အိုသွေးအမျိူးအစားပိုင်ရှင်ဆိုပါက သိထားသင့်သောအချက်များ

90
22 Shares

အိုသွေးအမျိူးအစားပိုင်ရှင်ဆိုပါက သိထားသင့်သောအချက်များ

tfadsyt

အိုသွေးပိုင်ရှင်တွေဟာ ဘယ်သွေးအမျိူးအစားရှိသူကိုမဆို သွေးလှူနိုင်တဲ့ Universal Donorsတွေ ဖြစ်ပါတယ်။
-အိုသွေးပိုင်ရှင်များဟာ ကျန်သောသွေးအမျိူးအစားလေးမျိူးလုံးကို သွေးလှူနိုင်သူများဖြစ်ပါတယ်။ဒါပေမယ့် RH positive တော့ဖြစ်ဖို့လိုပါတယ်။အရေးပေါ်လူနာများအတွက် သွေးအမျိူးအစားတူမရှာနိုင်ပါက အိုသွေးကိုသာ အသုံးပြုနိုင်ပါတယ်။ထို့ပြင် မွေးကာစကလေးလေးများအတွက်လဲ အိုသွေးကိုအသုံးပြုခြင်းကစိတ်ချရပါတယ်။

-အိုသွေးပိုင်ရှင်တွေကတော့ အိုသွေးအမျိူးအစားကိုသာ လက်ခံနိုင်ပါတယ်

အိုသွေးက တခြားသောသွေးအုပ်စုများကို သွေးပေးနိုင်သော်လည်း အိုသွေးပိုင်ရှင်အနေနဲ့ကတော့ အိုသွေးအမျိူးအစားတူကိုသာ ရှာဖွေရမှာဖြစ်ပါတယ်။

-ကျန်းမာရေးဆိုးကျိူးများ

သိပ္ပံပညာရှင်များအဆိုအရ သွေးအမျိူးအစားအလိုက် အဖြစ်များတဲ့ ရောဂါများရှိပါတယ်။ အိုသွေးပိုင်ရှင်များအနေနဲ့ အခြားသောသွေးအုပ်စုပိုင်ရှင်များထက်စာရင် ဘတ်တီးရီးယားနဲ့ဗိုင်းရပ်စ်ပိုးဝင်ရောက်မှု (infection)ကိုပိုကြုံတွေ့ရလေ့ရှိပါတယ်။ ဒါကြောင့် အိုသွေးများဟာ တီဘီ၊ပလိပ်၊ကာလဝမ်းရောဂါစတဲ့ ကူးစက်ရောဂါဆိုးများကို အခြားသွေးအုပ်စုပိုင်ရှင်များထက် ပိုခံစားရတတ်ပါတယ်။ထို့ပြင် တခြားသွေးအုပ်စုများထက် အူအနာဖြစ်ပွားမှုပိုများတတ်ပါတယ်။

tfadsyt

-ကျန်းမာရေးကောင်းကျိူးများ

အိုသွေးပိုင်ရှင်တွေဟာ အခြားသွေးအုပ်စုပိုင်ရှင်များထက် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားမှုပိုမိုနည်းပါးတာတွေ့ရပါတယ်။
ထို့ပြင် အခြားသွေးအုပ်စုဝင်တွေက အိုသွေးအုပ်စုထက်စာရင် မုတ်ချိူအိတ်ကင်ဆာဖြစ်ပွားမှု၂၅ရာနှုန်းများပြားပါတယ်။
ထို့ပြင် နှလုံးရောဂါနဲ့ ဦးနှောက်စွမ်းရည်ကျဆင်းရောဂါတွေလဲ အဖြစ်နည်းတာမို့ အိုသွေးပိုင်ရှင်တွေအတွက် ဝမ်းသာစရာပါ။

-အိုသွေးပိုင်ရှင်များနဲ့စားသောက်မှုပုံစံ

သွေးအမျိူးအစားအလိုက် စားသင့်သောအစာအုပ်စုများအကြောင်းကိုကြားဖူးပါလိမ့်မယ်။ဒါပေမယ့် အာဟာရပညာရှင်များကတော့ သွေးအုပ်စုအလိုက်စားမယ့်အစား လူတကိုယ်ချင်းစီအလိုက် ကိုယ်ပိုင်စားသောက်မှုပုံစံကိုပဲ လိုက်နာသင့်တယ်လို့ အကြံပြုထားပါတယ်

tfadsyt

-အိုသွေးပိုင်ရှင်များနဲ့စိတ်နေသဘောထား

သွေးအုပ်စုအမျိူးအစားအပေါ်မူတည်ပြီး လူတစ်ယောက်ချင်းစီရဲ့ စိတ်နေသဘောထားများကွဲပြားပါတယ်။ ဂျပန်နိုင်ငံမှာဆိုလျှင် သွေးအမျိူးအစားအလိုက် နေ့စဉ်ဟောကိန်းများကို သတင်းစာမှာ ဖော်ပြလေ့ရှိပါတယ်။ဂျပန်လူမျိူးများရဲ့အယူအဆအရ အိုသွေးပိုင်ရှင်တို့ဟာ ရက်ရောတယ်။စိတ်အားထက်သန်သူများဖြစ်လို့ အလုပ်ခွင်မှာအောင်မြင်သူများဖြစ်ကြတယ်။လူမှုဆက်ဆံရေးကောင်းမွန်ပြီး အချစ်ရေးမှာလဲ ရိုမန့်တစ်ဆန်သူများဖြစ်ကြတယ်လို့ ဆိုပါတယ်။အိုသွေးပိုင်ရှင်တို့နဲ့အလိုက်ဖက်ဆုံးဖူးစာဖက်တွေကတော့ အိုသွေးနဲ့အေသွေးတို့ဖြစ်ပါတယ်။

Facebook Comments
22 Shares