၇ရက်သားသမီး တစ်ပတ်စာ ဟောစာတမ်း 18.4.2019 မှ 24.4.2019 အထိ

1366
2K Shares

၇ရက်သားသမီး တစ်ပတ်စာ ဟောစာတမ်း 18.4.2019 မှ 24.4.2019 အထိ

dyj

တနင်္ဂနွေ

ဒီကာလအတွင်း အကြံပေးချင်တာစီးပွားရေးနဲ့ပက်သက်ပြီးအားစိုက်စေချင်ပါတယ်။ အလုပ်နဲ့ပက်သက်ပြီး နည်းလမ်းသစ်၊စိတ်ကူးသစ်တွေနဲ့ကြိုးစားလိုက်ပါ။ လူမှုရေးကိစ္စများ၊ တပည့်လက်သားတွေရဲ့သာရေးနာရေးကိစ္စ များရှိလဲ တတ်နိုင်သလောက်ဆောင်ရွက်ပေးလိုက်ပါ။ မိသားစုတွေ စုံနေတဲ့အချိန်ဖြစ်ပါက အနာဂတ်အတွက်လုပ် သင့်တာတွေကိုတိုင်ပင်လုပ်ကိုင်တာပိုကောင်းပါတယ်။မိသားစုစီးပွားရေးတွေဆိုဘယ်လိုတိုးချဲ့မလဲစသည်ဖြင့် စဉ်း စားသင့်တဲ့ကာလပါပဲ။ စီးပွားရေးနဲ့ပက်သက်ပြီးတော့ မိမိလုပ်ချင်တာတွေကို အချိန်ယူပြီးလုပ်နိုင်ပါလိမ့်မယ်။

day

အိမ်ကိစ္စများ အမွေကိစ္စများ ဒီကာလမှာဆောင်ရွက်လို့သင့်ပါတယ်။ မင်္ဂလာဆောင်ဖို့ စီစဉ်ထားသူများ ဒီအပတ်အတွင်း တရားရုံးမှာလက်မှတ်ထိုးခြင်းမျိုး လုပ်လို့သင့်တော်ပါတယ်။အလုပ်သစ်စဖို့အတွက် ရှယ်ယာဝင် တွေနဲ့ တိုင်ပင်ဆွေးနွေးခြင်းမျိုးက ဒီအချိန်တွေမှာအလွန်ပဲကောင်းပါတယ်။ ကျန်းမာရေးကတော့ဒီကာလဟာ အညံ့အဆိုးနည်းပါ တယ်။ ဆရာကောင်းသမားကောင်းတွေနဲ့လဲ ကြုံရတွေ့ရတတ်ပါတယ်။ အချစ်ရေးကတော့ ကိုယ်ပိုင်စီးပွားရေးသမားဆိုအလုပ်တွေများပြီး ချစ်သူဒိတ်ဖို့ အဆင်မပြေဖြစ်ရတတ်ပါတယ်။ ပညာရေးအလွန် ကောင်းပါတယ်။

အကျိုးပေးဂဏန်း 1/5/4

အထူးဟော အလုပ်များချဲ့ထွင်နိုင်မည်။ယတြာ လုပ်ဖော်ကိုင်ဖက်တစ်ဦးဦးကို ကော်ဖီဝယ်တိုက်လိုက်ပါ။

တနင်္လာ

m

ဒီကာလအတွင်းခရီးများတတ်တယ်ဗျ။ ဒီကာလမှာအရေးကြီးတဲ့အရောင်းအ၀ယ်စာချုပ်တွေ ချုပ်ဆိုတာ မျိုးတွေ ရှောင်လိုက်ပါ။ သူများပေးတဲ့ကတိတွေကိုမယုံဖို့လိုပါတယ်။ ကတိပေးပြီးမတည်တဲ့သူတွေနဲ့ကြုံနေရတတ် ပါတယ်။ စီးပွားရေးကိုနောက်တစ်လှမ်းလှမ်းမယ်ဆိုဒီကာလကမကောင်းသေးဘူးလို့ပဲပြောချင်ပါတယ်။ လက်ထဲ ရှိတဲ့ငွေလေးတွေ ကိုမိမိအကြီးအကဲတစ်ဦးဆီအပ်ထားတာ ဘဏ်မှာအပ်ထားတာမျိုးလုပ်ပါ။ နို့မိုဆိုရင်တော့ လက်ထက်ရှိတဲ့ငွေတွေ ဆီလိုအပေါက်ရှာပြီး ထွက်သွားပါလိမ့်မယ်။ လူငယ်ဆို ဖျော်ဖြေရေးပွဲတွေသွားရင်တော့ ရန်များတတ်ပါတယ်။

မိမိကသည်းခံနိုင်ရင်တော့ ရန်နည်းပါလိမ့်မယ်။အရက်သောက်စားတာမျိုးတွေဒီကာလမှာ ရှောင်တာပိုကောင်းပါတယ်။ ကျန်းမာရေးကတော့ကိုယ်တိုင်က ကျန်းမာရေးကို ဂရုမထားသလိုဖြစ်တတ်ပါတယ်။ ဒါကြောင့်ပဲ အကြောအားနည်းတာ၊ အိပ်ရေးပျက်ပြီးအားနည်းတာမျိုးတွေ ကြုံရတွေ့ရတတ်ပါတယ်။ အချစ်ရေး အဆင်ပြေပေမဲ့ ကိုယ့်ကိစ္စနဲ့ကိုယ်အဆက်အသွယ်မလုပ်နိုင်တာမျိုးဖြစ်ရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ စကားပြောဆင်ခြင်ပါ။ ပညာရေးမှာတော့ မိမိကိုယ်တိုင်ကသင်ယူလိုစိတ်အားနည်းနေတတ်ပါတယ်။

m

အကျိုးပေးဂဏန်း 5/6/2

အထူးဟော သူများစကားတွေကိုအကြွင်းမဲ့မယုံလိုက်ပါနဲ့။ယတြာ ကန်စွန်းရွက်ကြော်ပြီး ဘုရားကပ်လှူပါ။

အင်္ဂါ

awe 1

ဒီကာလအတွင်းသူများရဲ့အမှုကိစ္စတွေကိုကြားဝင်ဖြေရှင်းပေးတာ၊အာမခံသက်သေလိုက်ပေးတာမျိုးတွေ ရှောင်လိုက်စေချင်ပါတယ်။ စိတ်ပူပန်ရတာ၊စိတ်ညစ်ရတာမျိုးတွေ အထူးကြုံနေရတတ်ပါတယ်။ သူတစ်ပါးရဲ့အကူ အညီယူပြီး ခက်ခဲနေတဲ့ကိစ္စတွေရှိရင်သူတစ်ပါးရဲ့အကူအညီကိုယူပြီးဖြေရှင်းလိုက်ပါ။ အောက်လက်ငယ်သား တွေကိုတော့ အယုံလွန်တာမျိုးမဖြစ်စေချင်ပါဘူး။ အရေးကြီးတဲ့လုပ်ငန်းတွေကို မိမိကိုယ်တိုင်သာလုပ်စေချင်ပါ တယ်။စက်ပစ္စည်း အဟောင်းတွေထွက်ပြီး စက်ပစ္စည်းအသစ်တွေဝင်လာပါလိမ့်မယ်။စိတ်ကြည်လင်အောင်နေပါ။ စိတ်ရှုပ်နေရင်အလုပ်တွေလဲမှားမှားယွင်းယွင်းဖြစ်ရတတ်ပါတယ်။

awe 1

လုပ်ငန်းခွင်မှာလဲလုပ်စရာတွေများနေတာ ကြောင့်ဘယ်ကစကိုင်ရမလဲမသိဖြစ်တတ်ပါတယ်။ ကျန်းမာရေးကတော့ အညောင်းမိတာ ကိုယ်လက်မအီမသာ ဖြစ်တာ မျိုးဖြစ်ရတတ်ပါတယ်။ မနက်စောစောထ လမ်းလျှောက်တဲ့ အကျင့်လေး ဒီအပတ်မှာ လုပ်စေချင်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အဆင်ပြေတာများပါတယ်။အိမ်ထောင်ဘက် မိမိလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနေ တတ်ပါတယ်။အချစ်ရေးမှာ မိမိကိုယ်တိုင်ကချစ်သူအပေါ်စိတ်မရှည်ဖြစ်နေရတတ်ပါတယ်။ ပညာရေးထက် စီးပွားရေးကို အချိန်ပိုပေးနေမိပါတယ်။

အကျိုးပေးဂဏန်း 6/3/0

အထူးဟော ပင်ပန်းပေမဲ့အလုပ်တွေတိုးတတ်မှာပါ။ယတြာ နှင်းဆီ၇ပွင့် ဘုရားကပ်လှူပေးပါ။

ဗုဒ္ဓဟူး/ရာဟု

w

ဒီကာလအတွင်း လုပ်ချင်တာလေးတွေလုပ်ခွင့်ရလာတတ်ပါတယ်။ လိုချင်တာလေးတွေရလာတတ်ပါ တယ်။ ချစ်သူခင်သူတွေဆီက လက်ဆောင်ရတတ်ပါတယ်။ အနုပညာအလုပ်များလုပ်ကိုင်နေသူဆို အလုပ်တွေ အဆင်ပြေပြီး ၀င်ငွေတိုးရပါလိမ့်မယ်။ သူတစ်ပါးကိုလဲ ကူညီနိုင်ပါလိမ့်မယ်။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ချစ်ခင်လေး စားခြင်းကိုရရှိပါလိမ့်မယ်။ရွှေငွေရတနာတွေဝယ်မယ်ဆိုလဲဒီကာလမှာဝယ်လို့သင့်တော်တာကိုတွေ့ရပါတယ်။ သားသမီးတွေကမိမိလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးပါလိမ့်မယ်။ အလုပ်နဲ့ပက်သက်ပြီး ထူးထူးခြားခြားတိုးတတ် ပါလိမ့်မယ်။အရောင်းအ၀ယ်များနှင့် ကြားနေပွဲစားအလုပ်များ အဆင်ပြေကံကောင်းနေပါလိမ့်မယ်။

w

တရားဘာဝနာ နဲ့ပက်သက်ပြီးတော့ တရားလေးတပုဒ်၊သံဝေဂစကားလေးတစ်ခွန်းဟာ မိမိအတွက် တရားအပေါ်စိတ်နှစ်ဖို့တွန်း အားတစ်ခုဖြစ်ပါလိမ့်မယ်။ ကျန်းမာရေးကတော့ မိန်းကလေးတွေ အထူးသတိထားပါ။ သွေးသားဓမ္မတာ နဲ့ပက်သက်သော ရောဂါများ ဖြစ်လွယ်ပါတယ်။ အိမ်ထောင်ရေးမှာ နားလည်မှုရှိရှိနဲ့ ရှေ့ဆက်နိုင်ပါလိမ့်မယ်။အချစ် ရေးကံကောင်းမည်။ မင်္ဂလာစကားပြောခြင်း၊နားဖောက်ခြင်းများအလေးပေးဆောင်ရွက်နိုင်ပါတယ်။ ပညာရေးအ ထူးကောင်းပါလိမ့်မယ်။

အကျိုးပေးဂဏန်း 7/1/4

အထူးဟော ကံမြင့်မားနေပါတယ်။ယတြာ လက်ဖက်ရည်နှင့်လမုန့် ဘုရားရှင်ကိုကပ်လှူပူဇော်ပါ။

ကြာသပတေး

waeg

စိတ်ကူးပုံဖော်ထားတဲ့ကိစ္စလေးတွေ လက်တွေ့လုပ်ဖြစ်ဖို့ အကြောင်းဖန်လာတတ်ပါတယ်။ မိမိမနိုင်ဝန်ဖြစ် နေရင်တောင်ကူညီပေးမဲ့သူတွေများပါလိမ့်မယ်။ နှစ်သစ်မှလုပ်မိတဲ့ကုသိုလ်လေးတွေကို တစ်နှစ်လုံး အစိဏ္ဏကံ ကုသိုလ်ဖြစ်အောင်လုပ်သွားပါ။ ကံကောင်းတာက ငွေအစုလိုက်ဝင်တတ်ပါတယ်။ ဒါကြောင့် ထီကံစမ်းတာမျိုးတွေ ဒီကာလမှာလုပ်သင့်ပါတယ်။ အလုပ်မှာမိမိမသိသေးတဲ့ လုပ်ငန်းခွင်ပညာတွေကိုသင်ပေးမဲ့သူတွေရှိလာပါလိမ့် မယ်။ မိမိအတွက်ကောင်းသောလိုအင်တွေပြည့်ပါလိမ့်မယ်။ ဒီကာလဟာ ဒေသန္တရ ဗဟုသုတတွေရ လွယ်ပါတယ်။မရောက်သော ဒေသတွေကိုခရီးထွက်ဖြစ်ပါလိမ့်မယ်။

waeg

သူငယ်ချင်းမိတ်ဆွေ တွေနဲ့အတူ ပျော်စရာအချိန်တွေကိုဖြတ်သန်းနိုင်ပါလိမ့်မယ်။ကျန်းမာရေးကတော့ ထူးထူးခြားခြားညံ့နေတာမျိုး မရှိပါဘူး။ အချစ်ရေးကံအလွန်ကောင်းနေမည်။ အချစ်ရေးမေတ္တာရေးနဲ့ပက်သက်သောကိစ္စများလိုက်ပါဆောင်ရွက်လို့အထူး ကောင်းနေမည်။အိမ်ထောင်ရေးလဲ သာယာပျော်ရွှင်မှုတွေများပါလိမ့်မယ်။ ပညာရေးကတော့ ကံကောင်းနေတာ တွေ့ရပါတယ်။

အကျိုးပေးဂဏန်း 1/2/5

အထူးဟော စိတ်လက်ချမ်းသာရပါလိမ့်မယ်။ယတြာ မြေပဲကြော်ပြီးဘုရားကပ်လှူပါ။

သောကြာ

sg 2

ဒီကာလဟာ ငြိမ်နေတာအကောင်းဆုံးပါပဲ။ မိမိလုပ်စရာရှိတဲ့ကိစ္စတွေကိုပဲ စိတ်နှစ်ပြီးလုပ်ကိုင်သွားစေချင် ပါတယ်။အပျော်အပါးအသောက်အစားရှောင်ပါ။ ညဥ့်နက်သန်းခေါင်ထိအပြင်မှာမနေလိုက်ပါနဲ့။ သူတစ်ပါးတွေရဲ့ အကူအညီတွေ တတ်နိုင်သ၍ မယူဘဲနေတာပိုကောင်းပါတယ်။ စိတ်ချမ်းသာစရာကိစ္စတွေထက် စိတ်ပူပန်ရတာ တွေများနေတတ်ပါတယ်။ မကောင်းတဲ့လိင်ကိစ္စတွေကို သူငယ်ချင်းတွေဆွယ်လဲ ရှောင်လိုက်တာပိုကောင်းပါ တယ်။ အလုပ်ခွင်မှာတာဝန်ကြီးကြီး ယူထားရသူများ complain ဆိုတာမျိုးလဲရှင်းရတတ်ပါတယ်။

sg 2

ကံမညံ့ပေမဲ့ တာဝန်တွေပိနေတာမျိုးကြောင့် အလုပ် များရတတ်တဲ့ကာလပေါ့ဗျ။ ငွေကုန်ကြေးကျများတတ်ပါတယ်။ ၀ယ်စရာရှိတာကြောင့် စုထားဆောင်းထားတဲ့ငွေလေးတွေထုတ်သုံးရ တတ်ပါတယ်။ ကျန်းမာရေးအတွက်တော့ အနည်းငယ်ပူပန်နေရပါလိမ့်မယ်။မထင်မှတ်ဘဲ ကျန်းမာရေးညံ့သွား တတ်ပါတယ်။ ဖျားတာနာတာမျိုး လဲကြုံရ တတ်ပါတယ်။ အချစ်ရေးကံကောင်းနေမည်။ အိမ်ထောင်သည်များ မိမိအိမ်ထောင်ဘက်အပေါ်သစ္စာရှိပါ။ ပညာရေး အပေါ်အာရုံမစိုက်နိုင်ဖြစ်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း 3/7/9

အထူးဟော စိတ်မကြည်လင်ဖြစ်ရတတ်ပါတယ်။ယတြာ သမ္ဗုဒ္ဓေဂုဏ်တော်ကို သက်စေ့ရွတ်ပေးပါ။

စနေ

sg 1

ကောင်းတဲ့အလုပ်တွေအတွက်ပဲအချိန်ပေးပါ။ အကျိုးမရှိအချိန်ကုန်ရမဲ့ကိစ္စတွေကိုတော့ ရှောင်လိုက်ဖို့ ပြောချင်ပါတယ်။စီးပွားရေးလုပ်ပါ။သူများကိုတော့ မလိမ်မိပါစေနဲ့။ ရပ်ဝေးသွားပြီးအလုပ်လုပ်နေသူများ ဟိုရောက် ရင်အဆင်မပြေဖြစ်ရတတ်ပါတယ်။ လောဘတကြီးငွေရှာခြင်း၊ မတရားနည်းဖြင့် စီးပွားရှာခြင်းများ ဒီကာလမှာဒုက္ခ ရောက်တတ်ပါတယ်။ လက်ထဲငွေမကိုင်ထားပါနဲ့။ ငွေလက်ထဲထားရင် အဟောသိကံ ကုန်သွားတတ်လို့ပါ။ ခရီးသွားရရင် အရင်ကဘာမှမဖြစ်သူတောင် ဒီအချိန်မှာ ခရီးပန်းသလို ခံစားရတတ်ပါတယ်။

sg 1

စိတ်ကူးထားသမျှအရာ ထင်ဖို့မလွယ်သေးပါဘူး။ သူတစ်ပါးတွေရဲ့ လေးစားအထင်ကြီးမှုကိုတော့ရရှိပါလိမ့်မယ်။ နာမည်တစ်လုံးနဲ့ ရပ်တည်သူများ နာမည်ပိုမိုကျော်ကြားပါလိမ့်မယ်။ ကျန်းမာရေးကတော့ အနည်းငယ်ခြူ ခြာနေတတ်ပါတယ်။သွေး အားနည်းတာမျိုး၊ ကိုယ်လက်မအီမသာဖြစ်တာမျိုးခံစားရတတ်ပါတယ်။ မိမိပစ္စည်းတွေအလွယ်မထားပါနဲ့။သူခိုးခိုး ခံရတာ၊ပျောက်ရှတာဖြစ်တတ်ပါတယ်။ အချစ်ရေးကပုံမှန်ပါပဲ။ အိမ်ထောင်ရေးမှာတော့ အဆိုးမရှိနိုင်တဲ့ကာလပါပဲ။ ပညာရေးကံအကောင်းဆုံးပါ။ မိမိကဥာဏ်ဝီရိယစိုက်ထုတ်ပေးပါ။

အကျိုးပေးဂဏန်း 8/9/0

အထူးဟော ကံသင့်ပါတယ်။ယတြာ ထီးဖြူငါးလက် မွေးနံထောင့်မှာလှူပေးပါ။၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ငြိမ်းအေးလူ (ဗေဒင်သုတေသီ) Viber Only( 09775555695 )

Facebook Comments
2K Shares