ဒီနှစ်အတွက် အတာစားသည့် အင်္ဂါသားသမီးများ ပြုလုပ်ဆောင်ရွက်ရန် အစီအရင်

7026
19K Shares

ဒီနှစ်အတွက် အတာစားသည့် အင်္ဂါသားသမီးများ ပြုလုပ်ဆောင်ရွက်ရန် အစီအရင်

tuedaythingyan 5

ဒီနှစ်အင်္ဂါသားသမီးတွေ အတာစားတယ်ပေါ့၊၊အဲ့တော့ အတာစားရင် ဘယ်လိုလုပ်ရမလည်း ဘာတွေ လုပ်သင့်လည်းဆိုသူများအတွက့်၊၊ သင်္ကြန်အတက်နေ့ ၁၆.၄.၂၀၁၉ အင်္ဂါနေ့မနက်ပိုင်းမှာ အတာစားတဲ့အင်္ဂါသားသမီးတွေက ခင်ပွန်းကြီး၁၀ပါးကိုကန်တော့ခြင်း၊ ရဟန်းသံဃာများကို ဆွမ်းလောင်းလှူခြင်း၊လူကြီးသူမများကို စားသောက်ဖွယ်ရာများကြွေးမွေးလှူဒါန်းခြင်း စသဖြင့် ကိုယ်တက်နိုင်သမျှ ဒါနတစ်ခုခုကိုပြုလုပ်ပြီး ၃၁ဘုံသားအပေါင်းအား ကုသိုလ်ကောင်းမှု့အစုစုကိုအမျှဝေမေတ္တာပို့ရပါမယ်၊၊

tuedaythingyan 3

ညပိုင်း ၉း၂၆ မိနစ်မတိုင်ခင်မှာ ရေမိုးချိုး ကိုယ်လက်သန့်စင်၊သန့်ရှင်းသောအဝတ်အစားများဝတ်ဆင်ထားပြီး ၉း၂၆မိနစ်ရောက်ပြီဆိုတာနဲ့ ဘုရားကို သောက်တော်ရေ ဆီမီး အမွှေးတိုင် ပန်းကို အရှေ့တောင်ထောင့်ကို မျက်နှာမူပြီးကပ်လှူ လှူဒါန်း မေတ္တာပို့အမျှဝေပါ၊၊ ဖယောင်းတိုင်မီးငြိမ်း အမွှေးတိုင်ကုန်ပြီဆိုတာနဲ့ အိမ်ရှိဘုရားဆင်းတုတော်အားလုံးကို ရေသပ္ပါယ်ခြင်း ရောင်တော်ဖွင့်ခြင်းကို အရှေ့တောင်အရပ်ကို မျက်နှာမူပြီးပြုလုပ်ဆောင်ရွက်ရပါမယ်၊၊ ရေသပ္ပါယ်၊ရောင်တော်ဖွင့်နေစဉ် အောက်ပါဂါထာကို ရွတ်ဆိုနေရပါမယ်၊၊

tuedaythingyan 2

ဗုဒ္ဓဂုဏံ အာရဗ္ဘ သဒ္ဒါစိတ္တံ ဥပ္ပဇ္ဇတိ ဓမ္မဂုဏံ အာရဗ္ဘ သဒ္ဒါစိတ္တံ ဥပ္ပဇ္ဇတိ သံဃဂုဏံ အာရဗ္ဘ သဒ္ဒါစိတ္တံ ဥပ္ပဇ္ဇတိ သဒ္ဒါစိတ္တံ အာရဗ္ဘ သဒ္ဒါစိတ္တံ ဥပ္ပဇ္ဇတိ ယောစ ဗုဒ္ဓဉ္စ ဓမ္မဉ္စ သံဃဉ္စ သရဏံ ရတော၊၊ ဧတံခေါ သရဏံခေမံ ဧတံ သရဏ မုတ္တမံ ဧတံ သရဏ မာဂမ္မ သဗ္ဗဒုက္ခါ ပမုစ္စတိ၊၊

အထက်ပါဆောင်ရွက်စရာ ကိစ္စအဝဝကို အင်္ဂါသားသမီးများကိုယ်တိုင်သာလျှင်ဆောင်ရွက်ရပါမယ်၊၊အင်္ဂါသားသမီးကိုယ်စား တခြားနေ့သားသမီးက ဆောင်ရွက်ပေးလို့မရပါ၊၊ ယခုတစ်နှစ်တာ ကာလပတ်လုံး အင်္ဂါသားသမီးများ မည်ကဲ့သို့သောအခက်အခဲကြုံကြုံ ဘုရားကို မျက်နှာတော်သစ်ပေးခြင်း ရောင်တော်ဖွင့်ခြင်း ရေသပ္ပါယ်ခြင်းများကို ၇ရက်ဆက်တိုင်ဆောင်ရွက်ဆုတောင်းပါ၊၊ရောင်တော်ဖွင့်ချိန် ၊ရေသပ္ပါယ်ချိန် ၊မျက်နှာတော်သစ်ပေးနေစဉ်အတွင်း အထက်ပါဂါထာကို ရွတ်ဆိုရန်မမေ့ပါနှင့်၊၊

tuedaythingyan 4

ဆရာလင်းအေးချမ်း (Zay Yar Oo)

Facebook Comments
19K Shares