“၁၀.၆.၂၀၁၉ ယနေ့ (၇)ရက်သားသမီးများအတွက် ဗေဒင်ဟောစာတမ်း”

2015
310 Shares

“၁၀.၆.၂၀၁၉ ယနေ့ (၇)ရက်သားသမီးများအတွက် ဗေဒင်ဟောစာတမ်း”

TREQ

တနင်္ဂနွေ

တနင်္ဂနွေသားသမီးတွေ အနေနဲ့ ခေါင်းမူးခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။ ကျန်းမာရေး အနည်းငယ်ညံ့နေတာကြောင့် သတိပြုသင့်တဲ့ နေ့ရက်ဖြစ်ပြီးအိမ်မှာရှိတဲ့ ပန်ကာအပျက်လိုမျိုး ပစ္စည်းတွေကိုစွန့်ပစ်လိုက်ပါ။

လုပ်ငန်းကိစ္စနဲ့ ပတ်သက်လို့ အလုပ်တာဝန် မနိုင်မနင်းဖြစ်နေတတ်ပြီး ငွေကြေးအပေးအယူပိုင်း သတိထားလုပ်ဆောင်သင့်ပါတယ်။ အိုးအိမ်သစ် ဝင်နိုင်မယ့် ကာလဖြစ်ပြီး ထီကံစမ်းပေးနိုင်ပါတယ်။

ဖုန်းဆိုင်၊ ဖုန်းနဲ့ ဆက်စပ်ပစ္စည်းရောင်းဝယ်သူများ အထူးကောင်းမွန်နေပြီး အိမ်ထောင်သည်တွေအနေနဲ့ မိဘဆွေမျိုးများကြောင့် စကားများရန်ဖြစ်ရတတ်ပါတယ်။ အချစ်ရေးပုံမှန်ရှိနေပြီး ကျန်းမာရေးအနေနဲ့ လည်ချောင်းနာတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ – တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်ပြီးအောင်မြင်နိုင်ပါတယ်။

ယတြာ – နွမ်းပါးသူများအား အသုံးမပြုတော့သည့် အကျီများပေးလှူလိုက်ပါ။

TREQ

တနင်္လာ

တနင်္လာနေ့မွေးတဲ့သူတွေအနေနဲ့ကတော့ ဒီနေ့မှာ အောက်လက်ငယ်သားနဲ့ သားသမီးကိစ္စတွေမှာ စိတ်မချမ်းသာစရာ ကြုံရနိုင်ပါတယ်။ လုပ်ငန်းခွင်ပြဿနာတွေ ဖြေရှင်းရတတ်ပြီး နာမည်အလွဲသုံးစားလုပ်မှု ငွေအလွဲသုံးစားလုပ်ခံရတာမျိုးတွေလည်း ကြုံနိုင်ပါတယ်။

သစ်သီးဒိုင်၊ ဟင်းသီးဟင်းရွက်ဒိုင်များ ကောင်းမွန်နေပြီး စက်ပစ္စည်းပြုပြင်ရေးလုပ်ငန်း၊ မော်တေ်ာကားရေဆေးဆီထိုးလုပ်ငန်းတွေမှာလည်း ငွေဝင်နေပါလိမ့်မယ်။

ပညာရေး၊ အချစ်ရေးအောင်မြင်မှာဖြစ်ပြီး အိမ်ထောင်ရေးကိစ္စမှာလည်း ကောင်းသောအပြောင်းအလဲတွေ ကြုံရပါလိမ့်မယ်။ သူတစ်ပါးရဲ့ အချစ်ရေး၊ အိမ်ထောင်ရေးကိစ္စတွေမှာ ကြားညပ်တာမျိုးလည်း ကြုံနိုင်ပါသေးတယ်။ ကျန်းမာရေးအနေနဲ့ အာရုံကြောရောဂါဖြစ်ပွားတတ်ပါတယ်။။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ – တနင်္လာသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ၃နာရီအတွင်း လုပ်ဆောင်ပေးသင့်ပါတယ်။

ယတြာ – ဘုရားတွင် ကြာဇံကြော် ကပ်လှူ ဆုတောင်းပါ။

TREQ

အင်္ဂါ

အင်္ဂါနေ့မွေးဖွားသူတွေအနေနဲ့လက်လွန်ထားတဲ့ ငွေကြေးတွေ ပြန်ရလာတာတွေ့ရမှာပါ။ လူမျိုးကွဲ၊ ဘာသာကွဲနဲ့ ပူးပေါင်းလုပ်ဆောင်မှု အောင်မြင်မှာဖြစ်ပြီးနေရာထိုင်ခင်းအပြောင်းအရွှေ့ရှိနိုင် ပါသေးတယ်။

ခရီးဝေးသွားရကိန်းရှိပြီး ဒီခရီးကနေအကျိုးအမြတ်တွေ ရရှိလာမှာဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းရှင်များအထူးကောင်းမွန်နေပြီး ရေထွက်ကုန်လုပ်ငန်းရှင်များ အနည်းငယ်ညံ့နေပါတယ်။

အချစ်ရေးပိုင်းမှာစန်းပွင့်နေတဲ့ ကာလဖြစ်ပြီး အိမ်ထောင်သည်တွေ အနေနဲ့ကတော့ အိမ်ထောင်ရေး အရှုပ်အရှင်းဖြစ်တတ်လို့ သတိထားသင့်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး နိုင်ငံခြားပညာတော်သင်သွားရကိန်းရှိနေပါတယ်။ ကျန်းမာရေးပိုင်းမှာတော့ လည်ချောင်းနာတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ – အင်္ဂါသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။

ယတြာ – ဘုရားတွင် ဆီမီးကပ်လှူပေးပါ။

TREQ

ဗုဒ္ဓဟူး

ဗုဒ္ဒဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာ ခက်ခဲကြန့်ကြာနေတဲ့ ကိစ္စတွေအကုန်လုံး အဆင်ပြေလာတာတွေ့ရပါလိမ့်မယ်။ မိမိနဲ့ ပြဿနာဖြစ်ထားသူတွေနဲ့ ပြန်လည်အဆင်ပြေနိုင်သလို ကောင်းသောခရီးတွေလည်း သွားရတတ်ပါတယ်။

ငွေကြေးပိုင်းအင်မတန် စိတ်ချမ်းသာရမယ့်ရက်ဖြစ်ပြီး မိသားစုအတွင်း ကြီးကဲသူရဲ့ ကျန်းမာရေးသတိပြုသင့်ပါတယ်။ အိမ်ခြံမြေအမွေကိစ္စ ရှုတ်ထွေးရတတ်ပြီး မိသားစုအတွင်း စိတ်ဝမ်းကွဲတတ်ပါတယ်။

အိမ်ထောင်ရေးအနေနဲ့ စိတ်ချမ်းသာရမယ့် အချိန်ဖြစ်ပြီး ချစ်သူမရှိသေးသူများ ချစ်သူရလာပါလိမ့်မယ်။ ကွန်ပျူတာ၊ ဖုန်း၊ စက်ပစ္စည်းပိုင်းဆိုင်ရာ ပြုပြင်ရောင်းဝယ်သူများ ကောင်းမွန်နေပါတယ်။ ကျန်းမာရေးအနေနဲ့ အစားမှားတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ – ဗုဒ္ဓဟူးသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်းလုပ်ဆောင်ပေးပါ။

ယတြာ – ဘုရားတွင် ရွှေသင်္ကန်းကပ်လှူပေးပါ။

TREQ

ရာဟု

ရာဟုသားသမီးတွေအနေနဲ့ လုပ်ငန်းသစ်တွေ တိုးချဲ့ရနိုင်ပါတယ်။ ကံကောင်းသောတိုးချဲ့ခြင်းမျိုး ဖြစ်ပြီးငွေကြေးပိုင်းအနေနဲ့ ဝင်သလောက် ပြန်ထွက်နေတဲ့ ကာလဖြစ်လို့ သတိထားသင့်ပါတယ်။

လက်ရှိအလုပ်ထက် ပိုအဆင့်မြင့်တဲ့ နေရာကိုတက်လှမ်းနိုင်မယ့် ကာလလို့ ဆိုရမှာဖြစ်ပြီး အိမ်ထောင်သည်တွေအနေနဲ့ သားသမီးရဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ သတိပြုပေးရမှာဖြစ်ပါတယ်။

အချစ်ရေးမှာတော့ ချစ်သူရဲ့ သစ္စာဖောက်ခြင်း ခံရတတ်ပါတယ်။ ပညာရေးပိုင်းကောင်းမွန်နေပြီး အချစ်ရေးပိုင်းကတော့ ပုံမှန်ပဲရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ အာရုံကြောရောဂါဖြစ်ပွားတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ – ရာဟုသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်းလုပ်ဆောင်သင့်ပါတယ်။

ယတြာ – လမ်းတွင်ကြုံတွေ့ရသောသက်ကြီးရွယ်အိုများအားရေသန့်ဒါနပြု လှူဒါန်းပေးပါ။

TREQ

ကြာသပတေး

ကြာသပတေးသားသမီးတွေကတော့ အရေးကြီးလုပ်ဆောင်စရာတွေကို ခဏရပ်နားထားသင့်ပါတယ်။ အလုပ်သစ်ကနေဆက်သွယ်လာခြင်းမျိုး ကြုံတွေ့ရနိုင်ပြီး ဝင်တဲ့ငွေထက် ထွက်တဲ့ငွေကပိုများနေမယ့် ကာလပါပဲ။

ငွေစုခြင်း၊ စပ်တူရှယ်ယာလုပ်ကိုင်ခြင်းမျိုးတွေကနေ လူလိမ်ခံရတတ်ပါတယ်။ အချစ်ရေးမှာ မိဘသဘောမတူတာကြောင့် စိတ်ဆင်းရဲရတတ်ပါတယ်။

အိမ်ထောင်ရေးအဆင်ပြေနေပေမယ့် နှစ်ဖက်မိဘရဲ့ ကြားဝင်မှုကြောင့် အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ယာယီသာဖြစ်လို့ စိုးရိမ်စရာမရှိပါဘူး။ ပညာရေး၊ ကျန်းမာရေးပိုင်းလည်းတိုးတက်မှု ရရှိနေတဲ့ ရက်ဖြစ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ – ကြာသပတေးသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်းလုပ်ဆောင်သင့်ပါတယ်။

ယတြာ – အိမ်ရှိဘုရားတွင် ဘုရားပန်းလဲပြီးလိုရာဆုတောင်းနိုင်ပါတယ်။

TREQ

သောကြာ

ဒီနေ့မှာသောကြာသားသမီးတွေအနေနဲ့ ဘယ်လိုကိစ္စမျိုးမဆိုအဆင်ပြေပြေနဲ့ ပြီးဆုံးသွားပါလိမ့်မယ်။ ချစ်သူနဲ့အထင်အမြင်လွဲမှားနိုင်တဲ့ ကာလဖြစ်ပြီး အိမ်ထောင်သည်တွေကတော့ အိမ်ထောင်ဖက်ရဲ့ စီးပွားရေး တိုးတက်အောင်မြင်နေမှာဖြစ်ပါတယ်။

ကိုယ်ပိုင်လုပ်ငန်းရှင်များ လုပ်ငန်းတိုးချဲ့မှုပိုင်းအောင်မြင်နိုင်ပါတယ်။ မိတ်ဆွေ သူငယ်ချင်းများနဲ့ ပေါင်းစည်းလုပ်ကိုင်တဲ့ စပ်တူလုပ်ငန်းအကျိုးပေးပြီးထီစပ်တူထိုးပေးသင့်ပါတယ်။

ဥယျာဉ်ခြံမြေလုပ်ငန်း၊ လယ်ယာလုပ်ငန်းရှင်များ အထွက်ကောင်းမှာဖြစ်ပြီး စက်ပစ္စည်းသစ်ဝင်ကိန်းရှိပါတယ်။ ကျန်းမာရေး၊ ပညာရေးပိုင်းလည်းကောင်းမွန်တဲ့ နေ့ရက်ပါပဲ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ – သောကြာသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်သင့်ပါတယ်။

ယတြာ – ဘုရားတွင် သစ်သီးတစ်မျိုးမျီုးကပ်လှူပေးပါ။

TREQ

စနေ

ဒီနေ့မှာစနေသားသမီးတွေအနေနဲ့ မထင်မှတ်ထားတဲ့ နေရာကနေ ငွေကြေးအမြတ်အစွန်း ရရှိလာပါလိမ့်မယ်။ အရေးကြီးလုပ်ငန်းကိစ္စတွေကိုလည်း ဒီနေ့မှာစတင်နိုင်ပြီး အဖိုးတန်ပစ္စည်းတွေကို လက်ဆောင်ပေးသူ ပေါ်ပေါက်လာနိုင်ပါတယ်။

အိမ်ကိုဧည့်သည်ရောက်လာတတ်ပြီး ကောင်းတဲ့သတင်းစကားပါလာပါလိမ့်မယ်။ အဆိုတော်၊ အနုပညာရှင်များ၊ ပန်းချီဆရာများ၊ စာရေးဆရာ အစရှိသူတို့ လုပ်ငန်းအထူးကောင်းမွန်နေချိန်ဖြစ်ပါတယ်။ အချစ်ရေး ၊အိမ်ထောင်ရေး သာယာနေပြီးသားသမီး ရတနာ တိုးပွားတတ်ပါတယ်။

ပညာရေးကောင်းမွန်နေပြီး ကျန်းမာရေးအနေနဲ့ လက်နဲ့ ခြေထောက်ပိုင်းဆိုင်ရာထိခိုက်မှု ရှိတတ်လို့ သတိထားသင့်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ – စနေသားသမီးတွေအနေနဲ့ ဒီနေ့မှာအရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်ပြီးအောင်မြင်မှု ရရှိနိုင်မှာဖြစ်ပါတယ်။

Facebook Comments
310 Shares