တနင်္လာသားသမီးများအတွက် ဇွန်လတစ်လစာ ဟောစာတမ်း

304
608 Shares

တနင်္လာသားသမီးများအတွက် ဇွန်လတစ်လစာ ဟောစာတမ်း

days 1

စီးပွားရေး …ရေရှည်အတွက် ရည်ရွယ်ပြီး ရင်းနှီးမြုပ်နှံမှုမှန်သမျှ အဆင်ပြေမည်။ ပစ္စည်းသိုလောင်တာကလည်း ဒီလ အကောင်းဆုံးအနေအထားပါ။ အလုပ်သစ် လုပ်သူတွေလည်း အောင်မြင်မှုတစ်ခုကို လက်ဝယ်ပိုင်ဆိုင်မှာဖြစ်ပါတယ်။ ဝန်ထမ်းတွေတော့ အပြောင်းအရွှေ့ကိစ္စတွေ ထွက်တတ်ပါတယ်။ ဒါပေမယ့် ကောင်းသောပြောင်းရွှေ့ခြင်းပါဘဲ။ အလောင်းအစား သမားတွေတော့ ငွေထုတ်ပိုက်မယ့် လ ပါဘဲ။ ကိုယ့်ဆုံးဖြတ်ချက်သာ ကိုယ်လက်ခံပါ။ အောင်မြင်မှာပါ။ ယတြာ=တနင်္လာနေ့မှာ ပေါက်ဆီ ၃ လုံး အိမ်ဘုရားမှာ ကပ်လှူ ပြီး ဆုတောင်းပါ။

ငွေကြေး… ငွေတွေလည်း အတော်ကလေးစုမိကြမယ့်လ ပါဘဲ။ တစ်ခုဘဲ ပြောချင်တာက သူများကို အပ်ထားတာ ပေးထားတာ စုထားတာ မလုပ်ဘဲ မိမိနာမည်နဲ့ ဘဏ်မှာ အပ်ထားတာ ပိုကောင်းပါတယ်။ တစ်ဘက်ကလည်း ထွက်ငွေတွေ ထွက်နေမှာပါ။ ဒါပေမယ့် ငွေအတွက် မပူရပါဘူး။ လက်လွန်ထားတဲ့ငွေတွေရှိရင်လည်း တရားစွဲမယ့် အကြောင်းပြောတာတို့ ရပ်ကွက်ရုံးမှာ ခေါ်ပြီး ညှိနှိုင်းတာတို့ လုပ်ရင် အဆင်ပြေသွားမှာပါ။ ယတြာမလိုပါဘူး။

days 1

ကျန်းမာရေး ….ကျန်းမာရေးကတော့ ခြေထောက်နာတာ၊ ဒူးနာတာ ၊ခေါင်းမူးတာလောက်တော့ မကြာခဏဖြစ်ကြမှာပါ။ အခြားတော့ အန္တရာယ်မရှိပါဘူး။ အမျိုးသမီးတွေတော့ မီးယပ်သွေးသားကိစ္စကြောင့် နာတာ ကျင်တာတော့ ခံစားရလိမ့်မယ်။ ဆိုးရိမ်စရာ အနေအထားတော့ မရှိပါ။ ယတြာ=တနင်္လာနေ့မှာ ဆန်တစ်ပြည် နဲ့ ဆားတစ်ပိဿာကို မရှိဆင်းရဲသား တစ်ဦးကို လှူ ပေးပါ။

အချစ်ရေး…. တည်တည်ငြိမ်ငြိမ်ပါဘဲ။ ကွဲတာတွေ ခွဲခွာရတာတွေေ တာ့ မဖြစ်ပါဘူး။ စိတ်သဘောထား မတိုက်ဆိုင်တာမျိုးကြောင့်တော့ စိတ် ကသိကအောင့်တော့ ဖြစ်တတ်ပါတယ်။ ယတြာ=ဘုန်းကြီးကျောင်းတို့ နီးစပ်ရာ ဘုရားတို့မှာ တံပျက်စည်းလှည်းပြီး ဆုတောင်းပါ။

days 1

ပညာရေး…. တက္ကသိုလ်ဝင် တန်းဖြေထားသူတွေကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ အောင်မြင်ကြမှာပါ။ တနင်္လာသား သမီးထဲက မြန်မာတစ်နိုင်ငံလုံး ပထမဆု ရမှာဖြစ်ပါတယ်။ ဆယ်တန်း အောင်ချက်မှာလည်း တနင်္လာသားသမီးတွေ အောင်ချက်များမှာ ဖြစ်ပါတယ်။ ယတြာ=အောင်စာရင်းကြည့်ဖို့အသွား လမ်းမှာတွေ့မယ့် မရှိ ဆင်းရဲသားတစ်ဦးကို ငွေ ၂၇၀၀ တိတိလှူ ပြီးမှ သွားကြည့်ပါ။

လူမှုရေး… အိမ်မှာ မင်္ဂလာ သတင်းတွေကြားရမယ့်လ ပါဘဲ။ မင်္ဂဆောင်တွေတို့၊ အိမ်မှာရှိတဲ့ ချွေးမက ကိုယ်ဝန် ရှိတာတို့တွေ အဲလို သတင်းကောင်းတွေနဲ့ ပျော်ရွှင်စရာကောင်းမယ့် လဘဲ ဖြစ်ပါတယ်။ မိတ်သစ် ဆွေသစ်တွေများပြီး မတွေ့တာကြာပြီဖြစ်တဲ့ မိတ်ဆွေတွေနဲ့လည်း မမျော်လင့်ဘဲ တွေ့ရတတ်ပါတယ်။ ယတြာမလိုပါဘူး။

days 1

အိမ်ထောင်ရေး …. အိမ်ထောင်ရေး ကတော့ မျက်ရည်တွေ များလိမ့်မယ်။ ဖောက်ပြန်တဲ့ကိစ္စမျိုး မဟုတ်ဘဲ မိဘမောင်နှမ တွေကြောင့် လင်မယားရန်ဖြစ်တာ ကွဲကွာ သွားတာတွေ အထိ ပြသနာကြီးသွား တတ်ပါတယ်။ သတိထားကြပါ။ တတ်နိုင်သလောက် ဆွေမျိုးမောင်နှမကိစ္စတွေ အိမ်ထောင်ရေးမှာ ပါဝင်ခြင်း မရှိပါစေနဲ့။ အဲဒါဆိုရင်တော့ သိပ်မပူရပါဘူး။ ယတြာ=အရပ်ထဲ ရှိတဲ့ သက်ကြီးရွယ်အိုများကို အအေးဝယ်ပြီး လှူ ပေးကြပါ။

Facebook Comments
608 Shares