ခေတ်ပေါ်ကင်မရာတွေ မသုံးဘဲ ဖုန်းတစ်လုံး နဲ့ ရိုက်ထားတဲ့ ကမ္ဘာ့အဆင့်မှီ မြန်မာရုပ်ရှင်

E.T.S

Every Time Story

Celebrity

ခေတ်ပေါ်ကင်မရာတွေ မသုံးဘဲ ဖုန်းတစ်လုံး နဲ့ ရိုက်ထားတဲ့ ကမ္ဘာ့အဆင့်မှီ မြန်မာရုပ်ရှင်

movie54647myh 3

ခေတ်ပေါ်ကင်မရာတွေ မသုံးဘဲ ဖုန်းတစ်လုံး နဲ့ ရိုက်ထားတဲ့ ကမ္ဘာ့အဆင့်မှီ မြန်မာရုပ်ရှင်

movie54647myh 3

မြန်မာရုပ်ရှင်လောကရဲ့ ကျချိန်လို့ ပြောနိုင်တဲ့ လက်ရှိကာလမှာ မြန်မာဇာတ်ကား ၈၀ ရာခိုင်နှုန်းလောက်က ပေါကားတွေ ဖြစ်နေတာလည်းပါပါတယ်။ ဒါကြောင့် မြန်မာပရိသတ်တွေဟာ ဘဝကို အပျင်းပြေဖို့အတွက် ပေါကားတွေကိုသာ အကောင်းစားအမှတ်နဲ့ ကြည့်ရှုနေရတာလည်း အားလုံးအသိပဲဖြစ်ပါတယ်။

movie54647myh 4

အဲ့ဒီအချိန်မှာ လူငယ်ဒါရိုက်တာတွေ ပေါ်လာပြီးတော့ သူတို့ရဲ့ အတွေးအမြင် နည်းပညာတွေနဲ့ ပေါင်းစပ်ပြီး အကောင်းစား ရိုက်ချက်တွေကြောင့် အချိန်တို အတွင်းမှာပဲ ပရိသတ်ရင်ထဲကို ထိုးဖောက်နိုင်ခဲ့တာကိုလည်းတွေ့ရပါတယ်။

movie54647myh 1

ဒီလို ကုန်ကျစားရိတ်များတဲ့ ရုပ်ရှင်ကားတွေကို အကောင်းဆုံး ကင်မရာတွေရဲ့ ရိုက်ချက်တွေနဲ့ ဖန်တီးခဲ့ကြတာပါ။ အထူးသဖြင့် နည်းပညာ ၊ စက်ပစ္စည်းတွေ မစုံတဲ့အခါမှာ ကိုယ့်မှာ အတွေးအခေါ်ရှိနေပေမယ့် ဘာမှ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အတွေးအခေါ်ရှိနေပြီးတော့ ဖုန်းကင်မရာလေးနဲ့ပဲ Short Film ကို ဖန်တီးနိုင်တဲ့ လူငယ်တွေလည်း မြန်မာနိုင်ငံမှာရှိနေပါတယ်။

movie54647myh 2

သူတို့တွေကတော့ Arkar Production က ဖြစ်ပြီးတော့ ဇာတ်ကားတစ်ခုလုံးကို MobilePhone သာ သုံးပြီး ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ အခုလောလောဆယ်မှာတော့Arkar Production ရဲ့ လူမှုကွန်ရက်စာမျက်နှာ ၁၀ မိနစ်စာ ဖော်ပြထားပြီးတော့ အပြည့်အစုံကိုတော့ ဇန်နဝါရီလ (၁၉) ရက်နေ့မှာ ကန်သာယာ JCGV Cinema မှာ ပြသသွားမယ်လို့ သိရပါတယ်။

movie54647myh 4

သူတို့ တင်ပေးထားတဲ့ ၁၀ မိနစ်စာ တိုက်ပွဲအတွင်းရိုက်ကွင်းလေးကို ကြည့်ပြီးတော့ဇာတ်ကား အစအဆုံးဆိုရင် ဘယ်လို ဖြစ်မလဲ ၊ ခေါင်းစဉ် နဲ့ ရော ဘယ်လို လိုက်ဖက်ညီမလဲဆိုတာတော့ ခန့်မှန်းပေးသွားကြပါဦးနော်.။www.everytimestory.com | Every Time Story | E.T.S

Facebook Comments
289 Shares

Comments are Closed

Powered by M.N.T

289 Shares
Tweet
Share289