အီတလီ အပျော်စီးသင်္ဘောပေါ်မှာ တရုတ် ၂ ဦး ကြောင့် ခရီးသည် ၆၀၀၀ လုံး ဒုက္ခရောက် ရုပ်သံ

E.T.S

Every Time Story

internation new

အီတလီ အပျော်စီးသင်္ဘောပေါ်မှာ တရုတ် ၂ ဦး ကြောင့် ခရီးသည် ၆၀၀၀ လုံး ဒုက္ခရောက် ရုပ်သံ

ghdvsgddhsdi45874587 2

ဗီဒီယိုဖိုင်ကို အောက်ဆုံးတွင် ဖော်ပြထားပါသည်။ အပျော်စီးသင်္ဘောကြီးပေါ်တွင် ဗိုင်းရပ်စ်ကူးစက် တရုတ်ခရီးသွားနှစ်ဦး တွေ့သဖြင့် ခရီးသည်အားလုံးကို သင်္ဘောပေါ်မှ ဆင်းခွင့်မပြုတော့…

ghdvsgddhsdi45874587 2

အီတလီ အပျော်စီး ဇိမ်ခံသင်္ဘောကြီးတစ်စီးပေါ်မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ထားဖွယ်ရှိတဲ့ တရုတ်ခရီးသည်နှစ်ဦးကို တွေ့ရှိခဲ့တာကြောင့် ၄င်းတို့ ကို စစ်ဆေးစမ်းသပ်မှုတွေ လုပ်နေချိန်အတွင်း အခြား ခရီးသွား ၆၀၀၀ လောက်ကို သင်္ဘောပေါ်က ဆင်းခွင့်မပြုတော့ကြောင်း Costa Crociere သင်္ဘောကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက ကြာသာပတေးနေ့ မှာ ပြောဆိုခဲ့ပါတယ်။

ghdvsgddhsdi45874587 3

သင်္ဘောကြီးပေါ်မှာ ခရီးသည် ၆,၀၀၀ နဲ့ သင်္ဘောအမှုထမ်း ၁,၀၀၀ လိုက်ပါလာခဲ့တာ ဖြစ်ပါတယ်။အီတလီဆိပ်ကမ်းမှာ ခရီးသည်များဆင်းခွင့် ပိတ်ပင်ထားတဲ့ Costa Smeralda သင်္ဘောဟာ ပဉ္စမမြောက် ကမ္ဘာ့အကြီးဆုံး အပျော်စီးသင်္ဘောကြီးဖြစ်ပြီး လတ်တလောအတွင်း မြေထဲပင်လယ်အနောက်ပိုင်းမှာ တစ်ပတ်ကြာ အပျော်ခရီးစဉ် ခုတ်မောင်းသွားနေခဲ့တာဖြစ်ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။ www.everytimestory.com | Every Time Story | E.T.S

ghdvsgddhsdi45874587 2

အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရကြောင်း သံသယရှိ အမျိုးသမီးနဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ဇန်နဝါရီ ၂၅ ရက်နေ့က အီတလီနိုင်ငံ မီလန်မြို့ကနေ ဟောင်ကောင်ကို လေကြောင်းခရီးဖြင့် သွားရောက်ခဲ့ကြပြီးနောက် အပျော်စီးသင်္ဘောမှာ လိုက်ပါလာခဲ့ကြကြောင်း အီတလီမီဒီယာက ပြောပါတယ်။ နောက်ပိုင်းမှာ ၄င်းတို့ နှစ်ဦးဟာ ဖျားနာလာခဲ့သလို အသက်ရှုရ ခက်ခဲတဲ့ ဝေဒနာတွေ ခံစားလာခဲ့ရတာဖြစ်ပါတယ်။ www.everytimestory.com | Every Time Story | E.T.S

ghdvsgddhsdi45874587 1

ဇိမ်ခံသင်္ဘောကြီးဟာ ယခုသီတင်းပတ်အတွင်း ပြင်သစ်နိုင်ငံ မာဆေးမြို့၊ စပိန်နိုင်ငံ ဘာစီလိုနာနဲ့ ပါလ်မာဒီ မာယော့ကာ ဆိပ်ကမ်းတွေမှာ ဆိုက်ကပ် လည်ပတ်ခဲ့ပြီး ကြာသာပတေးနေ့ မှာ ရောမမြို့မြောက်ပိုင်းက စီဗီတာဗက်ချီယာ ဆိပ်ကမ်းမှာ ဆိုက်ကပ်ခဲ့တာဖြစ်ပါတယ်။ www.everytimestory.com | Every Time Story | E.T.S

ghdvsgddhsdi45874587 1

တရုတ် ဇနီးမောင်နှံဟာ လူသတ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားခဲ့ရသလားဆိုတာ သိရှိနိုင်ဖို့  ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတွေ လုပ်နေချိန်မှာ ဘယ်သူ့ကိုမျှ သင်္ဘောပေါ်က ဆင်းခွင့်ပြုမထားကြောင်း ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုပါတယ်။အခြေအနေ ရှင်းရှင်းလင်းလင်း သိရဖို့  နာရီအနည်းငယ် အချိန်ယူရမှာဖြစ်ကြောင်းလည်း ၄င်းက ပြောဆိုခဲ့ပါတယ်။ www.everytimestory.com | Every Time Story | E.T.S

Facebook Comments
11K Shares

Comments are Closed

Powered by M.N.T

11K Shares
Tweet
Share11K