E.T.S

Every Time Story

internation new

ဝေဟင်တွင် လေယာဉ်နှင့် ငှက်အုပ် တိုက်မိပြီး မီးလောင်သွားတဲ့ ကြောက်စရာ ရုပ်သံဖိုင်

cvbkjdityu85673956rtyuoreityu395867yiryufdgherhtt5636 Copy

ဝေဟင်တွင် ပျံသန်းနေသော လေယာဉ်က ငှက်အုပ်ကို ၀င်တိုက်မိပြီး မီးတောက်ဖြစ်ပေါ်ခဲ့သည့် ကြောက်မက်ဖွယ် (ရုပ်သံ)

lfjkghrtuy348567038634ityureotyiu345896703eityuertijrtkyj39456

လေယာဉ်စီးရင်း သင့်လေယာဉ်တောင်ပံမှ မီးတောက်များဝါးမြိုခြင်းမှာ နောက်ဆုံးနိဂုံးကမ္ပတ်နိမိတ်ဖြစ်သည့်တိုင် ထိုအဖြစ်အပျက်ကို မျက်ဝါးထင်ထင်မြင်တွေ့လိုကြပါသည်။ အင်္ဂါနေ့ ကနေဒါပြည်တွင်းလေကြောင်းလိုင်း ခရီးသည်တစ်ဦးသည် ထိုသို့ ကြောက်မက် အခိုက်အတန့်ကို မှတ်တမ်းတင်မိလျှက်သား ဖြစ်ခဲ့ရသည်ဟု Russia Today က ယနေ့ ရေးသားသည်။

yhuey74569yirhodfghku548y670586yreti0y4568yu 3 Copy

အက်ဘက်စ်ဖိုဒ့်မှ အက်ဒ်ဒမွန်တန်သို့ ပျံသန်းမည့် ကနေဒါ Swoop လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်ခရီးစဉ်အမှတ် 312 သည် နံနက် ၀၈း၁၅ နာရီတွင် ကွင်းမှပျံတက်ပြီး များမကြာမီ ငန်းရိုင်းအုပ်နှင့် မမျှော်လင့်ပဲ ရင်ဆိုင်တွေ့ရလျှက် လေယာဉ်အင်ဂျင်တစ်လုံးက ငှက်အုပ်အား ဆွဲမြိုပစ်မိလျှက်သား ဖြစ်ခဲ့ရသည်။

yhuey74569yirhodfghku548y670586yreti0y4568yu 2

Boeing 737 လေယာဉ်မှုးသည် အရေးပေါ် အကူအညီတောင်းခံပြီး အက်ဘက်စ်ဖို့ဒ်လေယာဉ်ကွင်းသို့ ပြန် လှည့်ခဲ့ရသည်ဆို၏။ထိုစဉ်အတွင်း ခရီးသည်တစ်ဦးသည် လေယာဉ်တောင်ပံ့ဖက်ဆီမှ မီးတောက်ပွင့်ထွက်သည့် ကြောက်မက်ဖွယ်အခိုက်အတန့်ကို ရုပ်သံရိုက်ကူးမိလျှက်သားဖြစ်နေသည်။

yhuey74569yirhodfghku548y670586yreti0y4568yu 3 Copy

“ ၀င်တိုက်မိတယ်။ တိုးမိတဲ့အရှိန်ကိုလဲ ခံစားရတယ်။ အဲဒီဖက်မှာ လင်းကနဲဖြစ်သွားတာကို ထိုင်ခုံမှာထိုင်ရင်း ပြတင်းပေါက်ကတဆင့် မြင်လိုက်ရတယ်။ ပြီးတော့ မီး- မီး လို့ အော်သံတွေ ထွက်လာတယ်“ ဟု ခရီးသယ် ဘရုစ်မေဆင်က CTV News သို့ ပြန်ပြောင်း ပြောဆိုသည်။

cvbkjdityu85673956rtyuoreityu395867yiryufdgherhtt5636 Copy

လေယာဉ်သည် ကံအားလျှော်စွာ ချောမောစွာဆင်းသက်နိုင်ခဲ့သည်။ လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်ပြီး ညနေပိုင်းတွင် ခရီးစဉ်ဆက်လက်ပျံသန်းနိုင်မည်ဖြစ်ကြောင်း Swoop လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရှိသူက ပြောဆိုကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

Facebook Comments

540 Shares

Comments are Closed

Powered by M.N.T

540 Shares
Share540
Tweet
Share
Pin