E.T.S

Every Time Story

ဗဟုသုတ

ငွေမကုန်ပဲ အစားစားရလို့ ဒိတ်လုပ်တာပါဆိုတဲ့ အမျိုးသမီးအများစု

dfjghwuyt94356734856igjdfgi457y49widgh

အမျိုးသမီးထုရဲ့ ၃၃ ရာခိုင်နှုန်းဟာ ချစ်သူနဲ့ ဒိတ်လုပ်ခြင်းက ငွေမကုန်ပဲ အစားစားရလို့ဖြစ်ကြောင်း လေ့လာတွေ့ရှိ

Stocksy Lumina PortionControl

သိပ္ပံပညာရှင်​​တွေနဲ့ သု​တေသီ ​တွေဟာ အချစ်​ကိုရှာပြီး ဒိတ်​လုပ်​ကြတဲ့စုံတွဲ​တွေကြားက လျှို့ဝှက်​ချက်​တခုကို ​ဖော်​ထုတ်​ပြသွားခဲ့ပါတယ်​။ ဒီသတင်းကို Tuko သတင်းဝက်​ဘ်​ဆိုက်​က​နေ ​ဖော်​ပြခဲ့တာကို ဘာသာပြန်ရေးသား တင်ပြခြင်းဖြစ်ပါတယ်​။

Society for Personality and Social Psychology က ပြုလုပ်​ခဲ့တဲ့ ​လေ့လာမှုကဒီလိုပါ။ အမျိုးသမီးများ ဒိတ်လုပ်ခြင်းရဲ့ သုံးပုံတစ်ပုံက ငွေမကုန်ပဲ အစားစားရလို့ ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ကြတာဖြစ်​ပါတယ်​။

fwwfwf

သု​တေသီ​တွေဟာ ပထမအဖွဲ့အဖြစ်​ အမျိုးသမီးအ​ယောက်​ ၈၂၀ ကို စစ်​တမ်းတခုပြုလုပ်​ခဲ့ပြီး ထွက်​​ပေါ်လာတဲ့ရလာဒ်​အရ သူတို့ထဲက ၂၃ ရာခိုင်​နှုန်းဟာ အမျိုးသား​တွေကိုတွဲခုတ်​ပြီးဒိတ်​လုပ်​ရခြင်း သား​ကောင်​အဖြစ်​ မုဆိုးဖမ်းထားတာဖြစ်​ပြီး သူတို့လိုအပ်​​နေချိန်​မှာ ပိုင်းလုံးအဖြစ်​အသုံးချကြတာဖြစ်​တယ်​လို့ သက်​​သေပြနိုင်​ခဲ့ပါတယ်​။

ဒုတိယအဖွဲ့အဖြစ်​ အမျိုးသမီး ၃၂၇ ​ယောက်​ကို ​မေးခွန်း​တွေ​မေးပြီးစစ်​တမ်းယူခဲ့တဲ့ ရလာဒ်​မှာ​တော့ သူတို့ထဲက သုံးပုံတပုံဖြစ်​တဲ့ ၃၃ ရာခိုင်​နှုန်းဟာ ဒိတ်လုပ်တဲ့အခာ ငွေမကုန်ပဲ အစားစားရလို့ ဒိတ်​လုပ်​ဖြစ်​​တဲ့အ​ကြောင်း ဝန်​ခံထွက်​ဆိုခဲ့တယ်​လို့ Tuk သတင်း​ဖော်ပြချက်အရ​​သိရှိခဲ့ရပါတယ်​။

Stocksy Lumina PortionControl

ဒီလိုအမျိုးသမီး​တွေမှာ psychopathy, Machiavellianism နဲ့ narcissis လို့ ​ခေါ်တဲ့ စိတ္တဇ​ဝေဒနာပုံစံမျိုး​တွေဖြစ်​ပွား​နေတာဖြစ်​ပြီး သူတို့ဟာ လူ​တွေကို ကိုယ့်​ကိုယ်​ကျိုးအတွက်​သက်​သက် ​ခေါင်းပုံဖြတ်​အမြတ်​ထုတ်​ဖို့သာ စိတ်​ဝင်​စားကြသူ​တွေဖြစ်​တယ်​လို့ ပညာရှင်​​တွေကဆိုပါတယ်​။

လိုအပ်​လာရင်​၊ ဘိုင်​ပြတ်​လာတဲ့အခါ ကိုင်းကြီးကြီးမှာရှိတဲ့ အမျိုးသား​တွေဆီနားကြပြီး အချစ်စစ်​ဆိုတဲ့စိတ်​ခံစားချက်​ဆိုတာမပါဝင်​ကြတာမို့ အသုံးမလို​တော့ရင်​ အမှိုက်​လိုစွန့်​ပစ်​သွားတတ်​တဲ့ အမျိုးသမီး​တွေဖြစ်​​ကြောင်း ပညာရှင်​​တွေက​ထောက်​ပြခဲ့ကြတာပါ။

fwwfwf

ပရိသတ်​ကြီးလည်း အလှအပနဲ့ အချစ်ကိုဗန်းပြပြီး ​​ကိုယ့်​အနား​ရောက်​လာတဲ့သူကဘယ်​လိုလူမျိုးလဲသတိထားဆင်​ခြင်​နိုင်​​စေဖို့ ​ဖော်​ပြ​ပေး​လိုက်​ရပါတယ်​။

Facebook Comments

63 Shares

Comments are Closed

Powered by M.N.T

63 Shares
Share63
Tweet
Share
Pin