ဝူဟန်ဗိုင်းရပ်စ် ကုသဆေး တီထွင်ရန် တရုတ်ဘီလျှံနာ ဂျက်မားက ဒေါ်လာသန်း ၁၅၀ လှူဒါန်း

E.T.S

Every Time Story

internation new

ဝူဟန်ဗိုင်းရပ်စ် ကုသဆေး တီထွင်ရန် တရုတ်ဘီလျှံနာ ဂျက်မားက ဒေါ်လာသန်း ၁၅၀ လှူဒါန်း

knkhkhkhlo595 2

ဝူဟန်ဗိုင်းရပ်စ် ကုသဆေး တီထွင်ရန် တရုတ်ဘီလျှံနာ ဂျက်မားက ဒေါ်လာသန်း ၁၅၀ လှူဒါန်း

knkhkhkhlo595 2

ကိုရိုနာဗိုင်းရပ်စ်ကိုကုသနိုင်မည့် ဆေးကို (၃) လအတွင်းထုတ်လုပ်နိုင်ဖွယ်ရှိ…ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်မည့်ဆေးဝါးကို တီထွင် နိုင်ရေးအတွက် တရုတ်နိုင်ငံ၏အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်သည့် Jack Ma က ဗြိတိန်စတာလင်ပေါင် ၁၁ သန်း(အမေရိကန်ဒေါ်လာ ၁၄.၄ သန်း)နှင့်ညီမျှသည့် တရုတ်ယွမ်ငွေ သန်း ၁၀၀ ကို ထပ်မံလှူဒါန်းမည်ဟု သိရသည်။

myanmar7646vi 2

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို တရုတ်နိုင်ငံတွင် ဆိုးရွားစွာခံစားနေရသည်။ ယနေ့ (ဇန်နဝါရီ ၃၀) နံနက် စာရင်းများအရ တစ်ကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူပေါင်း ၇,၈၁၇ ဦးရှိလာပြီဖြစ်ကာ ဗိုင်း ရပ်စ်ကူးစက်ခံရပြီး ‌သေဆုံးသွားသူမှာ ၁၇၀ ဦးရှိလာ ပြီဖြစ်သည်။ သေဆုံးသူများအားလုံးမှာ တရုတ်နိုင်ငံမှပင် ဖြစ်သည်။ www.everytimestory.com | Every Time Story | E.T.S

Coronavirus dkfgjoiuert8e7569854394tueritu9485t 2

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် လူနာများကို ကုသမှုပေးနိုင်ရန် လိုအပ်သည့်ဆေးဝါးအထောက် အကူပြုပစ္စည်းများဝယ်ယူရေးအတွက် ဂျက်မား ပိုင် ဆိုင်သည့် Alibaba စီးပွားရေးလုပ်ငန်းစုမှ (ပေါင် ၁၁၀ သန်း) ကန်ဒေါ်လာ ၁၄၄ သန်း ကို လှူဒါန်းထားပေးပြီးနောက် ဆေးဝါးဖော်စပ် နိုင်ရေးအတွက် နောက်ထပ် (ပေါင် ၁၁ သန်း) ကန်ဒေါ်လာ ၁၄.၄ သန်းကို ထပ် မံလှူဒါန်းလိုက်ခြင်းဖြစ်သည်။ www.everytimestory.com | Every Time Story | E.T.S

ejdfjdfj 2

ဝူဟန်မြို့ နှင့်ဟူဘေးပြည်နယ်အတွင်းမှ ဆေးရုံများအတွက် ယွမ် ၁ ဘီလျံ (ပေါင် ၁၁၀ သန်း၊ ကန်ဒေါ်လာ ၁၄၄ သန်း) ကို လှူဒါန်းထားသည်ဟု Alibaba စီးပွားရေးလုပ်ငန်းစုမှ ပြီးခဲ့သည့်တနင်္ဂနွေနေ့ က ကြေညာချက်ထုတ်ပြန်ခဲ့သလို ကိုရိုနာဗိုင်းရပ်စ်ကုသနိုင်မည့် ဆေးဝါးထုတ်နိုင်ရေးအတွက် နောက်ထပ် ယွမ် သန်း ၁၀၀ (ပေါင် ၁၁ သန်း၊ ကန်ဒေါ်လာ ၁၄.၄သန်း) ကို လှူဒါန်းလိုက်ခြင်းဖြစ်သည်။

sjdjfuf45874587 1

နောက်ထပ်လှူဒါန်းသည့် ယွမ် သန်း ၁၀၀ ၏ ၄၀ ရာခိုင်နှုန်းမှာ တရုတ်သိပ္ပံအကယ်ဒမီများနှင့်ဆေးဝါးဖော် စပ်နိုင်ရေးအတွက် ဦးဆောင်ကြိုးစားနေကြသည့် တရုတ်သိပ္ပံပညာရှင်၊ အင်ဂျင်နီယာများသို့  ထောက်ပံ့ ပေးသွားမည်ဖြစ်သည်။ www.everytimestory.com | Every Time Story | E.T.S

dgdhdhdhf47464 3

ကျန်သည့် ၆၀ ရာခိုင်နှုန်းကိုမူ တရုတ်နှင့်ကမ္ဘာတစ် ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်အား ထိန်းချုပ်ကာကွယ်နိုင် ရေးအတွက် သိပ္ပံသုတေသနဓါတ်ခွဲခန်းများ တည် ဆောက်ရန်နှင့် ဝန်ထမ်းများအတွက်လှူဒါန်းရန် စီစဉ် ထားသည်။Jack Ma မှာ ပေါင် ၃၂.၉ ဘီလျံ (အမေရိကန်ဒေါ်လာ ၄၂.၈ ဘီလျံ)ကြွယ်ဝပြီး တရုတ်နိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရသည်။

kdfjdfjdf8948747dfjdfji 1

ဝူဟန်မြို့ မှစတင်ဖြစ်ပွားခဲ့သည့်ဗိုင်းရပ်စ်ဆိုးကို ကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းစဉ်များအတွက် တရုတ် စီးပွားရေးလုပ်ငန်းရှင်များ၏ စုစုပေါင်းလှူဒါန်းမှု ပမာဏမှာ ယွမ် ၄.၅ ဘီလျံ (ပေါင် ၄၉၉ သန်း၊ အမေရိကန်ဒေါ်လာ ၆၄၉သန်း) ရှိနေပြီဖြစ်သည်ဟု တရုတ် စွန့် ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များအသင်း မဂ္ဂ ဇင်း၏ ဖော်ပြမှုအရ သိရသည်။ www.everytimestory.com | Every Time Story | E.T.S

knkhkhkhlo595 2

ထိုကဲ့သို့ ဝိုင်းဝန်းလှူဒါန်းမှုများထဲတွင် Pony Ma ၏ Tencent မှ ဒေါ်လာ ၄၃ သန်း၊Robin Li ၏ Baidu မှ ဒေါ်လာ ၄၃ သန်း၊ Xu Jiayin ၏ Evergrande Group မှ ကန်ဒေါ်လာ ၂၈ သန်း၊ Ren Zhengfei ၏ Huawei မှ ကန်ဒေါ်လာ ၄.၃သန်း တို့ အပါအဝင် တရုတ်စီးပွားရေးလုပ်ငန်းစု စုစုပေါင်း ၁၅၀ ကျော်ကဝိုင်းဝန်းလှူဒါန်းပေးထားကြခြင်းဖြစ်သည်။

myanmar7646vi 2

တရုတ်နိုင်ငံ၏ အမျိုးသားကျန်းမာရေးကော်မရှင်မှ ပညာရှင် Li Lanjuan ၏ တရုတ်နိုင်ငံပိုင်သတင်းဌာနသို့ ပြောကြားမှုအရ ကိုရိုနာဗိုင်းရပ်စ်ကိုကုသနိုင်မည့် ဆေးကို ၃ လအတွင်းထုတ်လုပ်နိုင်ဖွယ်ရှိနေသည်ဟုလည်း သိရသည်။ www.everytimestory.com | Every Time Story | E.T.S

knkhkhkhlo595 1

ကျွမ်းကျင်ပညာရှင်များက ကုသဆေးနမူနာကို လက် ရှိအချိန်မှစကာ ၁ လ အတွင်း တီထွင်နိုင်ဖွယ်ရှိနေသည်ဟု Li Lanjuan ဇန်နဝါရီ၂၈ အင်္ဂါနေ့ က China News သို့ ပြောကြားခဲ့သည်။ ထိုသို့ ရရှိလာ မည့်ဆေးနမူနာကို ကျွမ်းကျင်ပညာရှင်များက စမ်းသပ် ရန် သီတင်း ၂ ပတ်ကြာ အချိန်ယူရမည်ဟုဆိုသည်။ ထို့ နောက်တွင် ကုသဆေးကို အစိုးရက အတည်ပြု နိုင်ရန် အနည်းဆုံး သီတင်း ၆ ပတ်ကြာ အချိန်ယူရမည်ဟု Li Lanjuan က ပြောကြားထားသည်။ www.everytimestory.com | Every Time Story | E.T.S

Facebook Comments
459 Shares

Comments are Closed

Powered by M.N.T

459 Shares
Tweet
Share459