အေးမြဖြူ ကိစ္စနဲ့ ပက်သက်ပြီး လူမှုကွန်ယက်မှာပျံ့နှံ့နေတဲ့အပေါ် ပွင့်နဒီမောင် ပြန်ရှင်းပြီ

E.T.S

Every Time Story

Celebrity

အေးမြဖြူ ကိစ္စနဲ့ ပက်သက်ပြီး လူမှုကွန်ယက်မှာပျံ့နှံ့နေတဲ့အပေါ် ပွင့်နဒီမောင် ပြန်ရှင်းပြီ

aye87457myaw 1

Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ်

aye87457myaw 1

ပွင့်နဒီမောင်ဟာ ဝါရင့်အနုပညာရှင်သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်….စိတ်ထားကောင်းပြီး ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေက လက်ခံအားပေးကြပါတယ်…ယခုနောက်ပိုင်း MRTV-4 ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်လာပြီး သူမြတ်နိုးတဲ့ အနုပညာလမ်းကို လျှောက်လှမ်းနေသူပါ…။

aye87457myaw 2

လတ်တလောမှာ ပွင့်နဒီမောင်ဟာ Myanmar Idol Season 4 ပြိုင်ပွဲဝင် အေးမြဖြူကို မကြိုက်ဘူးဆိုပြီး ဝေဖန်ထားတဲ့ သတင်းဟာ လူမှုကွန်ရက်စာမျက်နှာမှာ ပြန့်နှံ့နေတာပါ….ဒီလိုသတင်းတွေ ပြန့်လာတာကြောင့် အင်တာဗျူးတစ်ခုကနေ ပွင့်နဒီမောင်က ယခုလို ပြန်လည်ဖြေရှင်းလာခဲ့ပါတယ်…။

aye87457myaw 1

အားလုံးကို အမှန်တရားသိစေချင်တာကြောင့် မီဒီယာတွေကို ဖြေဆိုဖို့ လာခဲ့တာပါဆိုပြီး ပွင့်နဒီမောင်က ဆိုပါတယ်…..အေးမြဖြူကိုကြိုက်လဲမကြိုက်ဘူးကြည့်လဲမကြည့်ရဘူး လာဆဲတဲ့လူတွေကိုလဲတရားဆွဲမယ်ဆိုတဲ့ပို့စ်ကို အနီရောင်ပရိုဖိုင်ပုံနဲ့ တင်ထားတာဟာ သူ့အကောင့်မဟုတ်ဘူးလို့ သူကပြောပါတယ်။ www.everytimestory.com | Every Time Story | E.T.S

aye87457myaw 3

ဒါဟာ အကောင့်အတုဖြစ်ပြီး အဆိုပါအကောင့်တုကနေတစ်ဆင့် ယခုပြောတယ်ဆိုပြီး သတင်းတွေ ပြန့်နှံ့ခဲ့တာလို့ ဆိုပါတယ်…..။ ဒီလိုမျိုးအကောင့်အတုက တင်ခဲ့တာနဲ့ ပတ်သက်ပြီး မိမိတင်တာမဟုတ်ကြောင်းကို ညီမလေး အေးမြဖြူနဲ့ အေးမြဖြူကိုချစ်တဲ့ ပရိသတ်တွေအားလုံး အမှန်တရားကို သိစေချင်လို့ ခုလိုရှင်းပြတာပါလို့ ပွင့်နဒီမောင်က ဆိုခဲ့ပါတယ်…။

aye87457myaw 4

မိမိရဲ့ အကောင့်အစစ်ကိုလည်း မီဒီယာတွေက သိကြပြီး ယခုလို အေးမြဖြူကိုဝေဖန်တဲ့အကြောင်းရေးခဲ့တဲ့သူဟာ အကောင့်အတုသာဖြစ်ကြောင်း အားလုံးကို သိစေချင်တယ်လို့ ပွင့်နဒီမောင်က ရှင်းပြခဲ့ပါတယ်…။ www.everytimestory.com | Every Time Story | E.T.S

aye87457myaw 5

ကဲ…ပရိသတ်ကြီးရေ အေးမြဖြူကို မကြိုက်ဘူးလို့ဝေဖန်ခဲ့တာဟာ ပွင့်နဒီမောင်နာမည်နဲ့ ပြုလုပ်ထားတဲ့ အကောင့်အတုသာဖြစ်တယ်ဆိုတာ ပရိသတ်ကြီးတို့လည်း ခုလောက်ဆို သိလောက်ပါပြီနော်….ပွင့်နဒီမောင်ကိုယ်တိုင်ရှင်းပြထားတဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း အောက်မှာ ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်…။ www.everytimestory.com | Every Time Story | E.T.S

Facebook Comments
313 Shares

Comments are Closed

Powered by M.N.T

313 Shares
Tweet
Share313