Terminal 21 ဈေးဝယ်စင်တာအတွင်းမှထိုင်းဓါးစာခံအားလုံးကို ကယ်ထုတ်နိုင်ပြီဖြစ်

E.T.S

Every Time Story

internation new

Terminal 21 ဈေးဝယ်စင်တာအတွင်းမှထိုင်းဓါးစာခံအားလုံးကို ကယ်ထုတ်နိုင်ပြီဖြစ်

fosidjgfovisdhoh387653 5

ထိုင်းရှော့ပင်းစင်တာ Terminal 21 တွင် သေနတ်သမား စစ်သားနှင့်အတူ ပိတ်မိနေသူများကို ခေါ်ထုတ်ထားနိုင်ပြီး သေနတ်သမားအား ဒုတိယမြောက်နေ့ ဆက်လက်ရှာဖွေနေ

fosidjgfovisdhoh387653 5

ထိုင်းနိုင်ငံ၊ နခွန်ရတ်ချစီမာခရိုင်ရှိ Terminal 21 ရှော့ပင်းစင်တာအတွင်း သေနတ်သမား စစ်သားနှင့်အတူ ပိတ်မိနေသည့် ရာနှင့်ချီသော လူများကို ရဲနှင့်စစ်တပ်ပူးပေါင်းအဖွဲ့က ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၈)ရက်နေ့ ညပိုင်းတွင် ကယ်တင်နိုင်ခဲ့ပြီး ဖေဖေါ်ဝါရီလ (၉)ရက်နေ့ နံနက်ပိုင်းအထိ သေနတ်သမားကို ရှာဖွေနေရဆဲဖြစ်ကာ စင်တာအတွင်း ပစ်ခတ်သံများကြားရကြောင်း သိရသည်။ www.everytimestory.com | Every Time Story | E.T.S

fosidjgfovisdhoh387653 7

ဆူရတ်ထပီတက်ခ်တပ်စခန်းတွင် ဖေဖေါ်ဝါရီလ (၈)ရက်နေ့ ညနေ (၃)နာရီခွဲဝန်းကျင်၌ တပ်ကြပ်တစ်ဦးက အထက်အရာရှိတစ်ဦးအပါအဝင် (၃)ဦးကို ပစ်သတ်ကာ သေနတ် (၃)လက်၊ ကျည် (၇၀၀)တောင့်နှင့် ကားတစ်စီးယူဆောင်ထွက်ခွာသွားပြီး မြို့တွင်းလမ်းတလျှောက် တွေ့သမျှကို ပစ်ခတ်သွားကာ ပိတ်ရက်ဈေးဝယ် သူများဖြင့် စည်ကားနေသည့် Terminal 21 အတွင်း ဝင်ရောက်သွားခဲ့ခြင်းဖြစ်သည်။ www.everytimestory.com | Every Time Story | E.T.S

fosidjgfovisdhoh387653 2

ထိုနောက်Terminal 21 ရှိ စားသောက်ဆိုင်တန်းမှ ဂက်စ်အိုးတစ်လုံးကို ပစ်ခတ်ခဲ့သည့်အပြင် ရှော့ပင်းစင်တာအတွင်း လေးလွှာတွင် ဓါးစာခံများကိုလည်းထိန်းသိမ်းထားသဖြင့် ထိုင်းရဲနှင့်စစ်တပ် ပူးပေါင်းအဖွဲ့က သေနတ်သမားကို ဖမ်းဆီးရေးနှင့် ဓါးစာခံများလွတ်မြောက်ရေး ကြိုးပမ်းနေကြခြင်းဖြစ်သည်။ www.everytimestory.com | Every Time Story | E.T.S

fosidjgfovisdhoh387653 4

ဖေဖေါ်ဝါရီလ (၈)ရက်နေ့ ည (၉)နာရီ (၄၅)မိနစ်အချိန် ကာကွယ်ရေးဝန်ကြီးဌာန၏ အတည်ပြုချက်အရ လူပေါင်း (၂၀)ကျော် သေဆုံးသွားသည်ဟု သိရပြီး (၃၁)ဦး ဒဏ်ရာရထားသည့်အနက် အချို့မှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေကြောင်း သိရသည်။

fosidjgfovisdhoh387653 6

အဆိုပါ တပ်ကြပ်က ၎င်း၏ပစ်ခတ်မှုများကို facebook တွင် live ထုတ်လွှင့်မှုပြုလုပ်ခဲ့ရာ Facebook က အကောင့်ကိုဖျက်ပစ်လိုက်ကြောင်း သိရသည်။အဆိုပါသေနတ်သမားသည် သေနတ်ပစ်တွင် ငွေတံဆိပ်ဆုရထားသည့် သူဖြစ်ပြီး ဓါးစာခံများ လွတ်မြောက် ရေးအတွက် ၎င်း၏ မိခင်ဖြစ်သူအကူအညီဖြင့် ဖျောင်းဖြရန် ရဲတပ်ဖွဲ့က ကြိုးစားခဲ့သည်ဟုလည်း သိရသည်။ www.everytimestory.com | Every Time Story | E.T.S

fosidjgfovisdhoh387653 1

သေနတ်သမားခိုအောင်းနေရာ Terminal 21 ဝန်းကျင်ကို ဖေဖေါ်ဝါရီလ (၈)ရက်နေ့ ညပိုင်းက ပိတ်ဆို့လိုက်ကာ အနီးဝန်းကျင်နေထိုင်သူများ အခန်းတွင်းသာနေထိုင်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့များ၏ ညွှန်ကြားချက်အား လိုက်နာရန် သတိပေးထားရပြီး ရှော့ပင်းစင်တာအတွင်း ပိတ်မိနေသူများအား ရဲနှင့်စစ်တပ် ပူးပေါင်းအဖွဲ့က ကယ်ထုတ်ခဲ့ရခြင်းဖြစ်သည်။ www.everytimestory.com | Every Time Story | E.T.S

Geplaatst door ติดตามทหารคลัง Jakrapanth Thomma op Zaterdag 8 februari 2020
Facebook Comments
323 Shares

Comments are Closed

Powered by M.N.T

323 Shares
Tweet
Share323