ဝူဟန်ဗိုင်းရပ်စ် ကူးစက်မှုကို တစ်ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေနေအဖြစ် WHO ကြေငြာ

E.T.S

Every Time Story

internation new

ဝူဟန်ဗိုင်းရပ်စ် ကူးစက်မှုကို တစ်ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေနေအဖြစ် WHO ကြေငြာ

bprofkfkfklfot90595kg 2

ဝူဟန်ဗိုင်းရပ်စ် ကူးစက်မှုကို တစ်ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေနေအဖြစ် WHO ကြေငြာ

bprofkfkfklfot90595kg 2

တရုတ်နိုင်ငံမှစတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် သည် တစ်ကမ္ဘာလုံး၏ကျန်းမာရေးအတွက် ပူပန်ရမည့် အရေးပေါ်ကိစ္စဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ချုပ် WHO က ကြေညာချက်ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။ www.everytimestory.com | Every Time Story | E.T.S

bprofkfkfklfot90595kg 1

ဝူဟန်ဗိုင်းရပ်စ်ကိစ္စနှင့်ပတ်သက်၍ ၂၀၀၅ ခုနှစ် နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာစည်းမျဉ်းဥပဒေများ(2005 IHR) အရ WHO ၏ ဒါရိုက်တာများကဦးဆောင်ကာ ဒုတိယအကြိမ်မြောက် အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါအစည်းအဝေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့  WHO ရုံးစိုက်ရာ ဆွစ်ဇာ လန်နိုင်ငံ ဂျီနီဖာမြို့ တွင် ဒေသစံတော်ချိန် ၂၀၂၀ ခု နှစ် ဇန်နဝါရီ ၃၀ ကြာသပတေးနေ့  မွန်းလွဲ ၁း၃၀ နာ ရီအချိန်မှ ညနေ ၆း၃၅ နာရီအထိ ဆွေးနွေးခဲ့ကြပြီးနောက် WHO ညွန်ကြားရေးမှူးချုပ် တီဒရို အက်ဒ်ဟမ်နွန် (Tedros Adhanom) က အရေးပေါ်အခြေအနေအဖြစ် ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

bprofkfkfklfot90595kg 3

အရေးပေါ်အခြေအနေ ကြေညာတာဟာ တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် မဟုတ်ဘဲ၊ တရုတ်နိုင်ငံပြင်ပက တခြားနိုင်ငံတွေမှာပါ ဖြစ်နေတဲ့ အခြေအနေတွေကြောင့်လို့ WHO ညွန်ကြားရေးမှူးချုပ် က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

bprofkfkfklfot90595kg 1

အရေးပေါ်အခြေအနေ ကြေညာဖို့ ဆုံးဖြတ်လိုက်ပေမယ့်၊ ရောဂါပိုးပျံ့နှံ့နေတဲ့ ဒေသတွေနဲ့ ကုန်သွယ်ရေးနဲ့ ဆက်သွယ်ရေး လုပ်ဆောင်တာတွေကို တားဆီး ပိတ်ပင်မယ့် ဆုံးဖြတ်ချက်တွေတော့ မပါဝင်ဘဲ၊ WHO အနေနဲ့ ရောဂါပိုးကာကွယ်ဆေး ဖန်တီးနိုင်ဖို့အတွက်သာ အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ www.everytimestory.com | Every Time Story | E.T.S

bprofkfkfklfot90595kg 2

မနေ့က ဆွေးနွေးပွဲမှာ တရုတ်ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားလှယ်တွေက တရုတ်နိုင်ငံတွင်းက နောက်ဆုံးအခြေအနေနဲ့ ဆောင်ရွက်ထားမှုတွေကို အစီရင်ခံတင်ပြခဲ့ပါတယ်။ တရုတ်တစ်နိုင်ငံလုံးမှာ ရောဂါပိုးတွေ့ရှိသူ ၇၇၁၁ ဦးနဲ့ သံသယလူနာ ၁၂၁၆၇ ဦးရှိပြီး၊ သေဆုံးသူ ၁၇ဝ၊ ကုသပျောက်ကင်းသူ ၁၂၄ ဦီး ရှိကြောင်း ပြောပါတယ်။

bprofkfkfklfot90595kg 3

WHO တာဝန်ရှိသူတွေက တခြားနိုင်ငံတွေကို ဗိုင်းရပ်စ်ပိုးရောက်ရှိမှု အခြေအနေနဲ့ပတ်သက်လို့ ရှင်းလင်းအစီရင်ခံရာမှာ နိုင်ငံပေါင်း ၁၈ နိုင်ငံမှာ ရောဂါပိုးတွေ့သူ ၈၂ ဦးရှိတဲ့ထဲက ၇ ဦးကလွဲလို့ ကျန်သူအားလုံးဟာ တရုတ်နိုင်ငံကို ခရီးသွားခဲ့ကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံသုံးနိုင်ငံမှာ လူအချင်းချင်းကနေ ရောဂါပိုးကူးစက်တာကို တွေ့ရပြီး လောလောဆယ် သေဆုံးသူ မရှိဘူးလို့ သိရပါတယ်။ www.everytimestory.com | Every Time Story | E.T.S

bprofkfkfklfot90595kg 1

ပထမအကြိမ် အရေးပေါ်ကော်မတီ အစည်းအဝေးမှာ နှစ်ရက်ဆက်တိုက် ဆွေးနွေးခဲ့ကြပေမယ့် အမြင်ကွဲလွဲကြပြီး အရေးပေါ်အခြေအနေ သတ်မှတ်ဖို့ အချိန်မကျသေးဘူးလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ရောဂါပိုးကူးစက်တဲ့ နိုင်ငံတွေ သိသိသာသာ များပြားလာတဲ့အတွက် ဒုတိယအကြိမ် အရေးပေါ်အစည်းအဝေး ခေါ်ယူပြီး ဆွေးနွေးဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

bprofkfkfklfot90595kg 2

နောက်ထပ် တခြားနိုင်ငံတွေကို ကူးစက်ပျံ့နှံ့နိုင်သေးတဲ့အတွက် ရောဂါဖြစ်ပွားမှု စောင့်ကြည့်စစ်ဆေးတာ၊ ရောဂါကုသမှု စီမံခန့်ခွဲတာ၊ အတူနေသူတွေကို ကျန်းမာရေးစစ်ဆေးတာ၊ ကြိုတင်တားဆီးတာတွေ ဆက်လက်လုပ်ဆောင်ပြီး ရောဂါထိန်းချုပ်ရေးအတွက် ပြင်ဆင်ထားကြဖို့လည်း WHO ရဲ့ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။ www.everytimestory.com | Every Time Story | E.T.S

bprofkfkfklfot90595kg 3

WHO က ပြဌာန်းထားတဲ့ နိုင်ငံတကာကျန်းမာရေးစည်းမျဉ်းတွေနဲ့အညီ နိုင်ငံအားလုံး သတင်းအချက်အလက် အပြည့်အစုံကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကို ပေးပို့ဖို့ ဥပဒေကြောင်းအရ တာဝန်ရှိတယ်လို့လည်း သတိပေးနိုးဆော်ထားပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့  WHO ရဲ့ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံရှိပြီး၊ ကူးစက်ခံရသူ ၈၀၀၀ ကျော် ရှိပါတယ်။ www.everytimestory.com | Every Time Story | E.T.S

Facebook Comments
93 Shares

Comments are Closed

Powered by M.N.T

93 Shares
Tweet
Share93