ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံထားရသူကို မြောက်ကိုးရီးယားအစိုးရက သတ်ပစ်ခဲ့ ရုပ်သံ

E.T.S

Every Time Story

internation new

ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံထားရသူကို မြောက်ကိုးရီးယားအစိုးရက သတ်ပစ်ခဲ့ ရုပ်သံ

n korea take kill tuye687458967rutyeriytuiy 1

ဗီဒီယိုဖိုင်ကို အောက်ဆုံးတွင် ဖော်ပြပေးထားပါသည်။

5 166 1

လက်ရှိအချိန် ကမ္ဘာပေါ်က လူသန်းပေါင်းများစွာရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ထားတဲ့ ရောဂါပိုးတစ်မျိုးကတော့ ကိုရိုနာဗိုင်းရပ်စ်လို့အမည်တွင်တဲ့ အဆုတ်ရောင်ရောဂါပဲ ဖြစ်ပါတယ်။ ဒီဗိုင်းရပ်ဟာဆိုရင် ကူးစက်မှုလျင်မြန်တဲ့အပြင် ကာကွယ်တဲ့ဆေးရော၊ ကုသတဲ့ဆေးပါ မရှိသေးတဲ့အပြင် WHO ကနေလည်း အဆိုပါရောဂါပိုးနဲ့ပတ်သတ်ပြီး စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ကြေညာထားတာကြောင့် တတ်ကျွမ်းတဲ့ပညာရှင်တွေ၊ တာဝန်ရှိသူတွေအနေနဲ့ ဒီဗိုင်းရပ်စ်ပိုးကို အတတ်နိုင်ဆုံးထိန်းချုပ်နေကြတာ ဖြစ်ပါတယ်။ www.everytimestory.com | Every Time Story | E.T.S

4 305
2 425 1024x712 1
3 408

အဆိုပါဗိုင်းရပ်စ်ပိုးဟာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကစတင်ပြီးဖြစ်ပွားခဲတာဖြစ်ပြီး လက်ရှိအချိန်မှာဆိုရင် တရုတ်နိုင်ငံပြင်ပမှာလည်း ကူးစက်ခံရသူတွေရှိနေပါတယ်။ ဒီလိုမျိုးကူးစက်ခံရသူတွေအနေနဲ့ အသက်ဆုံးရှုံးသွားနိုင်တဲ့အခြေအနေတွေရှိတာကြောင့် နိုင်ငံပိုင်အစိုးရတွေအနေနဲ့လည်း ကူးစက်ခံရသူတွေကို သီးသန့်ခွဲခြားထားကာ ကုသလျှက်ရှိပြီး ရောဂါပိုးပျံ့နှံ့မှုကို နည်းလမ်းမျိုးစုံနဲ့ ထိန်းချုပ်လျှက်ရှိကြပါတယ်။ www.everytimestory.com | Every Time Story | E.T.S

ဒါပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်တဲ့နည်းလမ်းတွေထဲမှာ မြောက်ကိုရီးယားနိုင်ငံရဲ့နည်းလမ်းကတော့ ကြောက်စရာကောင်းတဲ့နည်းလမ်းတစ်လမ်းဖြစ်တာကို တွေ့ရပါတယ်။ ထွက်ရှိလာတဲ့သတင်းတစ်ခုအရဆိုရင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး တရုတ်နိုင်ငံကပြန်လာတဲ့ မြောက်ကိုရီးယားအစိုးရအရာရှိတစ်ဦးကို သူ့ရဲ့မြောက်ကိုရီးယားအစိုးရက သေနတ်ဖြင့်ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ www.everytimestory.com | Every Time Story | E.T.S

5 166
4 305
3 408

ဒီသတင်းဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနေ့တုန်းက Dong-a Ilbo လို့အမည်ရတဲ့ သတင်းဌာနကနေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ အစိုးရအရာရှိတစ်ယောက်ဟာ တရုတ်နိုင်ငံကနေ အလည်အပတ်ပြန်လာခဲ့တာဖြစ်ပြီး ပြန်လာချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံလာခဲ့ရတာကို တွေ့ရှိခဲ့တာကြောင့် သီးသန့်ခွဲခြားပြီးနေထိုင်စေခဲ့ပါတယ်။ www.everytimestory.com | Every Time Story | E.T.S

ဒါပေမယ့် ဒီလိုမျိုးနေထိုင်စေခဲ့မှုဟာ အဆိုပါအစိုးရအရာရှိကို အထီးကျန်မှုစေခဲ့တာကြောင့် သူဟာ အများသုံးရေချိုးခန်းတွေသွားရောက်ကာ သီးသန့်နေထိုင်ရမှု စည်းကမ်းကို ချိုးဖောက်ခဲ့ပါတယ်။အဲဒီအခါမှာတော့ သူ့ရဲ့လုပ်ရပ်နဲ့အပြုအမူတွေဟာ မြောက်ကိုရီးယားအစိုးရရဲ့ ဒေါသကိုဆွသလိုဖြစ်စေခဲ့ကာ နောက်ဆုံးမှာတော့ အစိုးရရဲ့ သေနတ်ဖြင့်ပစ်သတ်ခြင်းကိုခံခဲ့ရပါတော့တယ်။ www.everytimestory.com | Every Time Story | E.T.S

2 425 1024x712 1
5 166
4 305

မြောက်ကိုရီးယားနိုင်ငံဟာ ဗိုင်းရက်စ်ပိုးစတင်ပျံ့ပွားခဲ့တဲ့ ပြီးခဲ့တဲ့လကတည်းက နယ်စပ်ဂိတ်တွေမှ နိုင်ငံခြားဧည့်သည်ဝင်ရောက်မှုတွေကို ပိတ်ထားခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရတော့ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်ခဲ့တဲ့ နိုင်ငံတော်ကာကွယ်ရေးအေဂျင်စီမှ အဆင့်မြင့်ဗိုလ်မှူးကြီးတစ်ဦးဟာလည်း ရာထူးကနေအဖယ်ရှားခံခဲ့ရတယ်လို့ သိရပါတယ်။ www.everytimestory.com | Every Time Story | E.T.S

Facebook Comments
477 Shares

Comments are Closed

Powered by M.N.T

477 Shares
Tweet
Share477