အကယ်ဒမီကို voting စနစ်နဲ့ပေးမယ် ဆိုတာနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုလိုက်တဲ့ နေတိုး

E.T.S

Every Time Story

Celebrity

အကယ်ဒမီကို voting စနစ်နဲ့ပေးမယ် ဆိုတာနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုလိုက်တဲ့ နေတိုး

naytoe84747aetic 1

အကယ်ဒမီကို voting စနစ်နဲ့ပေးမယ် ဆိုတာနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုလိုက်တဲ့ နေတိုး

naytoe84747aetic 1

ပရိသတ်တွေချစ်တဲ့ မင်းသားနေတိုးကတော့ သရုပ်ဆောင် ကောင်းသူမို့ မှတ်ချက်ကောင်းတွေပဲ အမြဲတမ်း သိမ်းပိုက်ထားသူဖြစ်ပြီး လက်ရှိမှာအနုပညာအလုပ်တွေဇယ်ဆက်သလိုလုပ်နေရတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

naytoe84747aetic 4

ပရိသတ်တွေသည်းသည်းလှုပ်အားပေးရတဲ့နေတိုးပါဝင်သရုပ်ဆောင်ထားတဲ့ “ချည်”ဇာတ်ကားကြီးဟာလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်မှုအကြီးအကျယ်ရခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။ နေတိုးက မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ အကယ်ဒမီရင်ခုန်သံလေးတွေကိုဖြေကြားသွားခဲ့ပါတယ်။ www.everytimestory.com,Every Time Story,E.T.S

naytoe84747aetic 6

နေတိုးက လက်ရှိအနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီ “ပလန်တွေကတော့ ကျွန်တော်တို့က လာမယ့် လထဲမှာ ရုပ်ရှင်တစ်ကားစရိုက်ဖို့တော့ ရှိတယ်ပေါ့နော်။ ဆက်တိုက်ကတော့ ကားတွေရိုက်ဖို့စီစဉ်ထားတာတော့ရှိပါတယ်”လို့ ပြောပြထားပြီး အကယ်ဒမီရင်ခုန်သံကို “ထွေထွေထူးထူးတော့မရှိပါဘူး။ နှစ်တိုင်းလိုပါပဲ။ ပရိသတ်ရဲ့ ထင်မြင်ယူဆချက်လေးတွေသူတို့ရဲ့ အကယ်ဒမီအပေါ်မှာ အမြင်လေးတွေ မျှော်လင့်ချက်လေးတွေတော့ တဖြည်းဖြည်းနဲ့ နီးကပ်လာပြီပေါ့နော်။

naytoe84747aetic 2

ဒါပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ဒီနှစ်ထဲမှာ အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားထားတယ်ပေါ့နော်။ ပရိသတ်ရဲ့မျှော်လင့်ချက်တွေရှိကောင်းရှိနိုင်တဲ့နှစ်တစ်နှစ်လို့တော့ ကျွန်တော်မြင်ပါတယ်ခင်ဗျ။ကျွန်တော့်အနေနဲ့ကတော့ ထွေထွေထူးထူးမျှော်လင့်ချက်ဆိုတာတော့မရှိပါဘူး”လို့ ဖြေကြားသွားပါတယ်။ www.everytimestory.com,Every Time Story,E.T.S

naytoe84747aetic 3

နေတိုးက ဒီနှစ်မှာ ပရိသတ်တွေအားပေးမှုအများဆုံးရခဲ့တဲ့ နှစ်တစ်နှစ်လို့ ယူဆကြောင်းလည်း “ကားတွေများပါတယ်။ ကားတွေများတဲ့အတွက်ကျွန်တော့်အနေနဲ့ကတော့ ကာရိုက်တာတွေတော်တော်များများစုံတဲ့နှစ်တစ်နှစ်လို့ပြောလို့ရတယ်ပေါ့နော်။ အဓိကကတော့ ကျွန်တော့်ပရိသတ်ဒီဇာတ်ကားတွေပေါ်မှာ ကြည့်ရှုပြီးအားပေးမှုအများဆုံးရခဲ့တဲ့နှစ်တစ်နှစ်လို့ ပြောလို့ရပါတယ်။ ပရိသတ်နဲ့ ကျွန်တော့်ကြားမှာ ကျေနပ်စရာရှိခဲ့တဲ့နှစ်တစ်နှစ်ပါ။ကားတိုင်းလိုလိုကိုတော့ ကာရိုက်တာ ကျွန်တော်နှစ်သက်တယ်ပေါ့နော်။ ဆိုတော့ တော်တော်များများဇာတ်ကားတွေကိုတော့ ကျွန်တော်နှစ်သက်ပါတယ်”လို့ ပြောပြထားပါတယ်။

naytoe84747aetic 4

နေတိုးက ဒီနှစ်မှာ အကယ်ဒမီကို voting စနစ်နဲ့ ရွေးမယ်ဆိုတာနဲ့ ပတ်သက်ပြီး “အကယ်ဒမီကို voting စနစ်နဲ့ ပေးမယ်လို့တော့ မကြားမိဘူးခင်ဗျ”လို့ ဖြေထားပြီး အကယ်ဒမီနဲ့ပတ်သက်တဲ့ ခံစားချက်ကို “အကယ်ဒမီကတော့ နှစ်စဉ်နှစ်တိုင်းကတော့ တစ်နည်းမဟုတ်တစ်နည်းကတော့ လူတိုင်းရဲ့ စိတ်ကြိုက်တော့ ဖြစ်မှာမဟုတ်ဘူးပေါ့။ လွဲချော်တယ်လို့တော့ ကျွန်တော့်အနေနဲ့ မသုံးသပ်ချင်ဘူးပေါ့။ www.everytimestory.com,Every Time Story,E.T.S

naytoe84747aetic 5

အားလုံးနဲ့တစ်ထပ်တည်းဖြစ်လာမယ့် အကယ်ဒမီမျိုးကိုတော့ လူတိုင်းလိုချင်ကြတာပဲပေါ့။ မျှော်လင့်တဲ့အတိုင်းဖြစ်မလာတာကလည်း လောကသဘာဝပဲဆိုတော့ အကယ်ဒမီနဲ့ပတ်သက်ပြီး ထွေထွေထူးထူးဝေဖန်ထောက်ပြစရာတော့မရှိပါဘူး။ ဖြစ်ပေါ်လာတဲ့အပေါ်မှာပဲ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ရမှာပဲပေါ့။ ဒီနှစ်ကတော့ ပရိသတ်နဲ့ တစ်ထပ်တည်းဖြစ်နိုင်ကောင်းတယ်လို့တော့ ကျွန်တော်မျှော်လင့်ပါတယ်”လို့ ဖြေကြားထားပါတယ်။

naytoe84747aetic 6

Every Time Story | E.T.S ပရိသတ်ကြီးရော နေတိုးကို အကယ်ဒမီရစေချင်ကြလား။ နေတိုးရဲ့ ချည်ဇာတ်ကားကြီးကိုရော သွားရောက်အားပေးကြည့်ရှုပြီးကြပြီလား။ မကြာခင်မှာ ရုံတင်တော့မယ့် မြက်နုဇာတ်ကားကြီးကိုရော သွားရောက်အားပေးကြမှာလား။ပြောခဲ့ကြပါဦး။ www.everytimestory.com,Every Time Story,E.T.S

Facebook Comments
521 Shares

Comments are Closed

Powered by M.N.T

521 Shares
Tweet
Share521