ယောက်ျား လိုချင်တဲ့ အပျိုကြီးတယောက်ရဲ့ ဖြစ်ပုံ

3201

ယောက်ျား လိုချင်တဲ့ အပျိုကြီးတယောက်ရဲ့ ဖြစ်ပုံ


ယောက်ျား သိပ်လိုချင် လွန်းလို့ ဗေဒင်ဆရာ ကို အကူအညီ သွားတောင်းသတဲ့ ။

ဗေဒင်ဆရာက ….











အပျိုကြီးရတု.. လက်နှစ်ဖက်နဲ့ နားကို ပိတ်ပြီး ပြေးပါလေရော။


” အစိန္တေယျ အစိန္တေယျ အပ္ပမေယျ အပ္ပမေယျ လေးသင်္ချေနဲ့ ကမ္ဘာတသိန်း … ရှစ်သင်္ချေနဲ့ ကမ္ဘာတသိန်း ” ! ပါတဲ့ ။

တိန် …..



Unicode Font

တခါတုန်းက ရတုသစ္စာ ဆိုတဲ့ အပျိုကြီး တယောက် ….

ယောကျ်ား သိပ်လိုချင် လွန်းလို့ ဗေဒင်ဆရာ ကို အကူအညီ သွားတောင်းသတဲ့ ။

ဗေဒင်ဆရာက ….

” ဒီည သန်းခေါင်ကျော်မှာ ရွာထဲဝင်ပြီး စနည်းနာ ကြည့်ပါ …

တစ် ဂဏန်း အသံကြားရင် ၁ – လ အတွင်း ရမယ်

နှစ် ဂဏန်း အသံကြားရင် ၂ – လ အတွင်း ရမယ် ” … စသဖြင့် အတိတ်ကောက် ပေါ့လေ ။

ဒါနဲ့ အပျိုကြီး ရတုသစ္စာ လည်း စနည်းနာ ထွက်သပေါ့ ၊

ညသန်းခေါင် လူခြေတိတ်ချိန် ဆိုတော့ တရွာလုံး ဟောက်သံက လွဲလို့ တိတ်ဆိတ် နေတယ် ။

ရွာအစွန်နား ရောက်တော့ မှ ….

အဖိုးအို တဦး ဘုရားဝတ် တက်သံလို သဲ့သဲ့ ကြားတော့ ခပ်သုတ်သုတ် ပြေးသွားပြီး နားထောင်တယ် ။

စိတ်ထဲ ကတော့ အပါယ် ၄ – ပါးတို့ ၊ ကပ် ၃ – ပါးတို့ ဆိုတဲ့ အသံ ကြားရရင်တော့ မဆိုးလှဘူး ။

စောင့်ရ သုံး လေး လ ပေါ့ … ဆိုတဲ့ အတွေးလေးနဲ့ ။

အနားရောက်လို့ အသံ ကွဲကွဲပြားပြား ကြားလိုက်ရော …..

အပျိူကြီးရတု.. လက်နှစ်ဖက်နဲ့ နားကို ပိတ်ပြီး ပြေးပါလေရော။

အပျိုကြီး ကြားလိုက် ရတာက …

” အစိန္တေယျ အစိန္တေယျ အပ္ပမေယျ အပ္ပမေယျ လေးသချေင်္နဲ့ ကမ္ဘာတသိန်း … ရှစ်သချေင်္နဲ့ ကမ္ဘာတသိန်း ” ! ပါတဲ့ ။

တိန် …..

ခုတော့ အပျိုကြီး ရတုသစ္စာ တယောက် စစ်ကိုင်းချောင်မှာ ရာသက်ပန် သီလရှင် ဝတ်သွားပါပြီ

သာဓု သာဓု သာဓုပါ … ဆြာလေး ဒေါ်နယ်ရတုရေ …..

Facebook Comments
5K Shares