တနင်္ဂနွေသားသမီးများ အတွက် ဇွန်လတစ်လစာ ဟောစာတမ်း

313
506 Shares

တနင်္ဂနွေသားသမီးများ အတွက် ဇွန်လတစ်လစာ ဟောစာတမ်း

days 4

စီးပွားရေး….(၁) ရက်နေ့ကနေ (၆) ရက်နေ့ အထိတော့ အလုပ်ပါး လိမ့်မယ်။( ၆) ရက်နေ့ ကျော်ရင်တော့ စပြီး အလုပ်တွေ ကောင်းလာမယ်။ လကုန်ခါနီးလေ အလုပ်များလေ၊ အလုပ်တွေ အဆင်ပြေလေဘဲ ဖြစ်ပါတယ်။ တပည့်တွေ အောက်လက် ငယ်သားတွေတော့ သတိထားပါ။ အလုပ်ပိုအဆင်ပြေအောင် ယတြာခြေကြပါ။ယတြာ= ရေရှင်မှာ ငါးကို သက်စေ့လွှတ်ပေးပါ။ ပြီးလျှင် အဆင်ပြေအောင် ဆုတောင်းပါ။

ငွေကြေး….မချေး ၊ မငှားသရွေ့တော့ အလိမ်မခံရပါဘူး။ ငွေချေးရင်တော့ ကုန်ပြီသာမှတ်ပါ။ ငွေအဝင်ကတော့ ပုံမှန်ပါဘဲ။ ထူးထူးခြားခြား မညံ့သလို ထူးထူးခြားခြားလည်း မကောင်းပါဘူး။

days 4

ကျန်းမာရေး…အရေပြားရောဂါနဲ့ နှလုံးရောဂါ ဂရုစိုက်ကြပါ။ အခန့်မသင့်ရင်တော့ နှလုံးရောဂါ ဝင်တတ်ပါတယ်။ ဒီ့ထက်တော့ ဆိုးရွားဖို့ မရှိပါ။ ယတြာ=သံဃာကို သင်္ကန်းလှူ ပေးပါ။

အချစ်ရေး…ကောင်မလေးတွေ သတိထားကြပါ။ အိမ်ထောင်ပြုဖို့ သေချာပြီးမှ ပျက်သွားပြီး အရှက်ရ တတ်ပါတယ်။ ဒါမှမဟုတ် လွန်ကျူးပြီးမှ ကွဲသွားတတ်ပါတယ်။ ပြောရရင်တော့ အချစ်ရေးကံ ညံ့တဲ့လ ပါဘဲ။ အချစ်ရေး ကံကောင်းချင်သူတွေ ယတြာ မဖြစ်မနေ လုပ်သင့်ပါတယ်။ယတြာ=နေ့တိုင်း မနက်ပိုင်း အိမ်ဘုရားမှာ ဖယောင်းတိုင် ၂ တိုင်နဲ့ အမွှေးတိုင် ၂ တိုင် ပူဇော်ပြီး ဆုတောင်းပါ။ တစ်လလုံး နေ့တိုင်းပြုလုပ်ပါ။

days 4

ပညာရေး…ပညာရေးကတော့ အကောင်းဆုံး အနေအထားမှာပါဘဲ။ ကိုယ်တက်ချင်တဲ့ ကျောင်း မတက်ရမှာ တစ်ခုသာ ရှိပါတယ်။ ကျန်တာကောင်းပါတယ်။သ င်တန်းအသစ်တွေလည်း တက်ရဖို့ ရှိနေပါတယ်။

လူမှုရေး…လူမှုရေးမှာတော့ နာမည် မရမယ့် ကောင်းမှုတွေ သာရေး နာရေးတွေမှာ ဆောင်ရွက်ရတတ်ပါတယ်။ သိပ်တော့ ထူးခြားခြင်းမရှိပါဘူး။

days 4

အိမ်ထောင်ရေး…. ထင်တာက တစ်မျိုး ဖြစ်တော့ တစ်မျိုး တွေ ကြုံတွေ့တတ် ပါတယ်။ မိမိရဲ့ အိမ်ထောင်ဖက်ပေါ်မှာ အထင်လွဲတတ်ပါတယ်။ ပြီးမှ မှားနေတာ သိကြတတ်ပါတယ်။ သံသယတွေ လျော့ရမယ့် လ ပါဘဲ။ မိမိက ပြသနာရှာပြီးမှ သူတို့ဘာမှမဖြစ်ခဲ့တာကို သိလာတတ်ပါတယ်။ သံသယစိတ်တွေ မထားသင့်ပါ။ယတြာမလိုပါဘူး။

Facebook Comments
506 Shares