတြ ့လို ့ေမးၾကည့္ေတာ့ နတ္သားတစ္ပါးကေျပာတယ္ အဲဒီ ဗိမၼာန္ဟာ ျဖဴးျမိဳ ့စမ္းျမိဳင္ရပ္က ေဒၚကုလားမ ဗိမၼာန္တဲ့ သူကမေသေသးဘူး အခုရွိေသးတယ္ သူေသရင္ေနဖို ့တဲ့

ေနာက္ေတာ့ ဆရာေတာ္ၾကီးကသတိရလာျပီး ကပၸိယေတြကိုစံုစမ္းခိုင္းလိုက္ေတာ့ ေဒၚကုလားမ ကိုေတြ႕ျပီး သူ ့ရဲ႕ထူးျခားတဲ့ေကာင္းမႈေတြကိုပါ ေမးလာခဲ့ရတယ္။လူမေသခင္ဗိမၼာန္ေပါက္တာဟာ ဇာတ္ေတာ္ ေတြထဲမွာလည္း ရွိပါတယ္။

ကဲ ဒါဆိုရင္အိမ္မွာရွိတဲ့ဘုရားဆင္းတုေတာ္ဟာ ဘာသာတရားတစ္ခုရဲ႕ျပယုတ္မဟုတ္ဘူး ဆိုတာကိုသေဘာေပါက္ေလာက္ေရာေပါ့မိတ္ေဆြတို ့လည္း သက္ရွိထင္ရွားဘုရားရွင္နဲ ေန ့တိုင္းထိေတြ႕ခြင့္ရေနတယ္ဆိုတာ မေမ့ၾကေစလိုပါ။

ဆြမ္းေတာ္လဲကပ္ပါ ကိုယ္လည္းစားပါ

ဘုရားရွင္ဆြမ္းဘုန္းေပးေနတာကိုၾကည့္ျပီး ဘုရင္ၾကီးက ဘုရားရွင္ရဲ႕ဆြမ္းကိုစားခ်င္ေနတယ္ ဒါကို ဘုရားရွင္ကသိေတာ့ ဘုန္းေပးျပီးတယ္ဆို က်န္တဲ့ဆြမ္းကိုဘုရင္ၾကီးထံစြန္ ့ေပးတယ္၊ျပီးေတာ့ ဘုရားရွင္ကိုကပ္တဲ့ဆြမ္းကို ျပန္စြန္ ့ျပီးစားရင္ အနာေရာဂါကင္းတဲ့အေၾကာင္း ဒါေပမဲ့ ေဝယ်ာဝစၥျပဳလုပ္ျပီးမွစားသင့္ေၾကာင္းမိန္ ့ၾကားတယ္။

မိတ္ေဆြတို ့လည္း ဘုရားဆြမ္းေတာ္ကပ္တဲ့အခါ သက္ရွိထင္ရွားဘုရားရွင္ကိုကပ္သလိုမ်ိဳး ကပ္နိ ုင္ေအာင္ၾကိဳးစားပါ ျပီးရင္ျပန္စြန္ ့ျပီးစားပါ အနာေရာဂါကင္းတဲ့အက်ိဳးေက်းဇူးရပါတယ္။တကယ္ေတာ့ ကိုယ့္္မိသားစုအတြက္ေတာင္ ပင္ပင္ပန္းပန္း ခ်က္ျပဳတ္ျပီးေကြ်းရေမြးရေသးတာပဲ ဘုရားရွင္အတြက္ဆိုျပီးရည္ရြယ္ခ်က္ေလးထားကာ

ခ်က္ျပဳတ္မယ္ဆိုရင္ ၾကီးမားတဲ့ကုသိုလ္ေတြလည္း ရမယ္ ျပီးေတာ့ ကိုယ္ခ်က္ျပဳတ္ထားတာေတြဟာ လည္းဘုရားရွင္ကိုကပ္လို ့ေလ်ာ့နည္းသြား တာမွမဟုတ္ပဲ ကိုယ္ပဲျပန္စြန္ ့ျပီးစားရတာ ဘာလို ့မလုပ္နိ ုင္ရမွာလည္းတစ္ခ်ိဳ ႕က ဘုရားဆြမ္းေတာ္ကိုစားတာဟာ မသင့္ေတာ္ဘူးေျပာၾကတယ္ အေျခအျမစ္ မရွိပါဘူး အနာေရာဂါေတာင္ကင္းပါတယ္ ခ်က္ရျပဳတ္ရလုပ္ရတဲ့အတြက္ ေဝယ်ာဝစၥလည္း လုပ္ျပီးသားျဖစ္သြားပါတယ္ ဒါ့ေၾကာင့္စားလို ့ အျပစ္မရွိပါဘူး။

ေတြးၾကည့္ရင္ပင္ပန္းမယ္ ထင္ေပမယ္႔ ကြ်န္ေတာ္ကိုယ္တိုင္အဲဒီလို ေန ့စဥ္က်င့္သံုး လာတာ ၁၀ ႏွစ္ေက်ာ္ ေလာက္ရွိပါျပီ ေန ့စဥ္အလုပ္လို ျဖစ္သြားတဲ့အတြက္ဘာမွပိုျပီးမထူးပါဘူး။ကိုယ့္အတြက္ေလာက္ဆိုရင္ေတာင္ ဘယ္အခ်ိန္ စားရ စားရဆိုျပီးေနာက္က်နိ ုင္ေပမဲ့ ဘုရားရွင္အတြက္ မြန္းမလြဲခင္ကပ္ရမယ္ဆိုတဲ့အတြက္ ဝီရိယေတာင္ ပိုျပီးသံုးရတဲ့အတြက္ပိုကုသိုလ္ရပါတယ္။

ကြ်န္ေတာ္ကေတာ့ တစ္ေန ့ကို အရုဏ္ဆြမ္း ေန ့ဆြမ္း ႏွစ္ၾကိမ္ကပ္ပါတယ္။လူတစ္ေယာက္စားရင္ ၁၅ မိနစ္ခန္ ့ၾကာပါတယ္ ဆြမ္းေတာ္ကပ္ျပီး နာရီဝက္ထားပါတယ္ တစ္ခါတရံ ယပ္ေလေတာင္ခပ္ေပးတဲ့ကုသိုလ္ကို ယူလိုက္ပါေသးတယ္

ေဘးကလူၾကည့္ရင္ ရယ္စရာျဖစ္ေနေပမဲ့ ကိုယ့္ယံုၾကည္ခ်က္နဲ ့ကိုယ္ပဲေလ အရုဏ္ကေတာ့ မုန္ ့တစ္ခုခုျဖစ္တာမ်ားပါတယ္ ဆြမ္းခ်က္ကပ္တာ တစ္ခါတရံမွပါ ေန ့ဆြမ္းကေတာ့အျမဲကပ္ျဖစ္ပါတယ္။ကြ်န္ေတာ္တို ့လို စားဝတ္ေနေရးအဆင္မေျပသူမ်ား အတြက္က အဲလိုမွမယူတက္ရင္ ဘာေကာင္းမွု မွ လုပ္နိ ုင္မွာမဟုတ္ပါဘူး။မိတ္ေဆြတို ့လည္း ယံုၾကည္ရင္ လုပ္ႏိုင္ၾကပါတယ္။

Unicode Font

ဗုဒ္ဓဘာသာဝင်များ သိထားသင့်သည့် အိမ်မှာဘုရားကျောင်းဆောင်ထားရှိခြင်းအကျိုးများ

မသိတဲ့သူတွေကတော့ ရုပ်တုတွေ ဆင်းတုတော်တွေ အုတ်ပုံကြီးတွေကို ရှိခိုးနေကြတာလို့ပဲ သုံးသပ်ကြတယ်။ ဘာသာတိုင်းမှာလည်းကိုးကွယ်မှုပြယုတ်အမျိုးမျိုးရှိတာပဲလေဆိုပြီး သာမန်လောက်ပဲ ထင်ထားတတ်ကြပါတယ်ဘာသာအမျိုးမျိုးရှိလို့ကိုးကွယ်မှု အမျိုးမျိုး ရှိကြပေမဲ့ အတုနဲ့ အစစ်ရဲ့ဂုဏ်အရည်အချင်း ကတော့ ကွာခြားပါလိမ့်မယ်။

စေတီတည်ထိုက်တဲ့အရာတွေဖြစ်တဲ့ ဓာတုစေတီ ဓမ္မစေတီ ဥဒ္ဒိဿစေတီ ပရိဘောဂ စေတီတွေ ဆိုတာဟာ ပူဇော်ရင်အကျိုးကြီးမားစွာရှိလို့ ဘုရားရှင်ဟောထားခဲ့တာပါနောက်တစ်ခါ ငါဘုရားရှင်သက်တော်ထင်ရှား ရှိစဉ်အခါ၌ ငါဘုရားရှင်ကိုပူဇော်ဖူးမြင်ရသော အကျိုးသည်၎င်း မရှိသောအခါ၌ စေတီ ပုံတော်ကို ပူဇော်ဖူးမြင်ရခြင်းသည်၎င်း သဒ္ဒါတရား ထက်သန်တူညီမှုရှိခဲ့သော အကျိုးပေးသည်လည်း အတူတူပင်ဖြစ်ပေ၏ တဲ့

မိမိရဲ့အိမ်ကဆင်းတုတော်ပဲဖြစ်ဖြစ် ပုံတော်ပဲ ဖြစ်ဖြစ် စေတီတစ်ဆူဆူပဲဖြစ်ဖြစ် သက်ရှိထင်ရှား ဘုရားရှင်ကဲ့သို့စိတ်ထားနိ ုင်ပြီး ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်း အစရှိတဲ့ကောင်းမှ ူ့တွေလုပ်တာဟာ သက်ရှိထင်ရှားဘုရားကိုပူဇော်လို့ရတဲ့အကျိုးနဲ့ အတူတူပါပဲ၊

ဒါဟာဗုဒ္ဓဘာသာဝင်တိုင်းအတွက် မဖြစ်မနေသိထားသင့်တဲ့အရေးကြီးတဲ့ ကိစ္စပါ အခြားဘာသာတွေကဲ့သို့ကိုးကွယ်မှုပြယုတ် မဟုတ်ပါဘူး တကယ်သဒ္ဒါထက်သန်ရင် တကယ်အကျိုးပေးကြီးလှပါတယ်။ဒီကိစ္စနဲ့ပါတ်သတ်လို့ တကယ့်အဖြစ်အပျက် လေးတစ်ခုပါ လူတော်တော်များများလည်း ကြားဖူးကြမှာပါ

ပဲခူးတိုင်း ဖြူးမြို့နယ်က ဒေါ်ကုလားမဆိုတဲ့ အမယ်အိုကြီးတစ်ဦးရှိတယ် အရမ်းဆင်းရဲတယ် မလှ ူနိ ုင် မတန်းနိုင်ပါဘူးဒါပေမဲ့ သူ့ရဲ့ ထူးခြားတဲ့ကုသိုလ်က ဆွမ်းကပ်တဲ့အခါ သက်တော်ထင်ရှားဘုရားရှင်ကိုကပ်သလိုမျိုး ဆွမ်းအများကြီးနဲ့ကပ်တယ် ကိုယ်ရေသောက်တိုင်း ဘုရားရှင်ကိုလည်း ခဏခဏ သောက်တော်ရေကပ်တယ်မနက်စောစော မျက်နှာသစ်တော်ရေ အစရှိတဲ့ အိမ်မှာရှိတဲ့ဘုရားကိုသက်ရှိထင်ရှားဘုရားကဲ့သို့ သဘောထားပြီးသဒ္ဒါထက်သန်စွာနဲ့ကောင်းမှု ကုသိုလ်တွေပြုခဲ့တယ်

တစ်နေ့တော့ အဲဒီနယ်ကဆရာတော်ကြီးတစ်ပါးဟာ မျောပြီးနတ်ပြည်ကိုရောက်သွားတယ် နတ်ပြည်မှာ အလွန်တောက်ပတဲ့ဗိမ္မာန်ကြီးကိုတွေ့ ရတယ် ဗိမ္မာန်ရှင်နတ်သားကိုမတွေ့လို့မေးကြည့်တော့ နတ်သားတစ်ပါးကပြောတယ် အဲဒီ ဗိမ္မာန်ဟာ ဖြူးမြို့စမ်းမြိုင်ရပ်က ဒေါ်ကုလားမ ဗိမ္မာန်တဲ့ သူကမသေသေးဘူး အခုရှိသေးတယ် သူသေရင်နေဖို့တဲ့

နောက်တော့ ဆရာတော်ကြီးကသတိရလာပြီး ကပ္ပိယတွေကိုစုံစမ်းခိုင်းလိုက်တော့ ဒေါ်ကုလားမ ကိုတွေ့ပြီး သူ့ရဲ့ထူးခြားတဲ့ကောင်းမှုတွေကိုပါ မေးလာခဲ့ရတယ်။လူမသေခင်ဗိမ္မာန်ပေါက်တာဟာ ဇာတ်တော် တွေထဲမှာလည်း ရှိပါတယ်။

ကဲ ဒါဆိုရင်အိမ်မှာရှိတဲ့ဘုရားဆင်းတုတော်ဟာ ဘာသာတရားတစ်ခုရဲ့ပြယုတ်မဟုတ်ဘူး ဆိုတာကိုသဘောပေါက်လောက်ရောပေါ့မိတ်ဆွေတို့လည်း သက်ရှိထင်ရှားဘုရားရှင်နဲ နေ့တိုင်းထိတွေ့ခွင့်ရနေတယ်ဆိုတာ မမေ့ကြစေလိုပါ။

ဆွမ်းတော်လဲကပ်ပါ ကိုယ်လည်းစားပါ

ဘုရားရှင်ဆွမ်းဘုန်းပေးနေတာကိုကြည့်ပြီး ဘုရင်ကြီးက ဘုရားရှင်ရဲ့ဆွမ်းကိုစားချင်နေတယ် ဒါကို ဘုရားရှင်ကသိတော့ ဘုန်းပေးပြီးတယ်ဆို ကျန်တဲ့ဆွမ်းကိုဘုရင်ကြီးထံစွန့်ပေးတယ်၊ပြီးတော့ ဘုရားရှင်ကိုကပ်တဲ့ဆွမ်းကို ပြန်စွန့်ပြီးစားရင် အနာရောဂါကင်းတဲ့အကြောင်း ဒါပေမဲ့ ဝေယျာဝစ္စပြုလုပ်ပြီးမှစားသင့်ကြောင်းမိန့်ကြားတယ်။

မိတ်ဆွေတို့လည်း ဘုရားဆွမ်းတော်ကပ်တဲ့အခါ သက်ရှိထင်ရှားဘုရားရှင်ကိုကပ်သလိုမျိုး ကပ်နိ ုင်အောင်ကြိုးစားပါ ပြီးရင်ပြန်စွန့်ပြီးစားပါ အနာရောဂါကင်းတဲ့အကျိုးကျေးဇူးရပါတယ်။တကယ်တော့ ကိုယ့်မိသားစုအတွက်တောင် ပင်ပင်ပန်းပန်း ချက်ပြုတ်ပြီးကျွေးရမွေးရသေးတာပဲ ဘုရားရှင်အတွက်ဆိုပြီးရည်ရွယ်ချက်လေးထားကာ

ချက်ပြုတ်မယ်ဆိုရင် ကြီးမားတဲ့ကုသိုလ်တွေလည်း ရမယ် ပြီးတော့ ကိုယ်ချက်ပြုတ်ထားတာတွေဟာ လည်းဘုရားရှင်ကိုကပ်လို့လျော့နည်းသွား တာမှမဟုတ်ပဲ ကိုယ်ပဲပြန်စွန့်ပြီးစားရတာ ဘာလို့မလုပ်နိ ုင်ရမှာလည်းတစ်ချို့က ဘုရားဆွမ်းတော်ကိုစားတာဟာ မသင့်တော်ဘူးပြောကြတယ် အခြေအမြစ် မရှိပါဘူး အနာရောဂါတောင်ကင်းပါတယ် ချက်ရပြုတ်ရလုပ်ရတဲ့အတွက် ဝေယျာဝစ္စလည်း လုပ်ပြီးသားဖြစ်သွားပါတယ် ဒါ့ကြောင့်စားလို့ အပြစ်မရှိပါဘူး။

တွေးကြည့်ရင်ပင်ပန်းမယ် ထင်ပေမယ့် ကျွန်တော်ကိုယ်တိုင်အဲဒီလို နေ့စဉ်ကျင့်သုံး လာတာ ၁၀ နှစ်ကျော် လောက်ရှိပါပြီ နေ့စဉ်အလုပ်လို ဖြစ်သွားတဲ့အတွက်ဘာမှပိုပြီးမထူးပါဘူး။ကိုယ့်အတွက်လောက်ဆိုရင်တောင် ဘယ်အချိန် စားရ စားရဆိုပြီးနောက်ကျနိ ုင်ပေမဲ့ ဘုရားရှင်အတွက် မွန်းမလွဲခင်ကပ်ရမယ်ဆိုတဲ့အတွက် ဝီရိယတောင် ပိုပြီးသုံးရတဲ့အတွက်ပိုကုသိုလ်ရပါတယ်။

ကျွန်တော်ကတော့ တစ်နေ့ကို အရုဏ်ဆွမ်း နေ့ဆွမ်း နှစ်ကြိမ်ကပ်ပါတယ်။လူတစ်ယောက်စားရင် ၁၅ မိနစ်ခန့်ကြာပါတယ် ဆွမ်းတော်ကပ်ပြီး နာရီဝက်ထားပါတယ် တစ်ခါတရံ ယပ်လေတောင်ခပ်ပေးတဲ့ကုသိုလ်ကို ယူလိုက်ပါသေးတယ်

ဘေးကလူကြည့်ရင် ရယ်စရာဖြစ်နေပေမဲ့ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်ပဲလေ အရုဏ်ကတော့ မုန့်တစ်ခုခုဖြစ်တာများပါတယ် ဆွမ်းချက်ကပ်တာ တစ်ခါတရံမှပါ နေ့ဆွမ်းကတော့အမြဲကပ်ဖြစ်ပါတယ်။ကျွန်တော်တို့လို စားဝတ်နေရေးအဆင်မပြေသူများ အတွက်က အဲလိုမှမယူတက်ရင် ဘာကောင်းမှု မှ လုပ်နိ ုင်မှာမဟုတ်ပါဘူး။မိတ်ဆွေတို့လည်း ယုံကြည်ရင် လုပ်နိုင်ကြပါတယ်။

Facebook Comments
8K Shares