သင့်အိမ်ကို ကြွက်မလာအောင် ဒီနည်းလေးတွေ သုံးပါနော်

1348
191 Shares

သင့်အိမ်ကို ကြွက်မလာအောင် ဒီနည်းလေးတွေ သုံးပါနော်

GFDA 1

အစားအစာ ရှိ တဲ့ နေရာမှာ ကြွက်တွေပျော်ကြပါ တယ်။ အထူးသဖြင့် ၎င်းတို့ အ တွက် အစားအစာလွယ်ကူတဲ့ နေ ရာမျိုးဆို မိသားစုလိုက် အုပ်လိုက် ကျင်းလိုက် နေတတ်ပါတယ်။ ကြွက်က လူတွေအတွက် ကျန်းမာ ရေးကို ထိခိုက်စေနိုင်တယ်လို့ အား လုံးက သိပြီးသားပါ။ အကု သိုလ် ကင်းကင်းနဲ့ အိမ်မှာ ကြွက် မနေ နိုင် အောင်လုပ်ဖို့ အလွယ်ဆုံး နည်း တွေ ကို ဖော်ပြပေးလိုက်ပါ တယ်။

ဂွမ်းစတွေကို အလုံးကလေး တွေ လုံးပြီး ငရုတ်ဆီနဲ့ ဆွတ်ကာ ကြွက်တွေ ကျင်လည်ရာ နေရာ တစ်လျှောက်မှာ ချထားလိုက်ပါ။ ကြွက်တွေက ငရုတ်ဆီကို ကြောက် ကြပါတယ်။

GFDA 1

ကြွက်တွေ မခံနိုင်တဲ့ အနံ့ထဲ မှာ တော့ လေးညှင်းနံ့လည်း ပါဝင် ပါတယ်။ လေးညှင်းနံ့ ရှိတဲ့နေရာ ဆိုရင် ကြွက်တွေက နောက်တစ် ကြိမ် ထပ်မလာတော့ဘူးလို့ တောင် သိရ ပါတယ်။ လေးညှင်းပွင့် လေးညှင်းဆီကတော့ အိမ်အ တွက် အကောင်း ဆုံး ဖြစ်ပါတယ်။

ပရုတ်လုံးထည့်တဲ့ သေတ္တာ လေးတွေကို ကြွက်နေတတ်တဲ့ နေ ရာနဲ့ ကြွက်ရောက်တတ်တဲ့ နေရာ တွေမှာ ချထားလိုက်ပါ။ ကြွက်တွေ အိမ်ဘက်ကိုတောင် ခြေဦးမလှည့် စေတော့တဲ့အထိ ပရုတ်လုံးက စွမ်း ပါ တယ်။

ဆပ်ပြာမှုန့်ကို ရေနဲ့ နှစ်ဆတစ် ဆ ရောစပ်ပြီး ဖျော်လိုက်ပါ။ ငရုတ် ဆီအနည်းငယ်ထည့်ပြီး စပရေး ဘူးထဲကို ထည့်ပြီး ကြွက်ရောက် နိုင်တဲ့ နေရာတွေမှာ ဖျန်းပေးပါ။ သုံးလေးရက် တစ်ခါလောက်မှ သည်နည်းကို သုံးလို့ ရပါတယ်။ ဆပ်ပြာမှုန့် က ငရုတ်ဆီရဲ့ အရည် အသွေးကို သုံးလေးရက်လောက် ထိန်းပေးထား နိုင်လို့ စရိတ်သက် သာတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါ တယ်။

Facebook Comments
191 Shares