(02.06.2019) မှ (08.06.2019) ခုနှစ်ရက်သားသမီး ဟောစာတမ်း…

182
365 Shares

(02.06.2019) မှ (08.06.2019) ခုနှစ်ရက်သားသမီး ဟောစာတမ်း…

wf

သင်တို့၏ အကျိုးကို လိုလားသော.. ဆရာ ဧကရာဇ်မင်း (တဲရော့ ၊ ဗေဒ ၊ လက္ခဏာ) Ph/0944377343/ Ph/0993639300 ထိုင်းနိုင်ငံ (ဘန်ကောက်မြို့)

ပုထုဇဉ်ဖြစ်တဲ့ လူသားပီပီ ကိုယ်လျှောက်ရမယ့် ခရီးရှည်ကြီးဟာ ကြမ်းမလား ၊ လန်းမလား စဉ်းစားကြည့်ကြမှာပါ ၊ (အပျက်)ကိုမှု စဉ်းစားသူ မရှိသလောက် နည်းမည်ထင်ပါသည် ။

တကယ်မှာ မနက်ဖြန် ရွှေထုပ်ကြီး ရမည်ဟူသော(အဖြစ်)တရားထက်…မနက်ဖြန်(ငွေ)ကျပျောက်မည်ဆိုသော (အပျက်)တရားက ပို၍ အရေးကြီးကြောင်း….

(တနင်္ဂနွေ)သားသမီးများအတွက် အဟော

wf

အလုပ်အကိုင် အခွင့်အလမ်းရှာနေသူများ အဆင်ပြေပါတော့မည် ။ အင်တာဗျူးဖြေထားသူများ အဆင့်မြင့် ရာထူးတိုးလျှောက်ထားသူများ အောင်မြင်မှုရရှိမည် ။ လူမျိုးကွဲနှင့်ဆိုင်သောကိစ္စများရှိပါက ထစ်ငေါ့ပြီးမှ အဆင်ပြေတတ်သည် ။

အိမ်မှာနေထိုင်ပြီး ပါးစပ်ဖြင့် လုပ်ကိုင်နေသူများအဆင်ပြေနေမည် ။ ထူးထူးခြားခြား ဝင်ငွေကောင်းမည် ။ လုပ်ငန်းသစ်များလည်း တိုးချဲ့လုပ်ကိုင် နိုင်လိမ့်မည် ။ ကျန်းမာရေးနှင့် ပတ်သက်၍ နား ၊ နှာခေါင်း ၊ လည်ချောင်းတို့တွင် ဝေဒနာတစ်ခုခု ဖြစ်ပေါ်ခံစားရတတ်သည် ။

wf

မထင်မှတ်ဘဲ ခွဲစိတ်ကုသ ခံယူရတတ်ခြင်းများလည်း ဖြစ်နိုင်သည် ။ ငယ်ရွယ်သူများ ဂုဏ်သိက္ခာပိုင်းကို ငဲ့လွန်း၍ အချစ်ရေးမှာ နောက်ပြန်ဆုတ်သွားတတ်သည် ။ ချစ်သူများ ဆုံနိုင်ခွင် နည်းပါးနေတတ်သည် ။ အိမ်ထောင်ရှင်များ အကောင်းဆုံး ချစ်ခြင်းမေတ္တာများဖြင့် မိသားစုအတွင်း နားလည်းမှု ရရှိမည် ။

ယတြာ ။ ။ သက်ကြီးဝါကြီးအား မျက်နှာသုတ်ပဝါ ၊ ပုတီး ၊ ဓာတ်မီး ဒါနပြုပေးပါ ။

မိမိတို့ရဲ့ မိတ်ဆွေ သူငယ်ချင်းများကို ဖတ်ရှုစေချင်ရင် (like and share) လုပ်ပေးခြင်းဖြင့် ကူညီပါ မျှဝေပေးကြပါခင်ဗျာ ။

(တနလာင်္)သားသမီးများအတွက် အဟော…

wf

ဂုဏ်မောက်လွန်းတဲ့ စိတ်ကိုလျှော့ချပြီး ဂုဏ်မောက်တဲ့ ပြုမူပြောဆိုခြင်းကို အတတ်နိုင်ဆုံး လျှော့ချနိုင်မှ အရာရာအဆင်ပြေမည် ။ ရစရာရှိသည်များ မရနိုင်ဘဲ မှိုင်နေတတ်သည် ။ အပြောအဆို စည်းလွတ် ဝါးလွတ် ပြောဆိုနေတတ်သည် ။ ဘယ်ကိစ္စမဆို လွယ်လွယ်နဲ့မရ ၊ ဒုက္ခခံပြီးမှ အဆင်ပြေတတ်ပါသည် ။

ဘယ်ကိစ္စမှ အပြိုင်အဆိုင် မလုပ်ပါနှင့် ၊ ကိုယ်တိုင်ကြောင့်ထက် သူတစ်ပါးကြောင့် ဖြစ်တဲ့ဒုက္ခက ပိုများတတ်သည် ။ ငွေကြေးကိစ္စများတွင် ကြားမဝင်ပါနှင့် ။ အကုန်အကျများသော်လည်း ကုန်သမျှငွေ ပြန်ဝင်လာမည် ။ ကိစ္စအဝဝတို့တွင် အတွေ့အကြုံနှင့် အကြံဉာဏ်ရှိသူတို့နှင့် တိုင်ပင်ဆောင်ရွက်သင့်သည် ။

wf

မြော်မြင်ချင့်ချိန်မှု အားကောင်းလျှင် ကောင်းသလောက် အဆင်ပြေမှုများကြုံမည် ။ ငယ်ရွယ်သူများ ရိုးသားတဲ့ အကြင်နာ သံယောဇဉ်မှ တစ်ဆင်မြင့်ကာ ချစ်သူအဖြစ် ရောက်သွားတတ်သည် ။ ဘဝကို ပုံမအပ်မိပါစေနှင့် ခွဲခြားထားပါ ။ အိမ်ထောင်ရှင်များ အခေါ်အပြောနည်း ခွဲနေရမှုများက များနေမည် ။ မောင်နှမသားချင်း ကိစ္စများကြောင့် အဆင်မပြေ ဖြစ်ရတတ်သည် ။

ယတြာ ။ ။ ကလေးများကို ကောက်ညှင်းပေါင်းနှင့် ငါးခြောက်ဖုတ် ကျွေးမွေးကာ ဒါနပြုပါ ။

မိမိတို့ရဲ့ မိတ်ဆွေ သူငယ်ချင်းများကို ဖတ်ရှုစေချင်ရင် (like and share) လုပ်ပေးခြင်းဖြင့် ကူညီပါ မျှဝေပေးကြပါခင်ဗျာ ။

(အင်္ဂါ)သားသမီးများအတွက် အဟော…

wf

ငွေကြေးကိစ္စများ အဆင်ပြေပြီး စီးပွားရေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်လိမ့်မည် ။ ရင်းနှီးမြှပ်နှံထားသော ငွေကြေးများမှ အမြတ်အစွန်းများရရှိမည် ။ မိမိပတ်ဝန်းကျင်တွင် မိမိအားအနှောင့်အယှက်ပြုလိုသူ ၊ အပြိုင်အဆိုင် လုပ်လိုသူများ ရှိနေတတ်သည်ကို အထူးသတိထားပါ ။

ဝန်ထမ်းဖြစ်ပါက လက်ရှိလုပ်ငန်းမှ မိမိအတွက် အကျိုးရှိမည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်သော်လည်း လုပ်ငန်းမှ ပြောင်းလဲလုပ်လိုသော ဆန္ဒများ ပြင်းပျနေတတ်သည် ။ ကျန်းမာရေးမှာ သွေးနှင့်ပတ်သက်သော ဝေဒနာများ ဖြစ်တတ်ခြင်း ၊ မျိုးပွားအင်္ဂါတွင် အနာဖြစ်တတ်ခြင်းများ ရှိမည် ။

wf

ငယ်ရွယ်သူများ အချစ်ရေးမှာ စိတ်နှစ်ခွ ဖြစ်တတ်သည် ။ လွတ်လပ်စွာနေလိုစိတ်များမည် ။ အိမ်ထောင်ရှင်များ ကျိန်းသေဆိုပြီး မျှော်လင့်ထားတာတွေ ဖြစ်မလာဘဲ လွှဲချော်သွားတတ်တယ် ။ ဧည့်သည်ဟာ မကြာခဏဆိုသလို အလည်လာ ၊ စိတ်ညစ်စရာတွေပါ အဖော်ခေါ်လာလိမ့်မည် ။

ယတြာ ။ ။ စံပယ် (၈) ကုံးကို အိမ်ရှိဘုရားတွင် ကပ်လှူပူဇော်ပါ ။

မိမိတို့ရဲ့ မိတ်ဆွေ သူငယ်ချင်းများကို ဖတ်ရှုစေချင်ရင် (like and share) လုပ်ပေးခြင်းဖြင့် ကူညီပါ မျှဝေပေးကြပါခင်ဗျာ ။

(ဗုဒ္ဓဟူး)သားသမီးများအတွက် အဟော….

wf

ဂုဏ်သိက္ခာ ၊ စည်းစိမ်ချမ်းသာများ ယုတ်လျှော့သွားတတ်သည် ။ ကြိုးစားသော်လည်း ကြိုးစားသလောက် အကျိုးမခံစားရတတ်ပါ ။ ခေါင်းထဲ မကြည်မလင် ဖြစ်နေတတ်သည် ။ သေချာရေရာမှု မရှိသော တွက်ဆရသည့် အလုပ်များကို ရှောင်ရှား ရွှေ့ဆိုင်းထားသင့်သည် ။

အပျော်အပါးလွန်သူများ ပြဿနာဟောင်းတွေ ရင်ဆိုင်ရတတ်၍ ကိုယ့်ကိုကိုယ် သတိထားပေးပါ ။ သူတစ်ပါးစကားတွေ နားယောင်မိမည် ။ ကိုယ်ပိုင်စိတ်ကူးနှင့်ပဲ ဆုံးဖြတ်ပါ ။ အလုပ်ပြောင်း ၊ နယ်ပြောင်း လျှောက်ထားသူများ အဆင်ပြေသွားမည် ။ တစ်သက်လုံး တွဲလာသော မိတ်ဆွေနှင့် စိတ်ဝမ်းကွဲတတ်သည် ။

wf

ငယ်ရွယ်သူများ ချစ်သူများ အမှားကို အမှန်ထင်နေတတ်ကြသည် ။ ချစ်သူနှင့် လမ်းခွဲရမည် ။ အိမ်ထောင်ရှင်များ အစစ စိတ်ကူးမတူ လွဲချော်နေမည် ။ အခေါ်အပြော နည်းနေမည် ၊ ခွဲခွာရမှုများက များနေမည် ။

ယတြာ ။ ။ ဘုရားစေတီများသို့ မကြာခဏသွား၍ ဂြိုလ်(၈)ခွင်လုံးတွင် ရေသပ္ပာယ်၍ ဘုရားပူဇော်ပါ ။

မိမိတို့ရဲ့ မိတ်ဆွေ သူငယ်ချင်းများကို ဖတ်ရှုစေချင်ရင် (like and share) လုပ်ပေးခြင်းဖြင့် ကူညီပါ မျှဝေပေးကြပါခင်ဗျာ ။

(ကြာသပတေး)သားသမီးများအတွက် အဟော…

wf

ပြည်ပတွင် အလုပ်အကိုင် ရှာဖွေသူဖြစ်ပါက အခြေအနေ အခွင့်အလမ်းကောင်းများ ပေါ်ထွက်လာခြင်း ၊ သတင်းကောင်းကြားရခြင်းများ ရှိမည် ။ မလိုအပ်ဘဲ စိတ်ဆိုးလွယ် ၊ စိတ်ဆတ်လွယ်နေတတ်သည် ။ ဘာပဲလုပ်လုပ် ယခင်နှင့်မတူ တစ်မှုထူးကာ စိတ်မြန်နေတတ်သည် ။ သတိမထားလျှင် အမှားကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်တတ်သည် ။

ကြံသမျှ ဟန်ကျစေရန် ကူညီသူ ၊ ပံ့ပိုးသူ ၊ လမ်းညွှန်းသူများ မိမိအနားမှာ ရှိနေမည် ။ ကွဲကွာနေသော မိတ်ဟောင်းဆွေဟောင်းများနှင့် ပြန်လည်ဆုံဆည်းရတတ်သည် ။ ဝန်ထမ်းများ ဖြစ်ပါက ကံကုသိုလ်အပြောင်းအလဲများ ရှိနိုင်သည် ။ ရာထူးတိုးခြင်း ၊ လစာတိုးခြင်း ၊ ဝင်ငွေတိုးခြင်း ၊ နေရာထိုင်ခင်းအသစ် ပြောင်းလဲနေထိုင်ရခြင်းများ ရှိမည် ။

wf

ငယ်ရွယ်သူများ အချစ်ရေးကိစ္စမှာ လှပလွန်းသော အချစ်အိပ်မက်ကလေးတစ်ခုကို မြှားနတ်မောင်က ဖန်ဆင်းပေးပါလိမ့်မည် ။ အမြင်ကျယ်ကျယ်ဖြင့် စင်စင်ကြယ်ကြယ် ချစ်ခွင့်ကြုံရတတ်သည် ။ အိမ်ထောင်ရှင်များ သူတစ်ပါးပြဿနာ အိမ်ပေါ် ပါလာမည် ။ မိမိအိမ်တွင် ညဥ့်အိပ်ညဥ့်နေ ဧည့်သည်များကို လက်မခံသင့်ပါ ။

ယတြာ ။ ။ အုန်းသီးတစ်လုံးလှူပြီး အရဟံဂုဏ်တော် ပုတီးစိပ်ပါ ။

မိမိတို့ရဲ့ မိတ်ဆွေ သူငယ်ချင်းများကို ဖတ်ရှုစေချင်ရင် (like and share) လုပ်ပေးခြင်းဖြင့် ကူညီပါ မျှဝေပေးကြပါခင်ဗျာ ။

(သောကြာ)သားသမီးများအတွက် အဟော…

wf

မကြာခဏ ခရီးထွက်ရန် အကြောင်းကိစ္စ ပေါ်နေတတ်သည် ။ ငွေကြေးကိစ္စများတွင် အပေးအယူသတိထား၍ စာရင်းဇယား လုပ်ထားပါ ။ အငြင်းပွားစရာ ကိစ္စများ ရှိတတ်ပါသည် ။ ရှေ့နေရှေ့ရပ် ၊ ပွဲစာများ ဆွေမျိုးသားချင်းများရဲ့ အမှုကိစ္စ လိုက်လုပ်မိပါက စိတ်အနှောင့်အယှက် ဖြစ်ရုံကလွဲလို့ အကျိုးအမြတ် မခံစားရတတ်ပါ ။

ကောင်းတာတွေ ဘယ်လောက်ပဲလုပ်လုပ် သူတစ်ပါးရဲ့ မကောင်းပြောခြင်း အကြောင်းမဲ့ ခံရတတ်သည် ။ လမ်းကြောင်းသစ်နှင့် လုပ်ကိုင်ခြင်း ၊ အလုပ်သစ် အကြံသစ်များ ဆောင်ရွက်နိုင်ခြင်းရှိမည် ။ မိတ်သစ် ဆွေသစ်များကြောင့်လည်းကောင်း ၊ မိတ်ဟောင်းဆွေဟောင်းများ၏ အကြံဉာဏ် အကူအညီကြောင့်လည်းကောင်း ဖြောင့်ဖြူးသော အကြံအစည်များ ဖြစ်ထွန်းမည် ။

wf

ငယ်ရွယ်သူများ ချစ်ပန်းရနံ့များ ကြူကြူမွှေးနေတတ်သည် ။ အထူးသတိနှင့် ဆင်ခြင်ပြီး တစ်ယောက် ကောင်းကောင်း ရွေးချယ်လိုက်ပါ ။ အိမ်ထောင်ရှင်များ စီးပွားဥစ္စာ ပြည့်စုံကြွယ်ဝပြီး တည့်ငြိမ်အေးချမ်းသည့် မိသားစုဘဝရရှိမည် ။

ယတြာ ။ ။ မိတ်ဆွေတစ်ဦးကို ထောပတ်ထမင်း ဝယ်ကျွေးလိုက်ပါ ။

မိမိတို့ရဲ့ မိတ်ဆွေ သူငယ်ချင်းများကို ဖတ်ရှုစေချင်ရင် (like and share) လုပ်ပေးခြင်းဖြင့် ကူညီပါ မျှဝေပေးကြပါခင်ဗျာ ။

(စနေ)သားသမီးများအတွက် အဟော…

wf

အခွင့်အရေးက မိမိဆီကို တန်းတန်းမတ်မတ် ရောက်လာမယ် ။ မိမိလုပ်ရမယ့် လုပ်ငန်းတွေကတော့ လွယ်ကူလှတဲ့ လုပ်ငန်းတွေ မဟုတ်ပါ ကြိုးစားရမည် ။ ကိုယ်နှစ် စိတ်နှစ် အလုပ်လုပ်ရလိမ့်မည် ။ မိမိ၏ အိမ်မက်နှင့် မျှော်လင့်ချက်တွေ အကောင်အထည် ပေါ်လာမည် ။

မိတ်ဆွေရင်းချာများအတွင်း စကားတင်းဆို အကောက်ကြံသူ ပေါ်ပေါက်နိုင်သည် ။ အကြံအစည်များ မပြတ်သားခြင်း ၊ တိတိကျကျ ဆုံးဖြတ်နိုင်မှု အားနည်းခြင်း ဖြစ်တတ်သည် ။ ခရီးသွားလာမှု များပြားမည် ။ လုံ့လနှင့် သတ္တိ ဗျတ္တိစွမ်းအင်များ ပေါက်ဖွားလာ၍ အောင်ပန်းကို ဆွတ်ယူခွင့်ရှိမည် ။

wf

လူမျိုးကွဲ ၊ လူမျိုးခြား ငွေရှင်ကြေးရှင် မစမည် ။ ငယ်ရွယ်သူများ ချစ်သူ၏ သံသယများကြောင့် အဆင်မပြေမှုများမည် ။ အမုန်းစစ်ပွဲများ ရင်ဆိုင်ဖြေရှင်းရမည် ။ အိမ်ထောင်ရှင်များ စည်းကမ်းတင်းကျပ် ချုပ်ချယ်လွန်းမည် ။ စကားပြောတိုင်း အကျအနကောက်လွန်းမည် ။

ယတြာ ။ ။ ရူးသွပ်နေသူအား တွေ့လျှင် ဖျော်ရည်တိုက်လိုက်ပါ ။

မိမိတို့ရဲ့ မိတ်ဆွေ သူငယ်ချင်းများကို ဖတ်ရှုစေချင်ရင် (like and share) လုပ်ပေးခြင်းဖြင့် ကူညီပါ မျှဝေပေးကြပါခင်ဗျာ ။

Facebook Comments
365 Shares