ကြောက်မက်ဖွယ် အကောင်များ ကြောင့် အဆိုးရွားဆုံး အငတ်ဘေးရင်ဆိုင်နေရတဲ့ ကင်ညာနိုင်ငံ

E.T.S

Every Time Story

internation new

ကြောက်မက်ဖွယ် အကောင်များ ကြောင့် အဆိုးရွားဆုံး အငတ်ဘေးရင်ဆိုင်နေရတဲ့ ကင်ညာနိုင်ငံ

sfygcsidgisdidiu478487 5

၂၀၂၀ က ကမ္ဘာကြီး ကိုပျက်သုန်း မှု စတင်လိုက်တာလား

sfygcsidgisdidiu478487 5

ယနေ့ ကမ္ဘာကြီးမှာ ကပ်ဆိုးကြီးကျရောက်နေတယ်လို့ ဆိုရမှာပါပဲ။ တရုတ်နိုင်ငံမှာလည်း ဝူဟန်ဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံး တုန်လှုပ်နေခဲ့ရပါတယ်။ အခုလည်း ကင်ညာနိုင်ငံမှာ ကပ်ဆိုး တစ်ခုကျရောက်နေခဲ့ပါတယ်။ ဒါကတော့ ကျိုင်းကောင်တွေ သန်းချီပြီး စိုက်ခင်းတွေကို ဖျက်စီးတာကြောင့် အငတ်ဘေးဆိုက်နေရတဲ့ သတင်းလေးပါပဲ…………။

sfygcsidgisdidiu478487 7
sfygcsidgisdidiu478487 1
sfygcsidgisdidiu478487 2

ယင်းကဲ့သို့ ကျိုင်းကောင်တွေကျရောက်တာဟာ မထူးဆန်းပေမယ့်လည်း ယခုနှစ်ကျရောက်တဲ့ ကျိုင်းကောင်းတွေဟာ နှစ် ၇၀ အတွင်း အများဆုံးဖြစ်ပြီး အကောင်ရေ သန်းပေါင်းရာချီနေတာကြောင့် စိုက်ခင်းတွေကို ပျက်စီးစေတယ်လို့ သိရပါတယ်။ ကျိုင်းကောင်တွေဟာ စားသောက်သီးနှံ့တွေကို စားသောက်ဖျက်ဆီးတာကြောင့် ဒေသခံတွေဟာ အငတ်ဘေးဆိုက်နေတယ်လို့ သိရပါတယ်။

sfygcsidgisdidiu478487 7
sfygcsidgisdidiu478487 3
sfygcsidgisdidiu478487 4

ယင်းကျိုင်းကောင်တွေဟာ ကန္တာရ အမျိုးအစားမှာ ပါဝင်ပြီး အီသီယိုပီးယားနဲ့ ဆိုမာလီ နိုင်ငံတွေကနေ ကူးစက်လာခဲ့တာဖြစ်ပါတယ်။ ရာစုနှစ်အတွင်းမှာ အဆိုးရွားဆုံး ကျရောက်မှုကြီးလို့ ဆိုပါတယ်။ ဒေသခံဖြစ်သူများကလည်း ယင်းကျိုင်းကောင်များကျရောက်ချိန်မှာ နွားများတောင် လန့်ဖြန့်ခဲ့ရတယ်လို့ ဆိုပါတယ်။ နှံစားပြောင်း၊ ပဲခင်းနဲ့ ပြောင်းခင်းအားလုံးကို စားသောက်ဖျက်ဆီးလိုက်ကြတယ်လို့ ဆိုပါတယ်။

sfygcsidgisdidiu478487 4
sfygcsidgisdidiu478487 6
sfygcsidgisdidiu478487 7

ကင်ညာ မီဒီယာတွေမှာတော့ ဒေသခံ လယ်သမားတွေဟာ အိုးခွက်တွေ တီးပြီးခြောက်လန့်ခြင်း၊ ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးများ၊ သေနတ်များပစ်ဖောက်ခြင်းတွေကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ယင်းကျိုင်းကောင်တွေဟာ ကင်ညာဒေသရှိ စိုက်ခင်း တစ်သိန်း ရှစ်သောင်းကျော်ကို ဖျက်ဆီးခဲ့တာကြောင့် စားနပ်ရိက္ခာ စိုးရိမ်နေရတဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။

sfygcsidgisdidiu478487 5
sfygcsidgisdidiu478487 3
sfygcsidgisdidiu478487 1

ကျိုင်းကောင်တွေရဲ့ အရှည်အလျားကို တွက်ကြည့်တဲ့အခါမှာ ၃၇ မိုင် လောက်ကို ရှည်လျားပြီး ၂၅ မိုင်လောက်ကို အကျယ်ရှိတယ်လို့ သိရပါတယ်။ လယ်ယာမြေနဲ့တွက်ချက်ကြည့်မယ်ဆိုရင် ၁ စတုရန်း ကီလိုမီတာ အကျယ်ရှိပြီး အကောင်ပေါင်း သန်း ၁၆၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ယင်းကျိုင်းကောင်တွေဟာ ယူဂန်ဒါ နိုင်ငံကို ပြောင်းရွှေ့သွားတယ်လို့ သိရပါတယ်။ www.everytimestory.com | Every Time Story | E.T.S

Facebook Comments
506 Shares

Comments are Closed

Powered by M.N.T

506 Shares
Tweet
Share506