ဖဲရိုက္ျပန္လာတာေတာင္ အိမ္က မိန္းမက ထိုင္ရွိခိုးရတဲ့ ေမာင္ေခြးရဲ႕ အႀကံ

3666
htgyt
htgyt

အႀကံပိုင္ေသာ ေမာင္ေခြး

ည ၉ နာရီေလာက္ လင္မယား၂ ေယာက္ အိမ္ျပန္ႀကေတာ့ လမ္းတစ္၀က္မွာ မ်က္နွာဖုံးစြတ္နဲ႔လူ ၄ေယာက္ထြက္လာပါတယ္…ဓါးကိုစီကိုင္ထားျပီးေတာ့..ေခါင္းေဆာင္ျဖစ္သူလို႔ထင္ရတဲ႔သူက…

” လက္ေျမွာက္ထားပါ ေအာ္မယ္မၾကံနဲ႔….ဓါးကမ်က္စိမပါဘူး…

မင္းတို႔ ၂ ေယာက္ထဲက တစ္ေယာက္ေနခဲ႔ရမယ္…ျပန္ေပးဆြဲတာပါ..

ရဲတိုင္ရင္ေတာ့ အေလာင္းလာေကာက္ရမယ္…ဘယ္သူေနခဲ႔မလဲေျပာ… “ေယာက်ၤားျဖစ္သူက ခ်က္ခ်င္းရင္ကိုေကာ႔ကာ….

“ကြ်န္ေတာ္ေနခဲ႔မယ္….မိန္းမကိုျပန္လြတ္ေပးပါ…. မိန္းမ မင္းအိမ္ျပန္နွင္႔ရဲမတိုင္နဲ႔ေနာ္…. ငါသူတို႔နဲ႔ညိွနိုင္းျပီးဖုန္းျပန္ဆက္မယ္…. ”

မိန္းမျဖစ္သူ ျပန္သြားေသာအခါ လူဆိုးေလးေယာက္လုံးေခါင္းစြတ္ကိုခြ်တ္ကာ….

” ခြီးတဲ႔မွပဲ….မင္းကိုဖဲေခၚရိုက္ဖို႔က လူၾကမ္းေတာင္လုပ္လိုက္ရေသးတယ္…..

တစ္၀ိုင္းလိုေနလို႔တာ ၾကံဖန္ျပီးေခၚရတာ…”

နာရီ၀က္ေလာက္ေနေတာ့ ေယာက်ၤားျဖစ္သူက သူ႔မိန္းမဖုန္းကိုမက္ေဆ့ပို႔လိုက္ပါတယ္…။

သူ႔ ATM ကဒ္ထဲကို ၅ သိန္းခ်က္ခ်င္းလြဲေပးဖို႔ နဲ႔ ေငြရရင္ သူတို႔က ေနာက္ေန႔မနက္ အသက္ရွင္လ်က္ျပန္လြတ္ေပးမယ္ဆိုတဲ႔အေၾကာင္း ေရးပို႔လိုက္တာပါ

ခဏေနေတာ့ ေငြေရာက္လာတာနဲ႔ ခ်က္ခ်င္းထုတ္က တစ္ညလုံး ေဘာ္ဒါေတြနဲ႔ မိုးလင္ေပါက္ဖဲရိုက္ပါေလေတာ့သည္….။

ေနာက္ေန႔မနက္ အိမ္ျပန္ေရာက္တာနဲ႔ ဇနီးသည္က ငိုယုိျပီးထုိင္ရိွခိုးကာ….

ေယာက္က်ၤားရယ္…အိမ္ဦးနတ္ပီသပါေပ့တယ္..ေနာက္ေနာင္ မျပစ္မွားေတာ့ပါဘူး…ေယာက်ၤားေျပာစကားကို အကုန္နားေထာင္ပါ႔မယ္…..

ဆိုျပီး၀န္ခ်ေတာင္းပန္ေလသတဲ့. 😂😂😂

 

Unicode Font

အကြံပိုင်သော မောင်ခွေး

ည ၉ နာရီလောက် လင်မယား၂ ယောက် အိမ်ပြန်ကြတော့ လမ်းတစ်ဝက်မှာ မျက်နှာဖုံးစွတ်နဲ့လူ ၄ယောက်ထွက်လာပါတယ်…ဓါးကိုစီကိုင်ထားပြီးတော့..ခေါင်းဆောင်ဖြစ်သူလို့ထင်ရတဲ့သူက…

” လက်မြှောက်ထားပါ အော်မယ်မကြံနဲ့….ဓါးကမျက်စိမပါဘူး…

မင်းတို့ ၂ ယောက်ထဲက တစ်ယောက်နေခဲ့ရမယ်…ပြန်ပေးဆွဲတာပါ..

ရဲတိုင်ရင်တော့ အလောင်းလာကောက်ရမယ်…ဘယ်သူနေခဲ့မလဲပြော… “ယောကျင်္ားဖြစ်သူက ချက်ချင်းရင်ကိုကော့ကာ….

“ကျွန်တော်နေခဲ့မယ်….မိန်းမကိုပြန်လွတ်ပေးပါ…. မိန်းမ မင်းအိမ်ပြန်နှင့်ရဲမတိုင်နဲ့နော်…. ငါသူတို့နဲ့ညှိနိုင်းပြီးဖုန်းပြန်ဆက်မယ်…. ”

မိန်းမဖြစ်သူ ပြန်သွားသောအခါ လူဆိုးလေးယောက်လုံးခေါင်းစွတ်ကိုချွတ်ကာ….

” ခွီးတဲ့မှပဲ….မင်းကိုဖဲခေါ်ရိုက်ဖို့က လူကြမ်းတောင်လုပ်လိုက်ရသေးတယ်…..

တစ်ဝိုင်းလိုနေလို့တာ ကြံဖန်ပြီးခေါ်ရတာ…”

နာရီဝက်လောက်နေတော့ ယောကျင်္ားဖြစ်သူက သူ့မိန်းမဖုန်းကိုမက်ဆေ့ပို့လိုက်ပါတယ်…။

သူ့ ATM ကဒ်ထဲကို ၅ သိန်းချက်ချင်းလွဲပေးဖို့ နဲ့ ငွေရရင် သူတို့က နောက်နေ့မနက် အသက်ရှင်လျက်ပြန်လွတ်ပေးမယ်ဆိုတဲ့အကြောင်း ရေးပို့လိုက်တာပါ

ခဏနေတော့ ငွေရောက်လာတာနဲ့ ချက်ချင်းထုတ်က တစ်ညလုံး ဘော်ဒါတွေနဲ့ မိုးလင်ပေါက်ဖဲရိုက်ပါလေတော့သည်….။

နောက်နေ့မနက် အိမ်ပြန်ရောက်တာနဲ့ ဇနီးသည်က ငိုယိုပြီးထိုင်ရှိခိုးကာ….

ယောက်ကျင်္ားရယ်…အိမ်ဦးနတ်ပီသပါပေ့တယ်..နောက်နောင် မပြစ်မှားတော့ပါဘူး…ယောကျင်္ားပြောစကားကို အကုန်နားထောင်ပါ့မယ်…..

ဆိုပြီးဝန်ချတောင်းပန်လေသတဲ့. 😂😂😂

Facebook Comments
17K Shares