E.T.S

Every Time Story

ဗဟုသုတ

ကိုယ်နဲ့ ချွတ်ဆွတ် တူနေတဲ့သူကို မြင်လိုက်ရတဲ့ အမျိုးသားတစ်ယောက်ရဲ့ ဗီဒီယိုဖိုင်

ikouiy0i6765798ouiyoui0679u607oui067ui 1

ကိုယ်နဲ့ ချွတ်ဆွတ် တူနေတဲ့သူကို မြင်လိုက်ရတဲ့ အမျိုးသားတစ်ယောက်ရဲ့ ဗီဒီယိုဖိုင်

dfghiorty4569384576eirytioeryt348567ueirurig 2

လောကမှာ လူတူမရှား၊ နာမည်တူမရှားဆိုတာ အတော်လေး မှန်ပါတယ်။ ကမ္ဘာပေါ်မှာ ကိုယ်နဲ့တူသူတွေ အများကြီးရှိနိုင်သလို၊ နာမည်တူဆိုတာကတော့ ရေတွက်လို့တောင် နိုင်မှာ မဟုတ်ပါဘူး။ အခု လူတူနှစ်ယောက်ရဲ့ ထူးခြားတဲ့ အဖြစ်အပျက်လေးကို WorldOfBuzz သတင်းက ဖော်ပြထားပါတယ်။

dfghiorty4569384576eirytioeryt348567ueirurig 1

ဒီအဖြစ်အပျက်ကို လူမှုကွန်ရက်အသုံးပြုသူ Amir Zulfadhli Zulkifly က ပြန်လည်မျှဝေထားပါတယ်။ Amir ရဲ့အဆိုအရ သူ့ရဲ့သူငယ်ချင်းတစ်ယောက်ဟာ ဖိတ်ကြားထားတဲ့ မင်္ဂလာဆောင်တစ်ခုကို သွားရောက်စဉ်မှာ ထင်မှတ်မထားဘဲ၊ သူနဲ့ ရုပ်ချင်းအလွန်တူတဲ့ လူတစ်ယောက်ကို တွေ့ခဲ့ရတာပါတဲ့။

dfghiorty4569384576eirytioeryt348567ueirurig 2

အဝတ်အစားလည်းတူ၊ မျက်မှန်တပ်ထားတာလည်းတူ၊ ခေါင်းပြောင်နေအောင် တုံးထားတာချင်းလည်း တူနေလို့ သူ့ခမျာ အလွန်အံ့သြနေရပြီး၊ မသိရင် သူ့မှာ အမွှာညီအစ်ကို ရှိခဲ့လေသလားလို့တောင် ထင်မှတ်မိစေခဲ့တယ်လို့ Amir ရဲ့ သူငယ်ချင်းက ပြောခဲ့ပါသတဲ့။

dfghiorty4569384576eirytioeryt348567ueirurig 1

သူဟာ အဲဒီလူတူပါတဲ့ အမှတ်တရဗွီဒီယိုဖိုင်ကို Amir က မှတ်တမ်းတင်ခဲ့ပါတယ်။ အဆိုပါ ဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ကြည့်ရှုသူ (၁၃၃၁၆၅)အထိ ရှိခဲ့ပြီး၊ ပြန်လည်မျှဝေသူ (၇)ထောင်ကျော်၊ မှတ်ချက်ရေးသူ (၉၀၀)နီးပါး၊ Like and reaction ပြုလုပ်သူ (၃)ထောင်ကျော် ရှိခဲ့ပါတယ်။

Facebook Comments
611 Shares

Comments are Closed

Powered by M.N.T