
399
572 Shares







Unicode Font

သားဖွားဆရာဝန်ကြီး နှင့် ညှစ်အားကောင်းတဲ့ မွေးလူနာ

သားဖွား ဆရာဝန်ကြီး ဒေါက်တာ သာအေး တယောက် ဇောချွေး ပြန်နေပြီ ။” ညှစ် ညှစ်ထား အီးပါသလို ညှစ်ပါ ဆို”

ဘယ်လိုပဲ ညှစ်ခိုင်း ညှစ်ခိုင်း ကလေးက ထွက်မလာသေး ။အကူဆရာမ နှစ်ယောက်လည်း ဘာလုပ်ရမှန်း မသိတော့ ။ဒီအတိုင်း ကြာသွားရင် မဖြစ်ဘူး ။လူနာ နားလည်အောင် သေချာ ရှင်းပြမှ ဖြစ်တော့မယ် ဆိုပြီး
လူနာ မျက်နှာနဲ့ အနီးဆုံး နေရာနား ကို ဒေါက်တာသာအေး သွားရပ် လိုက်တယ် ။

” ကဲ အမိ ဆရာ့ မျက်နှာကို သေချာကြည့် ဆရာ ပြောပြမယ်အခု ရေမွှာ ပေါက်ထားတာ အချိန် တော်တော် ကြာနေပြီကြာသွားရင် မကောင်းဘူးဒီတော့ ဆရာ တိုင်ပင် ခေါ်ပေးမယ်ညှစ်လို့ ပြောတဲ့ အချိန်မှာ အသားကုန်သာ ညှစ်ချ လိုက်တော့လည်ချောင်းထဲ မှာပဲ ညှစ်မနေနဲ့ အီးပါ သလိုမျိုး အသားကုန် ညှစ်ချဘာမှ မကြောက်နဲ့ ဆရာ့ကို ကိုင်ထားပြီး ညှစ် ဟုတ်ပြီလား ”လူနာက ခေါင်းညိမ့်တယ် ။

” ကဲ ဟုတ်ပြီ စမယ်နော်ရယ်ဒီ ဝမ်း တူး သရီး ညှစ် ” ဗြစ် ” အား ”အော်သံနက်ကြီး ထွက်လာတော့အကူဆရာမ နှစ်ယောက်က လူနာ ပေါင်ကြားထဲ အတင်း ဖြဲရှာတယ် ။ဘာမှ မထူးခြား၊ ဘာတကောင်မှ ထွက်မလာ ။
ဒေါက်တာသာအေး ကတော့ ခွဲခန်း ကြမ်းပြင်ပေါ် ခွေခွေလေး လဲနေပြီ ။” ဆရာ ဆရာ ဘာဖြစ်တာလဲ ”ဒေါက်တာသာအေး ဘာမှတောင် ပြန်မဖြေနိုင် ရှာဘူး ။

ခဏနေမှ လူနာဘက် လှည့်ပြီး” မသာမ ဒါမျိုး ကျတော့ တော်တော် ညှစ်အား ကောင်းနေတယ် ပေါ့လေသောက်ကျိုးနည်း ငါတော့ မျိုးကန်းပြီ ထင်ပါရဲ့နင့်ပေါင်ကြားက ကလေးကို ညှစ်ထုတ် ခိုင်းတာဟဲ့ငါ့ပေါင်ကြားက ကလေးကို ညှစ်ထုတ်ခိုင်းတာ မဟုတ်ဘူး ”…

Facebook Comments
572 Shares