စံခ်ိန္သစ္ တစ္ခုကို ေနာက္ထပ္ရယူလုိက္တဲ့ ရိုနာဒို

452
3K Shares

စံခ်ိန္သစ္ တစ္ခုကို ေနာက္ထပ္ရယူလုိက္တဲ့ ရိုနာဒို

ရိုနာဒို ကေတာ့ စီးရီးေအကို စတင္ေရာက္ရွိလာတဲ့ ေဘာလံုးရာသီမွာပဲ စံခ်ိန္ေတြ တစ္ခုျပီး တစ္ခု ရယူလွ်က္ ရွိေနျပီး မေန႔က ကစားခဲ့တဲ့ အတၱလႏၱတာ နဲ႔ ပြဲစဥ္မွာလဲ အသင္းအတြက္ အေရးပါတဲ့ ေခ်ပဂိုး တစ္ဂိုးကို သြင္းယူကာ ေနာက္ထပ္ သမိုင္း၀င္ စံခ်ိန္သစ္ တစ္ခု ထပ္မံ ရရွိသြားခဲ့ ျပန္ပါတယ္။အေစာပုိင္းမွေတာ့ နည္းျပ အလီဂရီဟာ သူေျပာဆိုထားခဲ့တဲ့ အတိုင္း ရိုနာဒို ကို ဒီပြဲမွာ အနားေပးဖို႔ ျပင္ဆင္လာခဲ့ေၾကာင့္ ၊ အရံစာရင္းမွာသာ ထည့္သြင္းထားခဲ့တာ ျဖစ္ပါတယ္။ သို႔ေသာ္ ကြင္းထဲက အေနအထားေတြ အရ ရိုနာဒိုကို မျဖစ္မေန ထည့္သြင္း ကစားဖို႔ ၾကံဳလာခ်ိန္မွာေတာ့ ၊ လူစားလဲ အသံုးျပဳလိုက္ရျပီး ၊ ကာယကံ ရွင္ ကစားသမား ကိုယ္တိုင္လဲ အေရပါတဲ့ ေခ်ပဂိုး တစ္ဂိုး သြင္းယူကာ ၊ ဒီရာသီ ဂ်ဴဗီရဲ႕ ရႈံးပြဲမရွိ စံခ်ိန္ မွတ္တမ္းကို ဆက္လက္ ရွင္သန္ေစခဲ့ ပါတယ္။

ဒီပြဲမွာ ပြဲစလို႔ 1 မီးနစ္ေက်ာ္ ကတည္းက အတၱလႏၱာ ေနာက္တန္း ကစားသမား ဒီဂ်င္စီတီက ကိုယ့္ဂိုးကို သြင္းယူမိတဲ့ ဂိုးနဲ႔ ဂ်ဴဗီက ပြဲကို ဦးေဆာင္ခြင့္ ရရွိခဲ့တာ ျဖစ္ပါတယ္။ သို႔ေသာ္ 24 မီးနစ္ အေရာက္မွာေတာ့ ဒူဗန္က ဧရိယာ ထိပ္ကေန ဂ်ဴဗီ ေနာက္တန္း ကစားသမား တစ္ဦးကို လွည့္ထြက္ျပီး ေခ်ပဂိုး တစ္ဂိုး ျပန္လည္ ရယူေပးသြားခဲ့ ပါတယ္။

ဒုတိယပိုင္း ျပန္စလို႔ 10 မီးနစ္ အၾကာမွာပဲ ဒူဗန္က အသင္းအတြက္ ဦီးေဆာင္ဂိုးကို အနီးကပ္ ေခါင္းတိုက္ကာ ရယူေပးလိုက္ပါတယ္။ အဲဒီ အခ်ိန္မွာ ဂ်ဴဗီ ကြင္းလယ္က ကစားသမား ဘန္တန္ကာဟာ ႏွစ္၀ါ တစ္နီနဲ႔ ထုတ္ပယ္ ခံထားရတာေၾကာင့္ ၊ ေခ်ပဂိုး ျပန္လည္ ရရွိဖို႔ အတြက္ ရိုနာဒိုကို လိုအပ္လာခဲ့တာ ျဖစ္ျပီး ၊ အလီဂရီကလဲ လူစားလဲ ထည့္သြင္းကာ အသံုးျပဳ ခဲ့ပါတယ္။ 77 မီးနစ္ အေရာက္မွာေတာ့ ရိုနာဒိုကလဲ ေထာင့္ကန္ေဘာကေန မန္ဇူကစ္ ေခါငး္နဲ႔ထိျပီး ျပန္က်လာတဲ့ ေဘာလံုးကို အနီးကပ္ ပိတ္သြင္းကာ အဖိုးတန္ ေခ်ပဂိုး ရယူေပးသြားခဲ့ ပါတယ္။

ဒီပြဲ သေရ ရလာဒ္ေၾကာင့္ ဂ်ဴဗီဟာ ပြဲစဥ္ 18 ကစားျပီးသည္ အထိ ရႈံးပြဲ မရွိ မွတ္တမ္းနဲ႔ ေရွ႕ဆက္ႏိုင္ခဲ့သလုိ ၊ အမွတ္ေပး ဇယားထိပ္ဆံုးမွာလဲ ဒုတိယ ေနရာက နာပိုလီ ထက္ 9 မွတ္ အသာနဲ႔ ဆက္လက္ ရပ္တည္ ႏိုင္ခဲ့ပါတယ္။ရိုနာဒိုကေတာ့ ဒီပြဲက သြင္းဂိုး နဲ႔ အတူ စီးရီးေအ သမိုင္းေၾကာင္း တစ္ေလွ်ာက္ အေ၀းကြင္း ပြဲစဥ္ 7 ပြဲဆက္ တိုက္ ဂိုးေတြ သြင္းယူႏိုင္တဲ့ ပထမဆံုး ကစားသမား အျဖစ္ မွတ္တမ္းေကာင္း တစ္ခု ရရွိသြားခဲ့တာ ျဖစ္ပါတယ္။ ယခင္က စီးရီးေအ ျပိဳင္ပြဲဟာ ကမၻာ့အေကာင္းဆံုး ျပိဳင္ပြဲ တစ္ခု ျဖစ္ခဲ့ဖူးျပီး ၊ ကမၻာေက်ာ္ေတြ စုေ၀းရာ လိဂ္ျပိဳင္ပြဲ ျဖစ္ခဲ့့သည့္တိုင္ေအာင္ အခုလိုမ်ိဳး အေ၀းကြင္း 7 ပြဲဆက္ ဂိုးသြင္းျပႏိုင္တဲ့ ကစားသမား မရွိခဲ့ပဲ ၊ ရိုနာဒိုက ပထမဆံုး ျဖစ္လာခဲ့တာေတာ့ ေတာ္ေတာ္ေလးကို ဂုဏ္ယူဖို႔ ေကာင္းေနခဲ့ ပါတယ္။

ဒါ့အျပင္ ရုိနာဒိုဟာ 2013 ခုႏွစ္ ေမလ ေနာက္ပိုင္းက စျပီး ၊ လူစား၀င္ ကစားသမား အျဖစ္ကေန လိဂ္ ဂိုး သြင္းယူႏိုင္ခဲ့တာဟာ ၾကာခဲ့ျပီ ျဖစ္ျပီး ၊ ဒီတစ္ၾကိမ္ သြင္းယူႏိုင္ခဲ့တာဟာ ပထမဆံုး အၾကိမ္ ျဖစ္ခဲ့ပါတယ္။ေနာက္ထပ္ သတင္းေကာင္း တစ္ခုကေတာ့ 2018 ခုႏွစ္ အတြက္ ေပးအပ္မယ့္ Globe Soccer Awards ဆု အတြက္ ေနာက္ဆံုး ဆန္ကာတင္ စာရင္းမွာ ရုိနာဒိုဟာ ဘာေပ ၊ ဂရစ္ဇ္မန္း တို႔နဲ႔ ပါ၀င္လွ်က္ ရွိေနပါတယ္။

Unicode Font

စံချိန်သစ် တစ်ခုကို နောက်ထပ်ရယူလိုက်တဲ့ ရိုနာဒို

ရိုနာဒို ကတော့ စီးရီးအေကို စတင်ရောက်ရှိလာတဲ့ ဘောလုံးရာသီမှာပဲ စံချိန်တွေ တစ်ခုပြီး တစ်ခု ရယူလျှက် ရှိနေပြီး မနေ့က ကစားခဲ့တဲ့ အတ္တလန္တတာ နဲ့ ပွဲစဉ်မှာလဲ အသင်းအတွက် အရေးပါတဲ့ ချေပဂိုး တစ်ဂိုးကို သွင်းယူကာ နောက်ထပ် သမိုင်းဝင် စံချိန်သစ် တစ်ခု ထပ်မံ ရရှိသွားခဲ့ ပြန်ပါတယ်။အစောပိုင်းမှတော့ နည်းပြ အလီဂရီဟာ သူပြောဆိုထားခဲ့တဲ့ အတိုင်း ရိုနာဒို ကို ဒီပွဲမှာ အနားပေးဖို့ ပြင်ဆင်လာခဲ့ကြောင့် ၊ အရံစာရင်းမှာသာ ထည့်သွင်းထားခဲ့တာ ဖြစ်ပါတယ်။ သို့သော် ကွင်းထဲက အနေအထားတွေ အရ ရိုနာဒိုကို မဖြစ်မနေ ထည့်သွင်း ကစားဖို့ ကြုံလာချိန်မှာတော့ ၊ လူစားလဲ အသုံးပြုလိုက်ရပြီး ၊ ကာယကံ ရှင် ကစားသမား ကိုယ်တိုင်လဲ အရေပါတဲ့ ချေပဂိုး တစ်ဂိုး သွင်းယူကာ ၊ ဒီရာသီ ဂျူဗီရဲ့ ရှုံးပွဲမရှိ စံချိန် မှတ်တမ်းကို ဆက်လက် ရှင်သန်စေခဲ့ ပါတယ်။

ဒီပွဲမှာ ပွဲစလို့ 1 မီးနစ်ကျော် ကတည်းက အတ္တလန္တာ နောက်တန်း ကစားသမား ဒီဂျင်စီတီက ကိုယ့်ဂိုးကို သွင်းယူမိတဲ့ ဂိုးနဲ့ ဂျူဗီက ပွဲကို ဦးဆောင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ သို့သော် 24 မီးနစ် အရောက်မှာတော့ ဒူဗန်က ဧရိယာ ထိပ်ကနေ ဂျူဗီ နောက်တန်း ကစားသမား တစ်ဦးကို လှည့်ထွက်ပြီး ချေပဂိုး တစ်ဂိုး ပြန်လည် ရယူပေးသွားခဲ့ ပါတယ်။

ဒုတိယပိုင်း ပြန်စလို့ 10 မီးနစ် အကြာမှာပဲ ဒူဗန်က အသင်းအတွက် ဦီးဆောင်ဂိုးကို အနီးကပ် ခေါင်းတိုက်ကာ ရယူပေးလိုက်ပါတယ်။ အဲဒီ အချိန်မှာ ဂျူဗီ ကွင်းလယ်က ကစားသမား ဘန်တန်ကာဟာ နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ် ခံထားရတာကြောင့် ၊ ချေပဂိုး ပြန်လည် ရရှိဖို့ အတွက် ရိုနာဒိုကို လိုအပ်လာခဲ့တာ ဖြစ်ပြီး ၊ အလီဂရီကလဲ လူစားလဲ ထည့်သွင်းကာ အသုံးပြု ခဲ့ပါတယ်။ 77 မီးနစ် အရောက်မှာတော့ ရိုနာဒိုကလဲ ထောင့်ကန်ဘောကနေ မန်ဇူကစ် ခေါင်းနဲ့ထိပြီး ပြန်ကျလာတဲ့ ဘောလုံးကို အနီးကပ် ပိတ်သွင်းကာ အဖိုးတန် ချေပဂိုး ရယူပေးသွားခဲ့ ပါတယ်။

ဒီပွဲ သရေ ရလာဒ်ကြောင့် ဂျူဗီဟာ ပွဲစဉ် 18 ကစားပြီးသည် အထိ ရှုံးပွဲ မရှိ မှတ်တမ်းနဲ့ ရှေ့ဆက်နိုင်ခဲ့သလို ၊ အမှတ်ပေး ဇယားထိပ်ဆုံးမှာလဲ ဒုတိယ နေရာက နာပိုလီ ထက် 9 မှတ် အသာနဲ့ ဆက်လက် ရပ်တည် နိုင်ခဲ့ပါတယ်။ရိုနာဒိုကတော့ ဒီပွဲက သွင်းဂိုး နဲ့ အတူ စီးရီးအေ သမိုင်းကြောင်း တစ်လျှောက် အဝေးကွင်း ပွဲစဉ် 7 ပွဲဆက် တိုက် ဂိုးတွေ သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား အဖြစ် မှတ်တမ်းကောင်း တစ်ခု ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ယခင်က စီးရီးအေ ပြိုင်ပွဲဟာ ကမ္ဘာ့အကောင်းဆုံး ပြိုင်ပွဲ တစ်ခု ဖြစ်ခဲ့ဖူးပြီး ၊ ကမ္ဘာကျော်တွေ စုဝေးရာ လိဂ်ပြိုင်ပွဲ ဖြစ်ခဲ့သည့်တိုင်အောင် အခုလိုမျိုး အဝေးကွင်း 7 ပွဲဆက် ဂိုးသွင်းပြနိုင်တဲ့ ကစားသမား မရှိခဲ့ပဲ ၊ ရိုနာဒိုက ပထမဆုံး ဖြစ်လာခဲ့တာတော့ တော်တော်လေးကို ဂုဏ်ယူဖို့ ကောင်းနေခဲ့ ပါတယ်။

ဒါ့အပြင် ရိုနာဒိုဟာ 2013 ခုနှစ် မေလ နောက်ပိုင်းက စပြီး ၊ လူစားဝင် ကစားသမား အဖြစ်ကနေ လိဂ် ဂိုး သွင်းယူနိုင်ခဲ့တာဟာ ကြာခဲ့ပြီ ဖြစ်ပြီး ၊ ဒီတစ်ကြိမ် သွင်းယူနိုင်ခဲ့တာဟာ ပထမဆုံး အကြိမ် ဖြစ်ခဲ့ပါတယ်။နောက်ထပ် သတင်းကောင်း တစ်ခုကတော့ 2018 ခုနှစ် အတွက် ပေးအပ်မယ့် Globe Soccer Awards ဆု အတွက် နောက်ဆုံး ဆန်ကာတင် စာရင်းမှာ ရိုနာဒိုဟာ ဘာပေ ၊ ဂရစ်ဇ်မန်း တို့နဲ့ ပါဝင်လျှက် ရှိနေပါတယ်။

Facebook Comments
3K Shares