နေပူထဲမှာ ရေသန့်ဘူး ကြာရှည်စွာထားပါက ကော်ဘူး နှင့် အပူ ဓာတ်ပြုပြီး ကင်ဆာဖြစ်ပွားနိုင်

37
305 Shares

နေပူထဲမှာ ရေသန့်ဘူး ကြာရှည်စွာထားပါက ကော်ဘူး နှင့် အပူ ဓာတ်ပြုပြီး ကင်ဆာဖြစ်ပွားနိုင်

aerh

နေပူထဲတွင် ရေသန့်ဘူး ကြာရှည်စွာထားပါက ကော်ဘူးသည် အပူနှင့် ဓာတ်ပြုပြီး ကင်ဆာဖြစ်ပွားနိုင်သည်ကို ရေသန့်ဘူး သောက်သုံးသူများအနေနှင့် သတိပြုသင့်ကြောင်း မြန်မာနိုင်ငံစားသုံးသူများ ကာကွယ်ရေးအသင်းမှ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က မေလ ၂၀ ရက်တွင် အကုန်သိသတင်းဌာနသို့ ပြောသည်။

aerh 4

အခုလိုနေပူတဲ့ကာလမှာဆို ပိုဆိုးတယ်။ အအုပ်အဆောင်းမပါဘဲ နေပူထဲ ရေသန့်ဘူးတွေ လိုက်ပို့တယ်။ နေပူထဲ ဒီရေသန့်ဘူး ကြာကြာထားရင် အပူနဲ့ ဓာတ်ပြုပြီး ကော်ဘူးက ရေထဲပျော်ဝင်ပြီး ဒါကို လူက သောက်မိရင် ကင်ဆာဖြစ်တတ်တယ်။ လိုက်ပို့တဲ့သူကလည်း အအုပ်အဆောင်းနဲ့ ရေသန့်ဘူးကို ပို့သင့်တယ်။ သောက်သုံးသူကလည်း ဒါကို သတိပြုသင့်တယ် ဟု ၎င်းက ပြောသည်။

aerh

လက်ရှိတွင် ရေသန့်ဘူးများကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စစ်ဆေးလျက်ရှိကြောင်း၊ ရေသန့်စက်ရုံများကို အိမ်နှင့်မတွဲရဘဲ ရေသန့်စက်ရုံမှာ သီးသန့်ဖြစ်ရမည်ဟု စည်းကမ်းသတ်မှတ်ထားကြောင်း သိရသည်။

aerh

တချို့ကလည်း ထောက်ခံချက်ရတယ်ဆိုပြီး ထုတ်ပေမယ့် တကယ်တမ်းရေသန့်မှာကျတော့ ရေကမသန့်တော့ဘူး။ ဥပမာ ဈေးကွက်ထဲက 1 လီတာ ရေသန့်ဘူးတွေက သောက်သုံးလို့ စိတ်ချရပေမယ့် ဒီလို လီတာ ၂၀ ရေသန့်ဘူးကြီးတွေမှာ ရေသန့်ဘူးတွေ ဟောင်းနေတာ၊ ရေသန့်ဘူးထဲ ရေညှိတွေတက်နေတာ။ နောက် နေပူထဲလိုက်ပို့တာ ဒါတွေရှိတယ်။ အဓိက FDA က စစ်တာကတော့ ရေသန့်ထဲ ဝမ်းကိုက်ပိုးတို့ အီကိုလိုင်ပိုးတို့ ပါမပါပေါ့။ ရေသန့်မသန့်စစ်တယ်။ ဒါပေမဲ့ မြို့စွန်က ရေသန့်ထုတ်လုပ်မှုအပိုင်းကတော့ သန့်ရှင်းမှုအပိုင်းမှာ အားနည်းနေတယ်” ဟု ဦးဗအုပ်ခိုင်က ပြောသည်။

Facebook Comments
305 Shares