E.T.S

Every Time Story

internation new

အမျိုးသား အယောက် ၁သိန်း ပြည့်အောင် ကာမစပ်ယှက်မည့် ပိုလန်သူက မြန်မာသို့ ခရီးဆန့်မည်

poland myanmar ge78 3

အမျိုးသား အယောက် ၁သိန်း ပြည့်အောင် ကာမစပ်ယှက်မည့် ပိုလန်သူက မြန်မာသို့ ခရီးဆန့်မည်

poland myanmar ge78 3

အမျိုးသား အယောက် ၁၀၀,၀၀၀ ပြည့်အောင် ကာမစပ်ယှက်လိုသည့် အသက် ၂၁ နှစ်အရွယ် ပိုလန်သူက ၎င်း၏အစီအစဉ်အတွက် ဥရောပနိုင်ငံများ အပါအ၀င် ကမ္ဘာတစ်ဝန်း နှင့် မြန်မာသို့ ခရီးဆက်လိုကြောင်း အော်စတေလီယန်တိုင်း သတင်းစာနှင့် တွေ့ဆုံစဉ် သြဂုတ်လ ၁၄ ရက်နေ့က ပြော ကြားခဲ့သည်။

poland myanmar ge78 6

အင်နီယာလိုင်စကူစကာ အမည်ရှိ အဆိုပါပိုလန်သူသည် ၎င်း၏ လိင်မာရသွန်ကို ယခုနှစ် ဇူလိုင်လတွင် ပိုလန်နိုင်ငံ၌စတင်ခဲ့ပြီး အမျိုးသား ၂၈၄ ဦးနှင့်ကာမစပ်ယှက်ပြီး ဖြစ်သော်လည်း ပိုလန်နိုင်ငံတွင် မိမိ၏ လိင်အလိုဆန္ဒကို မိမိစိတ်ကြိုက်ပြည့်ဝအောင်လုပ်ခြင်းကို ဖေါက်ပြန် သည့် အပြုအမူဟု ယူဆဆဲဖြစ်သဖြင့် ၎င်း၏အစီအစဉ်အောင်မြင်အောင် လိင်ဆက်ဆံဖေါ်များ သတ်မှတ်ကာလအတွင်း စဉ်ဆက်မပြတ် ရရှိနိုင်ရန် ပြည်ပသို့ ခရီးထွက်လိုခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

poland myanmar ge78 5

အမျိုးသား အယောက် ၁၀၀,၀၀၀ နှင့်ကာမစပ်ယှက်ရာတွင် စုစုပေါင်း ကြာ မြင့်ချိန်ကို ၃၃,၀၀၀ နာရီနှင့်ပြီးစီးအောင် ရည်မှန်းထားပြီး အမျိုးသား တစ်ဦးနှင့် စပ်ယှက်ချိန်မှာ ၂၀ မိနစ်ခန့်ဟု လိုင်စကူစကာက သတ်မှတ် ထားသည်။

poland myanmar ge78 4

“ကျွန်မပျော်ပျော်နေရတာ၊လိင်မှုကိစ္စနဲ့ အမျိုးသားတွေကို မြတ်နိုး တယ်။ ပိုလန်၊ဥရောပနဲ့တစ်ကမ္ဘာလုံးက အမျိုးသားတွေကို ဒီကိစ္စ အတွက် အလိုရှိပါတယ်”ဟု လိုင်စကူစကာကပြောသည်။

poland myanmar ge78 2

လိုင်စကူစကာက ၎င်း၏အစီအစဉ်ကို စနေနှင့်တနင်္ဂနွေနေ့များတွင် သာ အကောင်အထည်ဖေါ်ပြီးထိုနှစ်ရက်တွင် အနည်းဆုံးအမျိုး သား ၁၄ ဦးနှင့် ကာမစပ်ကြောင်း သို့ရာတွင် ပိုလန်နိုင်ငံသူ အမျိုးသမီးတို့၏ သက်တမ်းမှာ ပျှမ်းမျှ ၈၁ နှစ်ဖြစ်သောကြောင့် ၎င်း၏ ရည်မှန်းချက် ပြည့်ရန် တစ်ပတ်လျှင် အနည်းဆုံး အမျိုးသား ၃၂ ဦးနှင့် စပ်ယှက်ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

poland myanmar ge78 1

လိုင်စကူစကာသည် ၎င်းအသက် ၈၁ နှစ်အထိ အသက်ရှည်နိုင်မည် ဆိုပါက နှစ် ၆၀ ခန့် နေရဦးမည်ဖြစ်၍ ၎င်း၏ ရည်မှန်းချက် ပြည့်ဝရန် တစ်နှစ်တာကာလ ၃၆၅ ရက်အတွင်း အမျိုးသား ၁,၆၆၆ဦးနှင့် ကာမစပ်ယှက်မည်ဟု ခန့်မှန်းထားသည်။

Facebook Comments

Comments are Closed

Powered by M.N.T

40K Shares
Share40K
Tweet
Share
Pin